Unicode
တီ-တီ---တီ------------------------
ရှည်လျားတဲ့အသံနဲ့ စက်ခရင်ထက်မှာဖြတ်ပြေးနေတဲ့ မျဥ်းဖြောင့်တစ်ကြောင်း...
အဖြူရောင်ပိတ်စနဲ့ ဖုံးအုပ်ခြင်းခံလိုက်ရတဲ့ ဘဝအတွက် တန်ဖိုးအထားရဆုံးနဲ့ ယုံကြည်အားကိုးရဆုံးသော အစ်ကိုကတော့ သည်းထန်စွာရွာနေတဲ့မိုးရေတွေကြားကနေ ရောက်ရှိလာတဲ့ တစ်ဦးတည်းသော ညီငယ်လေးကိုပင်နှုတ်ဆက်ခြင်းမပြုဘဲ လောကကြီးထဲကထွက်ခွာသွားခဲ့သည်...လွန်ခဲ့တဲ့ ၄နှစ် မိဘ၂ယောက်လုံး မရှိတော့တဲ့နောက် အိမ်စီးပွားရေးကို လက်လွှဲယူကာ ၉နှစ်ကွာတဲ့ ညီလေးကို အလိုလိုက် အကြိုက်ဆောင်ပေးခဲ့တဲ့ တစ်ဦးတည်းသောသွေးသားရင်းချာ အစ်ကိုက မယုံကြည်နိုင်လောက်အောင်ကို ထိုပိတ်စဖြူအောက်မှာ ငြိမ်သက်စွာရှိနေတယ်တဲ့လေ~
အချိန်ဘယ်လောက်ကြာအောင် ရပ်ကြည့်နေခဲ့မိလည်းမသိ...သူနာပြုတစ်ယောက်က နောက်ကျောကိုလာပုတ်ကာ ခေါ်တော့မှပဲ အသိပြန်ဝင်လာခဲ့သည်
*အခုဆုံးသွားတဲ့သူရဲ့ လူနာရှင်လားမသိဘူး?
*ဟုတ်ပါတယ်
*ဒါဆို ဟိုဘက်ကိုခဏလောက်လိုက်ခဲ့ကြည့်စေချင်ပါတယ်
သူနာပြုရဲ့ ခေါ်ဆောင်မှုနဲ့အတူ ရောက်ရှိလာတဲ့နေရာမှာတော့ နောက်ထပ်အဖြူရောင်ပိတ်စတစ်ခုရဲ့လွှမ်းထားခြင်းခံရတဲ့ နောက်တစ်ဦး...
ပြောရရင် ကျွန်တော့်ရဲ့ မရီးတစ်ဖြစ်လဲ အစ်ကိုဖြစ်သူရဲ့ ချစ်လှစွာသောဇနီးသည်လေး.ဘယ်လိုကြောင့် ဒီအရာတွေက သူ့ဆီမှာလာဖြစ်နေခဲ့တာလဲမသိ...သူ့ဘဝရဲ့နောက်ဆုံးကျန်ရစ်သူ မိဘသဖွယ်တန်ဖိုးထားရတဲ့ သူ့ကိုစောင့်ရှောက်ပေးခဲ့ကြတဲ့သူ ၂ ဦးလုံးကို တစ်နေ့တည်းမှာပဲ လက်လွတ်လိုက်ရသည်တဲ့လေ~
သူ့ရဲ့ ၂ယောက်မရှိတဲ့ ထက်မြက်တဲ့ မရီးဖြစ်သူကလည်း မိဘမဲ့တစ်ဦးဖြစ်နေတာကြောင့် ဇာပနအခန်းအနားမှာ ကွယ်လွန်သူ ၂ဦးလုံးရဲ့ ဆွေမျိုးဆိုလို့ သူ၁ယောက်တည်းသာရှိနေခဲ့သည်...
