Part..73

1.1K 65 2
                                    


"Hello Boss
Bossကပိုက်ဆံလွှဲလိုက်တာ
သိပ်မြန်တာဘဲခင်ဗျာ
ပိုက်ဆံကရောက်လာပြီဆိုတော့
ကျွန်တော့်ဘက်က တာဝန်ကျေရမှပေါ့
ကျွန်တော် စုံစမ်းထားတာတွေ
ပြီးရင်ပို့ပေးလိုက်ပါမယ်ခင်ဗျာ
ထပ်လုပ်ပေးရအုံးမယ်ဆိုရင်
ကျွန်တော့်ကို ဆက်သွယ်ဖို့မမေ့ပါနဲ့

"အေး ဟုတ်ပြီ
ငါမင်းနဲ့ အလုပ်လုပ်ရတာ
သဘောကျတယ်
လိုရင် ထပ်ဆက်သွယ်လိုက်မယ် "

"စောင့်မျှော်နေပါတယ်ခင်ဗျာ"

ခဏနေတော့
အသည်းအသန်မျှော်နေရတဲ့
Profile ရောက်လာပါပြီ

အရင်ကြည့်မိတာက
ကောင်မလေးရဲ့အလုပ်ဝင်ထားတဲ့
ပုံကိုပေါ့

"သြော် သူက Stylist ဘဲ
ဒါကြောင့် နီးကပ်သွားတာကို
ဒါပေမဲ့ Kim Taeyeon က
ဘာကြည့်ပြီး ကြိုက်သွားတာလဲ
တခါမှ မချစ်ဖူးတဲ့ လူကလဲ
ချစ်သူရှိနေတော့ မိန်းကလေးတဲ့
ငါမထင်ထားတာ ဖြစ်နေတာဘဲ
ငါလုံးဝ သတိမထားမိဘူး
Kim Taeyeon က Gay လား
အဲ့လိုလဲ မဟုတ်လောက်ပါဘူး
သူက အဲ့လိုဆိုအရင်ထဲက
တယောက်ယောက်နဲ့
တွဲနေလောက်ပီပေါ့
ငါအရင်က စုံစမ်းခိုင်းထားတော့လဲ
ဘယ်သူမှ မရှိပါဘူးး....

အရက်တခွက်မော့ချလိုက်ရင်း
အတွေးနယ်ချဲ့ နေမိသည်
ကလေးမ မျက်နှာကို
သေချာတွေ့လိုက်ရတော့
ရင်းနှီးနေသလို ခံစားချက်ကြီးက
ရုတ်တရက်ဝင်လာတော့

"အပြင်မှာ တွေ့ဖူးသေးတယ်ထင်တယ်"

တွေးနေရင်း အတွေးစတခုကို
ဆွဲထုတ်မိသွားသည်

"အော်ငါမှတ်မိပြီ
ဟိုအရင်တခါ Stylist ရွေးတုံးက
အာဒီကောင်မလေးကို
Taeyeon သူကိုယ်တိုင်ရွေးလိုက်တာဘဲ
သူကိုယ်တိုင်
အလုပ်၂ဆလုပ်ပါမယ်ဆိုပြီး
သူငါ့ဆီ ကို
ကတိလာခံသွားတုံးကဘဲ
အဲ့ နောက်ပိုင်းအလုပ်ခိုင်းတာတွေက
၂ဆထက်ပိုများတော့
KimTaeyeon မေ့လဲသွားပြီး
ငါနဲ့တောင် စကားများကြသေး"

"Awwwwနင့်ဇာတ်ကြောင်းက
ဒီလိုပါလား"

....ဟဟဟဟ...........

