Part...74

1.1K 80 15
                                    

"CEO Kim Taeyeon ကတော့
Company ကိုသေချာပြန်ပြီး
နလန်ထူနိုင်အောင်
အရင်ကထက်ပိုကောင်းအောင်
စီမံကိန်းတွေဆွဲနေရပြီး
တနေ့တနေ့
အစည်းအဝေးတွေထိုင်ရတာတွေ
ညှိနှိုင်းရတာတွေကြောင့် စိတ်ရောလူပါ
ပင်ပန်းနေပြီလေ". .

"Company ရဲ့လုပ်ငန်းတွေကိုပါ
ထပ်တိုးချဲ့ဖို့ စီစဉ်နေရတော့
လူကတနေ့တနေ့
ခေါင်းတွေခြောက်ရောဘဲ
စီးပွားရေးကို အခုမှ သေသေချာချာ
လုပ်တဲ့အတွက် တချို့နေရာတွေမှာ
အကွက်မမြင်သေးဘူး
အလုပ်လုပ်တာ လိုနေသေးတယ်
ဒါမျိုးတွေကြောင့်

အိမ်ပြန်ရောက်လာတာနဲ့
ပင်ပန်းပြီး တခါတလေ
အိပ်ယာနဲ့ကျောထိပြီး
အိပ်ပျော်သွားတာတောင်ရှိတယ်

အမြဲတမ်းမဟုတ်ပေမဲ့
တချို့သောရက်တွေမှာ
Young ကအနားလာပြီး
ပြုစု ယုယပါတယ်
စောင့်ကြည့်ခံနေရသလို
ဖြစ်နေတဲ့အခြေအနေတွေမှာ
Young က
Tae အတွက်ဆိုအမြဲနားလည်ပေးတယ်
ပြောပြစရာမလိုအောင်
သိနေလွန်းတာကြောင့်
Tae သူ့ကို ကျေးဇူးအရမ်းတင်မိတယ်
ကိုယ့်ကလေးလေးက လူသာငယ်တာ
ရင့်ကျက်လွန်းတာကြောင့်
သူ့အတွက်အမြဲဂုဏ်ယူနေရတယ်
သူက အငယ်ဆိုပြီး မဆိုးဘဲ
ကိုယ်ကသာ သူ့အပေါ်
သဝန်တိုလိုက် စိတ်ကောက်လိုက်နဲ့
သူကတော့ ကိုယ့်ကို
အမြဲနားလည်ပေးတယ်...

သူ့ရင်ခွင်ထဲကြောင်လေးလို
တိုးဝှေ့အိပ်ရတာကို
Tae အရမ်းနှစ်သက်မိတယ်

"Young လေး
မတောင်းပန်ပါတယ်နော်
ကလေးကို အခုတလော
ဂရုမစိုက်မိသလိုဖြစ်သွားခဲ့ရင်
မ Company ဘက်ကိုဘဲ
အာရုံထားနေမိလို့ အဲ့တာ ..

"Stop ဆက်မပြောနဲ့တော့
ကိုယ့် မမ ကိုယ့်ကိုအများကြီးချစ်တာ
Young အသိဆုံးလေ
ဘာကိုမှ တောင်းပန်မနေနဲ့နော်
အလုပ်ကိုသာ စိတ်ဖြောင့်ဖြောင့်လုပ်
ဟုတ်ပြီလား ...

"အချိန်ကျရင်တော့
Young ကြောင့် မက ညတိုင်း
အိပ်ရေးပျက်နေရမှာလေ 😛😛😂...

"ဟာကလေးစုတ်
အကောင်းပြောနေရင်းနဲ့နော်😷😷

"အမယ် ဒါက ရှက်နေတဲ့ပုံစံလေးလား
မချစ်ရတာ ကြာတော့
ကိုယ့်မမက အရမ်းတွေရှက်နေပြီပေါ့😛

"ဟာ Young နော် 😒

"Hee စတာ စတာ
လာအိပ်တော့ "

Young ရင်ခွင်နွေးနွေးလေးထဲ
တိုးဝင်ပြီး အိပ်ရတဲ့ နွေးထွေးမှုလေးက
ကျွန်မအတွက်တော့အရမ်းကို
ပြီးပြည့်စုံလွန်းနေပါပြီ

Xxxxxx

"Hello boss

"မင်းကွာ ကြာလိုက်တာ
ဟိုကောင်မလေးရဲ့ ကိုယ်ရေးရာဇာဝင်
အကုန်သိခဲ့ပြီးပြီလားကွာ...

