Blind 🌺 One

9.9K 572 15
                                    

သမုဒယ စံအိမ်တော်.
မန္တလေးမြို့၏ မြို့မျက်နှာဖုံး လူချမ်းသာမိသားစု
ရှေ့နေကြီး ဦးထိန်သာ နှလုံးအထူးကုဆရာဝန်မကြီး
ဒေါက်တာ မြကလျာ တို့ဆိုလျှင်
မသိသူမရှိ ပြီးတော့
သူတို့၏ အသက် ၁၅ နှစ်သာရှိသေးသော
တစ်ဦးတည်းသောသမီးလေး သလင်းရတု
လူအများသိထားကြတာက
ထိုမိသားစုသည် အရမ်းကိုအေးချမ်းပြီး
ပူပင်သောကမရှိ နှစ်လိုဖွယ်ကောင်းတဲ့
မိသားစုတိုင်းအတွက်စံပြမိသားစု
သို့သော်....
လူအများစုမသိသေးသော
သမုဒယစံအိမ်တော်၏ ပူပင်သောကမီးကတော့
သလင်းရတု လေးကမျက်မမြင်တစ်ယောက်

ဟုတ်သည်......
သလင်းရတုလေးသည် အသက် ၆ နှစ်အရွယ်တွင်
အပြင်းဖျားကာ သေမင်းခံတွင်းဝမှပွတ်ကာသီကာ
လွတ်လာသူလေး
ဒါပေမယ့် သူမရဲ့မျက်စိနှစ်ဖက်စလုံးကတော့
ကွယ်သွားခဲ့သည်......
ထိုနေ့ကစ၍ သလင်းရတု လေး
အပြင်လည်းမထွက်တော့
လူအများနှင့်လည်းအဆက်အသွယ်မလုပ်တော့
လောကကြီးနှင့်အဆက်အသွယ်ဖြတ်တောက်ခဲ့သည်

လူအများသိထားတာကတော့
သမုဒယစံအိမ်တော်က သမီးလေးကို
နိုင်ငံရပ်ခြားပို့ထားသည်ဟုပင်....

သလင်းရတု လောကကြီးနှင့်
အဆက်အသွယ်ဖြတ်လာတာ
၉နှစ်ကျော် ၁၀ နှစ်အတွင်းသို့ရောက်တော့မည်
ထိုနှစ်များအတွင်း သူမသည်
လောကကြီးအားအရှုံးပေးထားခဲ့သည်
အမှောင်ကမ္ဘာထဲ တွင်
စမ်းတဝါးဝါးနှင့်အထီးကျန်ခဲ့သည်
သူမဘဝထဲကိုတစ်စုံတစ်ယောက်
မရောက်လာခင်အထိပေါ့

🌺🌺🌺🌺🌺🌺blind 🌺🌺🌺🌺🌺🌺

"အကိုရယ် သမီးလေးကိုဒီအတိုင်းထားလို့တော့
မဖြစ်ဘူးထင်တယ်နော် "

ဒေါ်မြကလျာ၏ တွေးဆဆစကားအဆုံး

"ဟုတ်တယ်မြရေ အကိုလည်း
အဲ့ကိစ္စကိုစဉ်းစားနေတာ သမီးလေးကငယ်သေးတယ်
ဘဝကိုအရှုံးမပေးသင့်ဘူး "

"အကို မြ တို့ဆရာမတစ်ယောက်လောက်
ထပ်ခေါ်ကြည့်ရအောင်
သမီးလေးကိုသေချာဂရုစိုက်နိုင်မယ့်လူမျိုးပေါ့ "

"မြက စိတ်တိုင်းကျတဲ့လူတွေ့ထားလို့လား "

"အို အကိုရယ် ရှိတာပေါ့
မြတို့လတိုင်းသွားလှူနေတဲ့ မျက်မမြင်ကျောင်းမှာ
ကလေးတွေကိုစာသင်ပေးတဲ့ ဆရာမလေးရှိတယ်လေ
သူ့ကိုအကူအညီတောင်းကြည့်ရင်ရမယ်ထင်တယ် "

Blind 🌺Where stories live. Discover now