"နင်ကအစထဲက အကြံညဏ်နဲ့ကို

တော်တော်ညဏ်ကောင်းတာဘဲဟဟ
Kim Taeyeon ဆိုတဲ့
ငါ့ဘဝကို ဖျက်ဆီးသွားတဲ့ ကောင်မ
နင်ဘယ်လောက် အေးဆေးနေနိုင်မှာလဲ"

"ကဲ ကြည့်လိုက်မယ်ကွာ"

Xxxxx

အမှောင်ခန်းထဲမှာ
အောင်းပြီး အရူးလို ရီမောနေတဲ့

နောက်တယောက်က
တခြားလူတော့ မဟုတ်ပါဘူး

အရင်က Kim Taeyeon နဲ့
တွဲခဲ့ဖူးတဲ့ Nickhun ပါဘဲ

Nickhun က သူ့နိုင်ငံကိုလဲသူ
မပြန်နိုင်ဘဲ Taeyeon သတင်းကို
အမြဲနားစွင့်နေပီး
လက်စားချေဖို့ဘဲ တွေးနေတာပေါ့
မကောင်းတဲ့စိတ်တွေ
လက်စားချေဖို့ဘဲတွေးနေတဲ့ စိတ်တွေက
များနေတော့ အပြင်ကိုလဲမထွက်ဘဲ
အခန်းထဲအောင်းပြီး
ဆေးသုံးလက် အရက်သောက်လိုက်နဲ့
Taeyeon ရဲ့ပုံတွေကိုစုပြီး
အခန်းထဲမှာအပြည့်ကပ်ပြီး
ရုးလောက်အောင် ဖြစ်နေပြီလေ
ဒါပေမဲ့ nick ကသု့အတွက်
အပိုင်ဖြစ်မယ့်အကွက်ကိုချိန်ပြီး
စောင့်နေတာပေါ့

"Hak hak Kim Taeyeon ရေ
ငါကလေ
ရူးတော့ ရူးပေမဲ့ မပိန်းသေးဘူးဟ
နင့်အတွက် အပိုင်ကျမဲ့အကွက်လေးကို
ငါစောင့်နေတယ် "

"ဟို စောက်ကောင်မအတွက်ရော
Hak hak .................
ငါ့ပါးကို ရိုက်သွားတဲ့အပြင်
ငါအပီအပြင်ချထားတဲ့အကွက်ကိုပါ
နှစ်ကွက်ကျော် ရိုက်သွားတဲ့ ကောင်မ
နင့်ကြောင့် Kim Taeyeon
လွတ်သွားတာ".....

"နင့်အတွက်ကတော့
အုတ်ဂူ လှလှလေးလုပ်ထားသင့်တယ်လို့
အကြံသွားပေးချင်လိုက်တာဟာ

ဒါပေမဲ့လဲနင်သေတော့မှဘဲ
နင့်အတွက် ငါ ပန်းစည်းလှလှလေး
လာပေးပါမယ်ဟာ... "

.......ဟဟဟဟဟဟ..........

နင်တို့တွေ စောင့်မျှော်နေကြပါ

မထင်မှတ်ထားတဲ့ အချိန်မှာ
မထင်မှတ်ထားတဲ့
Suprise ဆိုတာလေးကို
ငါက လုပ်ပေးမှာမလို့

အခုဆို Kim Taeyeon ကCEO
ဖြစ်သွားပြီတဲ့ 😂😂😂

အမှန်ဆို Taeလေးက ကိုယ့်ရဲ့မယား
ဖြစ်ရမှာလေကွာ😂😂

မင်းအတွက် ကိုယ်အရမ်းနှမြောမိတယ်

Tae ကိုအရမ်းချစ်လို့
မယားကြီးနေရာပေးဖို့
ဆုံးဖြတ်ထားတာကိုကွာ

ကိုယ်က ဘုရင်ဆို
မင်းက မိဖုရားဖြစ်ရမှာ

ဒါပေမဲ့ မင်းလေးက
မာနတွေကြီးပြီး
ရက်စက်တက်တဲ့မိန်းမဖြစ်နေတော့လဲ
ဘယ်တက်နိုင်မလဲကွာ
တခါသုံးဘဲပေါ့ .....ဟဟဟဟ



1093words
အမှားပါရင်တောင်းပန်ပါတယ်
Thz all my Readers

Idol... မ မWhere stories live. Discover now