The people I shouldn't fallen for ~4

4K 357 17
                                    

Unicode ver....

အလန့်​တကြား တအံ့တ​သြ
ဖြစ်​သွား​သော Xaio Zhan​ကြောင့်​

°°°ဘာဖြစ်​လို့လဲ သား°°°
•••သူ 4 နာရီ ထတယ်​•••
°°°ဟုတ်​တယ်​သား သူအသက်​
၁၀နှစ်​ကတည်းက အခုထိပဲ သူ့အကျင့်​
တစ်​ခု ဖြစ်​နေပြီ°°°
•••wow•••

°°°သား အံ့သြ သွားတာလား°°°
•••ဟုတ်​မထင်​ထားလို့ပါ•••
°°°ဟုတ်​မှာပါ ဒီခ​လေး က​လေ~~~°°°

သိမ်​ဝင်​သွား​သော သူမအသံ​ကြောင့်​
ကျွန်​တော်​သိချင်​သ​လောက်​
မ​မေးရဲ​အောင်​တား​နေသလို
တကယ်​ပါပဲ ကျွန်​တော်​ဘာမှ ထပ်​မသိခဲ့

~~~

​ကျောင်းသွားချိန်​ရောက်​တော့

"Ma Ma Pin သားငယ်​ကော"
"Yibo​လေး​ကျောင်းသွားပါပြီ ဆရာ"
"ဘာ!! သူ Xiao Zhanကို​စောင့်​ရမှာ​လေ"
"Yibo​လေးက~~~"
"တစ်​နေ့မသွားလို့ သူ​သေသွားမလို့လား အဲ့​နေရာကို"
"ဆရာ!!"

စကားကျွံ နှုတ်​မရ Mr.Wang​ဒေါသ​ကြောင့်​
သတိမထားမိပဲ​ပြောလိုက်​မိပြီ
Ma Ma Pinက​တော့ မျက်​ရည်​အဝိုင်းသားနဲ့
Mr.Wang ကိုကြည့်​နေ​လေသည်​

Ma Ma Pinက ဒီအိမ်​မှာ​နေတာကြာ​နေပြီ
ဖြစ်​သလို ဒီမိသားစုကိုလည်း အရမ်းချစ်​တော့
တစ်​မိသားစုလုံးက သူ့ကို အ​လေးထားသည်​
Mr . Wang အပါအဝင်​ပေါ့

"Ma Ma Pin သွား​တော့"
Mr . Wang အသံ​လျော့ပြီး​ပြော​လေသည်​

Ma Ma Pin ထွက်​သွား​တော့
"Driver ကို​ခေါ်​ပေးအုံး"

Mr. Wangက အ​စေခံတစ်​ယောက်​ကို
ခိုင်းလိုက်​လေသည်​

Xiao Zhanတို့ သားအမိ​တော့
တစ်​ယောက်​နဲ့ တစ်​ယောက်​ကြည့်​ရင်း
မျက်​နှာက မ​ကောင်းနိုင်​

Mr.Wangက​တော့ သက်​ပြင်းရှည်​ချပြီး
​ခေါင်းကို လက်​နဲ့ ဖိနှိပ်​မိ​လေသည်​

"ဝမ်​ယိ ရှင်​အဆင်​ပြေလို့လား"

Xiao Liက စိတ်​ပူပြီး​မေး​မိ​တော့

"ဘာမှ မဖြစ်​ပါဘူး​ရှောင်​လီ သားကို Driver လိုက်​ပို့လိမ့်​မယ်​ဘာမှစိတ်​မပူနဲ့ သား​ကောပဲ
Yiboကို​ကြောက်​စရာမလိုဘူး ဟုတ်​ပြီလား"

The People I Shouldn't Fallen ForWhere stories live. Discover now