°°ဖေဖေ ကျွန်တော် လာလည်တယ်လေ ဘယ်လိုနေလဲဗျ ဖေဖေ အဲ့မှာ အေးချမ်းတယ်မလား ကျွန်တော် လွမ်းတယ်နော် ဖေဖေသိလား နက်ဖြန်ဆို ကျွန်တော် အိမ်ပြောင်းရတော့မယ် ဖေဖေစိတ်မပူပါနဲ့ သူက မေမေကို ချစ်ရှာပါတယ် ကျွန်တော့်ကိုလည်း ဂရုစိုက်ပါတယ် ဖေဖေ့ကို ချစ်တယ်နော်°°
ကောင်လေးတစ်ယောက် မြေပြင်မို့မို့ကို ပန်းတွေချပေး အရိုအသေပေးရင်း ကျလက်စ မျက်ရည်ကို သုတ်လျက် ထိုနေရာကနေ
ခွဲခွာလေသည်Xaio တစ်ယောက် မခွဲချင်တဲ့ မွေးရပ်မြေကို စက်ဘီးလေးနဲ့ ပတ်ရှု့ပြီး လေအေးတွေ
ခံယူရင်း ရင်တွင်း ဆွေ့မြေ့နေတဲ့
နှလုံးသားကို အပြင်ဘက်မှာသာ
အသာပွပ်သပ်ရင်း ပင်လယ်ထဲ
နစ်မြုပ်တော့မည်ဖြစ်တဲ့ နေမင်းကြီးကို
ကျောခိုင်းလျက် အိမ်ကိုပြန်လာခဲ့လေသည်သူသတိမထားမိတာက နေမင်းကို
မက်နှာမူလျက် ခေါင်းကိုမော့ပြီး မျက်စိမှိတ်
လေညင်းခံနေတဲ့ လူတစ်ယောက်လည်း
ရှိနေတယ် ဆိုတာပါပဲ••မား မားသိလား ပါးက သူ့မိန်းမ အသစ်ကို
အိမ်ပေါ်ခေါ်တင်တော့မယ် ဟား မားသိလား သူ့မိန်းမသစ်မှာ ကျွန်တော် ထက်5 နှစ်ကြီးမားတောင် ကြီးတဲ့ သားလည်း ရှိတယ် တဲ့ မား မားကိုပဲ ကျွန်တော်လိုချင်တာ မားက ဘာလို့ ပြန်မလာသေးတာလဲ ကျွန်တော်လွမ်းတယ်မား မားသိလား ကျွန်တော်လွမ်းတယ်••ထိုကောင်လေး စိတ်ထဲ ရေရွတ်ရင်း မသိသာတဲ့ မျက်ရည်စက်က သူမှိတ်ထားတဲ့ မျက်စပ်ကနေ ကျဆင်းလာလေသည်
သူမျက်လုံးမှိတ်တာရပ်ပြီး ရပ်နေတဲ့ အနေအထားအရ အနီရောက် မျက်ဝန်းတစ်စုံဟာ ကျနေတယ် မျက်ရည်ကိုလည်း မဖယ်ရှားပဲ ရေထဲ အကုန်နှစ်ဝင်တော့မည့် နေမင်းကို စူးစိုက်ကြည့်နေလေသည်
ဒီလိုချိန်မှာတော့ ပင်လယ်ပြင်နဲ့ ကောင်းကင်တစ်ခုလုံးဟာ စိတ်တူကိုယ်တူ အရောင်တူလျက် ခဏသာသော ပျော်ရွှင်မှုကို ဖန်တီးနေလေသည် ညအမှောင်ထု မလာချင်အထိပေါ့
YOU ARE READING
The People I Shouldn't Fallen For
RomanceUnicode ver... မဖြစ်သင့်ဘူး မလုပ်သင့်ဘူး မချစ်သင့်ဘူး မင်းမသင့်တာတွေက အများကြီးပါပဲနော် ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲနော်ဒီနှလုံးသားက မင်းကိုမှ ချစ်နေရတယ်လို့ ငါဘယ်လိုလုပ်ရမလဲ မင်းကိုမချစ်အောင် ငါဘယ်လိုလုပ်ရမလဲ ငါရဲ့နှလုံးသား ဒီမှာ...