"သိလို့ ph ဆက်တာပေါ့ဗျာ
ကောင်မလေးက မိဘတွေမရှိတော့ဘူး
တကောင်ကြွက်လေးသူက
အသေးစိတ်ကို ကျွန်တော်ပို့ပေးပါမယ်
ဒါပေမဲ့bossဆီက
ရေကမလာသေးဘူးလေ
ရေမလာတော့ မစိုပြေသေးဘူး
အကုန်စုံစမ်းထားပြီးပြီနော်
အဲ့တော့ရေလာဖို့ဘဲ လိုတော့တာ "

"အေးပါကွာ
ငါပို့ပေးလိုက်ပါမယ်
ပိုက်ဆံရောက်ရင်
ငါ့ကို ချက်ချင်းပို့လက်
ဟုတ်ပြီလား ".

"ဒါပေါ့ဗျာ ကျွန်တော်စောင့်နေမယ်"

Xxxx

"ကောင်မလေးက
တကောင်ကြွက်တဲ့လား
ဘယ်လိုလုပ်ရမလဲ ကွာ
မိဘတွေရှိရင် ချူ ပ်လို့ရတာကို
မိဘတွေမရှိတော့လဲ
Kim Taeyeon
နင်ရဲ့အသည်းမြွှာလေးကိုဘဲ
လုပ်ရတော့မှာပေါ့ "

LSMလဲအရမ်းသိချင်နေတာနဲ့
လက်ထဲမှာရှိတဲ့မြေကွက်အနည်းငယ်ကို
ထုတ်ရောင်းရင်း

ဒီကောင်မလေးအကြောင်းသိပြီးရင်
Kim Taeyeon လဲမြောင်းထဲဘဲ
ငါက အကုန်လိုက်ဖော်တော့မှာမလို့
😂😂😂😂😂😂😂

"Hak Kim Taeyeonရေ
သိပ်မကြာတော့ဘူး
နင့် CEO ဆိုတဲ့နေရာကို
ငါပြန်ယူပြပြီး

နင့်ကို အနုပညာလောကထဲ
ခြေ ချလို့မရအောင်
အရှက်ခွဲပစ်မယ်ကွာ ဟဟဟဟ".....

LSM လဲ လက်ထဲရှိတာတွေ
ရောင်းချပြီး
Kim Taeyeon ကိုတိုက်ခိုက်ဖို့
အသည်းအသန်ဖြစ်နေတာပေါ့..

LSM လဲ ရှိတဲ့ဟာလေးတွေရောင်းချပြီး
၂ရက်အတွင်းပိုက်ဆံလွှဲပေးလိုက်တော့

"Hello ဒီကbossကြီးဆီက
ပိုက်ဆံရပါပြီနော်
ကျွန်တော်ပို့ပေးလိုက်ပါမယ်ခင်ဗျာ

"အေးပို့လိုက်စောင့်ရတာကြာနေပြီ
အလုပ်စဖို့ နှေးနေလို့မဖြစ်ဘူးကွာ

"နောက်လိုအပ်လဲ
ကျွန်တော့်ကို Ph ဆက်ဖို့ မမေ့ပါနဲ့

Xxxx
"ဟဟဟ ရလာပြီ
Kim Taeyeon ရေ

ကဲကြည့်ရအောင်............

မှန်းစမ်း......

Kim Taeyeonရဲ့ချစ်လှစွာသော
အချစ်တော်လေးက ဘယ်ကလာတာလဲ

ဟမ်............ဘယ်သူ


Hwang Jin Hee......

1118words
အမှားပါရင်တောင်းပန်ပါတယ်ဗျာ
Thz All my Readers💗💗

Idol... မ မWhere stories live. Discover now