My baby boo 💛(15)

2.3K 104 28
                                    

💛 My baby boo 💛 Ep.15

မျက်ဝန်းထက်မှာ စိုရွဲနေတဲ့ မျက်ရည်စကလေး ကော့ညွှန့် နေတဲ့ မျက်တောင်လေးတွေ မှာလည်း မျက်ရည်စများစိုရွဲလို့နေ၏ အကြည်ရောင်အရည်အချို့ ပါးပေါ်စီးဆင်းလာသည်

လက်မှာကိုင်ထားတဲ့ သတင်းစာ ရဲ့ထိပ်ဆုံးစာမျက်နှာမှ သားအဖြစ်စွန့်လွတ်ကြောင်း ကြော်ငြာ ထားသည့် သတင်းစာပိုဒ်
ကိုကြည့်ရင်း အသံမထွက်နိုင်တော့အောင်ပင် ဆွံ့အ ခဲ့ရတဲ့ ကောင်လေးတစ်ယောက်

" baby"

baby ဆိုတဲ့ခေါ်သံနဲ့အတူ အနောက်ကနေ ပွေ့ဖက်ခံလိုက်
ရတဲ့ခါးလေး မျက်ရည်တွေကိုအမြန်ဆုံးသုတ်လိုက်တယ်

ကိုယ့်ရဲ့ မျက်ရည်စ တွေကိုသူသာမြင်ရင် စိတ်မကောင်းဖြစ်
မှာသေချာနေတာကြောင့် မျက်ရည်တွေကို မသိမသာသုတ်ပြီး ဟန်ဆောင်ပြုံးနေလိုက်တယ်

" baby နေကောင်းသေးတာလည်းမဟုတ်ပဲနဲ့ဘာလို့အ
စောကြီးထတာလည်း ဗိုက်ဆာလို့လား "

" ခင်ဗျား ပဲအိပ်ပုတ်ကြီးနေတာ နာရီကိုလည်းကြည့်အုန်း "

" အင်းပါဗျာ "

" ဖယ် လွတ်အုန်း "

အနောက်ကနေ အဖက်ခံထားရတာတင်မကဘူး လည်
တိုင်ကိုပါ နမ်းနေတဲ့ Saint

" အား ဖယ်လို့ ခင်ဗျားကလည်း...

စကားတောင်မဆုံးလိုက် ခန္ဓာကိုယ်တစ်ခုလုံးဆွဲလှည့်ခံလိုက်ရတော့နှုတ်ခမ်းချင်းမထိရုံသမယ် နီးကပ်သွား၏

လူကိုစူးစိုက်ပြီးသေချာကြည့်နေတဲ့ saint ကြောင့် perthပင်မျက်နှာလွဲထားရတဲ့အဖြစ် မျက်နှာလွဲထားတာ
တောင် ပါးကိုလက်နဲ့ကိုင်ပြီးသူ့မျက်နှာကိုသေချာကြည့်ခိုင်းတဲ့ ကိုယ်တော်ကြောင့် ကျနော့်အရှေ့မှာရပ်နေတဲ့ saint ကို ကျနော်မရဲမဝံကြည့်လိုက်မိတယ်

❤ ကိုယ်မသိပဲ နေပါ့မလား baby ငိုနေတာကို.... နှစ်
သိမ့်ပေးချင်တယ် baby ကအခုကိုယ့်အပိုင်မို့ baby ရဲ့
မျက်ရည်တွေကို ကိုယ်မမြင်ချင်ဘူး baby ငိုတာမြင်ရင်
ကိုယ်အရမ်းနာကျင်ရတယ် ❤

" baby... "

" P'Saint "

မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ပြည့ှ်နှက်နေတဲ့ ကျနော့်ရဲ့baby လေး

My Baby BooWhere stories live. Discover now