ကျွန်မအသက် ၁၆ နှစ်ပြည့်တော့မယ်
ပျော်ရွှင်ခြင်းတွေပျောက်ဆုံးသွားတာ
ဆယ်စုနှစ်တစ်ခုပြည့်တော့မည်ငယ်ငယ်ကတည်းကလိုချင်တာမှန်သမျှ
တမ်းတလိုက်ရုံနှင့် ဖြည့်ဆည်းပေးသော
မိဘတွေကြား ကျွန်မက ဘုရင်မတစ်ပါးလိုပါပဲအကောင်းနဲ့အဆိုးဒွန်တွဲနေတဲ့
လောကကြီးကို နားမလည်သေးတဲ့ကလေးဘဝအရွယ်
မှာကံကြမ္မာရဲ့ထိုးနှက်ချက်ကပြင်းထန်လွန်းခဲ့တယ်
ကျွန်မကမ္ဘာအမှောင်ဖုံးခဲ့တယ်ရှင်တို့သိလား အဲ့ခံစားချက်ကို
ရူးမတတ်ပဲ
သူငယ်ချင်းတွေအပြင်မှာဆော့နေတဲ့
အသံတွေကကျွန်မအတွက်ငရဲပဲ
တစ်ခါတစ်လေ ဆုတောင်းမိတယ်
ကျွန်မအကြားအာရုံတွေပါ
ပျောက်ကွယ်သွားပါစေလို့လေ....ကျွန်မအရမ်းကြိုက်တဲ့ ကာတွန်းကားလေး
ညအိပ်ခါနီးတိုင်းမော့ကြည့်နေကျ
ကောင်းကင်ကကြယ်ပွင့်လေးတွေ
မေမေပျိုးထာတဲ့ဥယျာဉ်ထဲကပန်းလေးတွေ
အရာအားလုံး ကအခုအချိန်မှာ
အမှောင်အတိဖေဖေနဲ့မေမေ ခေါ်ပေးတဲ့လူတွေကလည်း
ငွေမျက်နှာအတွက်
ဟန်ဆောင်မျက်နှာဖုံးတပ်ထားကြတဲ့
မကောင်းဆိုးဝါးလိုလူတွေ
ဖေဖေနဲ့မေမေ မရှိတဲ့အချိန်တွေမှာ
ကျွန်မဘဝက ထိုလူတွေလက်ထဲကအရုပ်လိုပဲသူတို့ရဲ့ပြစ်တင်သံတွေက
ကျွန်မဘဝကိုပိုထိုးနှက်နေသလိုပဲ
ထိုအချိန်ကစပြီး ကျွန်မလူတွေကိုကြောက်လာခဲ့တယ်
ကျေးဇူးပြုပြီး ကျွန်မကမ္ဘာကိုထပ်ပြီး
အမည်းမခြယ်ကြပါနဲ့တော့
ပင်ပန်းလွန်းလှပါပြီ.......🌺🌺🌺🌺🌺🌺 blind 🌺🌺🌺🌺🌺
"ဆရာမလေးရောက်လာပြီလား
ကြွပါရှင့် "သမုဒယစံအိမ်တော်၏ သခင်မ
ဒေါက်တာမြကလျာ၏ ဧည့်ဝတ်ကျေပွန်မှုက
ကျွန်မကိုအနေခက်စေသည်"အန်တီရယ် သမီးကို ကြယ်စင်လို့ပဲခေါ်ပါ "
"ကောင်းပါပြီသမီးရယ်
အန်တီအရမ်းစိတ်လှုပ်ရှားနေလို့ပါ
သမီးကြယ်စင်က သမီးလေးရတု ကို
အရင်လိုပြန်ဖြစ်အောင်လုပ်နိုင်မယ်လို့
အန်တီယုံကြည်နေတယ် သမီး
အန်တီတို့ရဲ့မျှော်လင့်ချက်က သမီးကြယ်စင် အပေါ်
အရမ်းကြီးနေမိပြီထင်တယ် အားနာလိုက်တာ "
YOU ARE READING
Blind 🌺