အမှားများစွာနဲ့ နောင်တ

2.3K 118 17
                                    

လူအများစု ပြောပြောနေကြတဲ့ အချစ်မှာ မျက်စိမပါဘူးဆိုတဲ့ စကားက ကျွန်တော်တို့လို လိင်တူချစ်မိတဲ့သူတွေအတွက်ကျတော့ မပါဘူးတဲ့လား?

တကယ်ဆို ကျနော် ချစ်ခဲ့မိတာက မိန်ခလေးတယောက်မဟုတ်ဘဲ ယောကျာ်းလေးတယောက်ဖြစ်နေခဲ့တာက ကျနော့်ဘဝကို အဆုံးထိ ဆွဲချသွားမဲ့ အမှားကြီးလား။

                                     Xiao Zhan

............................................................

ဒီနေ့ ရာသီဥတုက သာယာနေတာတောင် ရှောင်းကျန့်ဆိုတဲ့ကောင်က ပေါ်မလာသေးဘူး ။ တခါတလေလေး စောရောက်ရင် ဝမ်ရိပေါ်တို့ အပျော်လုံးစို့ပြီး သေသွားမှာဆိုးလို့လားမသိဘူး။

" ဟိုင်း ရိပေါ် "

ဆံပင်ဘုတ်သိုက်နဲ့ လမ်းလျောက်လာတဲ့ ရှောင်းကျန့်ဟာ သူ့ကို မြင်မြင်ချင်း လက်လှမ်းပြတယ်။ မြန်မြန်လျောက်လာမယ်တော့မရှိဘူး။

"ဟေ့ရောင် မင်းမြန်မြန်လျောက်လာလို့မရဘူးလား လိပ့်ထက်တောင်နှေးတယ် သူများစက်ဘီးလည်း ကပ်စီးအုန်းမယ် နောက်ကလည်း ကျသေး"

ကျနော့် အပြောကြောင့် သူက ပြေးလာပြီး သူ့ရဲ့ ဗီဇအတိုင်း သွားဖြဲပြတယ်။

"ဟီး သွေ့ပုချီ ငါအိပ်ယာထနောက်ကျသွားလို့"

"တက် သွားမယ်"

ရှောင်းကျန့်ဆိုတဲ့ ကောင်က ကျနော့်ရဲ့ ငယ်သူငယ်ချင်း စက်ဘီးစီးသင်ပေးပေမဲ့ လုံးဝ မတတ်။
သူ့အိမ်က ချမ်းသာတဲ့ထဲမှာပါလို့ အိမ်က ကားနဲ့လိုက်ပို့ရင်တောင် အတင်းငြင်းပြီး ကျနော့်ရဲ့ စက်ဘီးနောက်က လိုက်တဲ့သူ။

သူဋ္ဌေးသားတို့ထုံးစံအတိုင်း အိပ်ယာထ အမြဲနောက်ကျလို့ ကျနော့်ကပဲ အမြဲ စောင့်ရစမြဲ။

"ရိပေါ်ရ ညနေကျ ဘယ်သွားစရာရှိလည်း မရှိရင် အိမ်လိုက်ခဲ့ပါလား စာအတူတူ လုပ်ရအောင်"

"ငါမအားဘူးကွ ညနေပိုင်းကျ အချိန်ပိုင်းအလုပ်တခု သွားရအုန်းမယ်"

"မင်းကလေ တခါလာလည်း အလုပ် နောက်တခါလည်း အလုပ် အမြဲအလုပ်ကြီပဲ"

ကောက်သွားပြီဆိုတာ သိပေမဲ့ ကျောင်းရောက်မှ ချော့မယ်လို့ပဲ စဉ်စားလိုက်တယ်။ ကျောင်းရောက်တော့ စက်ဘီးထားတဲ့နေရာမှာ ရပ်လိုက်တော့ ချက်ချင်းပဲ ဆင်းသွားပြီး ထွက်သွားတယ်။

WangXiao One Short CollectionWhere stories live. Discover now