Blind 🌺11

3.5K 304 5
                                    

လေပြေလေးတွေတိုက်နေတယ်
ကောင်းကင်ကြီးကလည်းတိမ်ကင်းစင်နေတယ်
တောင်ကုန်းလေးပေါ်မှာ ဒန်းစီးနေတဲ့ကောင်မလေးကို
လွှဲပေးနေတဲ့နောက်ထပ်ကောင်မလေးတစ်ယောက်
ရှိတယ် သူတို့အပြုံးတွေကလည်း တော်တော်လေးကို
အသက်ဝင်နေတယ်

ဒန်းကိုလွှဲပေးနေတဲ့ကောင်မလေးက
ဒန်းရှေ့မှာဒူးထောက်ထိုင်လိုက်တယ်
စကားတွေလည်းပြောနေကြတယ်.... ငိုနေတယ်
ကောင်မလေးတစ်ယောက်ကငိုနေတယ်...
ဒန်းပေါ်ကကောင်မလေးကမျက်ရည်တွေသုတ်ပေးနေတယ်...
ချစ်ခြင်းတွေအပြည့်ပဲ ....ခန...ငိုနေတဲ့ကောင်မလေးက ကျွန်မပဲ..အဲ့တာဆို ဒန်းပေါ်ကကောင်မလေးက
ဘယ်သူလဲ.... သူ့မျက်နှာကိုမမြင်ရဘူး..

"မမ ကတိတည်ပါစေနော် " တဲ့ ကြားခဲ့ရတဲ့တစ်ခွန်း
တည်းသောစကားပဲ.. ကျွန်မဘာကတိတွေပေးထားခဲ့မိတာလဲ...သူမအသံ အရမ်းရင်းနှီးနေတယ်.
ဟုတ်သားပဲ မနေ့ကကျွန်မနာမည်ကိုအော်ခေါ်နေတဲ့
အသံနဲ့တူသလိုလိုပဲ..

ကတိမတည်ခဲ့တဲ့လူတစ်ယောက်လိုလဲခံစားနေရတယ် ..နာလိုက်တာရင်ဘက်ထဲက
ဘာတွေလဲ....ရူးတော့မယ်ထင်တယ်....

ရုတ်တရက်အိပ်ရာမှလန့်နိုးခဲ့ချိန်
ထိုအိပ်မက်ကပဟေဋ္ဌိ တစ်ပုဒ်လိုကျန်ခဲ့သည်
ထိုမှတ်ဥာဏ်တွေကတစ်စတစ်စနဲ့
ထွက်လာနေသော်လည်း ကျွန်မဆက်ဆက်ပြီးတွေး
လို့မရဘူး အမြဲတမ်းမက်နေတဲ့အိပ်မက်ထဲက
ကောင်မလေးကဘယ်သူလဲ
ကျွန်မနဲ့ဘယ်လိုပတ်သတ်ခဲ့တာလဲ
သေချာတာတစ်ခုကတော့သူမကကျွန်မမှတ်ဥာဏ်
တွေရဲ့အဓိကလူဖြစ်လိမ့်မယ်ထင်တယ်.....

🌺🌺🌺🌺🌺Blind🌺🌺🌺🌺🌺🌺🌺

"မမ! ! "

ကျွန်မဂေဟာလေးထံတစ်ခေါက်ထပ်လာခဲ့သည်
သူမအကြောင်းလေးများတစ်စွန်းတစ်စသိရမလားဟူ
သောမျှော်လင့်ချက်လေးနှင့် ပင်
ကျွန်မဂေဟာကျောင်းအုပ်အခန်းအတွင်းရုတ်တရက်
မြင်လိုက်ရသောကျောပြင်ငယ်နှင့်စကားသံလွင်လွင်
လေးကကျွန်မရဲ့အရှင်သခင်ဖြစ်နေခဲ့သည်
ကျွန်မမမြင်ဖူးခဲ့တဲ့မမက အဲ့လောက်တောင်
ကျက်သရေရှိတာလား
ဟားးး နောက်ဆုံးတော့ ဒီနေ့ကိုရောက်လာခဲ့ပြီ

Blind 🌺Where stories live. Discover now