တီ တီ ........ မနက်စောစောဘယ်ကဖုန်းကထမြည်နေတာလဲ
အိပ်ကောင်းခြင်းမအိပ်ရအောင်ဘယ်သူလုပ်လိုက်သလဲ
အိပ်ချင်မူးတူးနဲ့ ဘယ်စမ်းလိုက် ညာစမ်းလိုက်တော့မှ တွေ့တဲ့ဖုန်းကိုကောက်ကိုင်လိုက်တယ်
" Perth ငါဖျားနေပြီ "
Sumi အသံကြားတာနဲ့ မျက်လုံးတစ်စုံကချက်ချင်းပွင့်သွား
တာပဲ
" ဟမ် ဘာဖြစ်တယ် "
" နင်ကလည်း ဘယ်နှစ်ခါပြောခိုင်းနေတာလဲ ငါဖျားနေတယ်လို့ အဲ့ဒါကျောင်းကိုခွင့်တိုင်ပေးပါ "
" နင်အဆင်ပြေရဲ့လား ငါအိမ်ကိုလာခဲ့ရဦးမလား "
" ရတယ် ရိုးရိုးအအေးမိတာပါ စိတ်ပူမနေနဲ့ ငါကျောင်းမ
လာနိုင်ကြောင်းလှမ်းပြောတာပါ "
" အင်းပါ ပြန်တက်မယ့်ရက်ဖုန်းဆက်ဦး လာခေါ်မယ် "
" အင်း အင်း ဒါပဲနော် "
Sumi ကျောင်းမလာနိုင်လို့ သူ့ကိုပူပန်နေခဲ့တာ ကျောင်းကို
စက်ဘီးနင်းပြီးလာနေတာလားတောင် ကို့ကိုယ်ကိုသတိမ
ထားမိလောက်အောင် စိတ်လွတ်နေခဲ့တယ်
ထုံးစံအတိုင်း စက်ဘီးနင်းနေရင် သီချင်းလေးကအေးအေး
လေးနားထောင်ပြီးလည်းနင်းနေသေးတယ် အသိစိတ်ကလည်းလေဘုံထဲ လွင့်မျောနေသေးတယ်
" ရှေ့ကကောင် စက်ဘီးကိုဘယ်လိုနင်းနေတာလဲ "
လမ်းကျဉ်းလေးထဲမှာ အေးအေးလူလူသွားနေတဲ့စက်ဘီး
နောက်ကနေလိုက်နေရတာ မြင်ရတွေ့ရတာအဆင်ကမပြေ
တော့ဘူး
" လမ်းကျဉ်းနေလို့ ကျော်ဖို့အဆင်မပြေလို့ပါ သခင်လေး "
" ဟွန်းတီးလိုက် "
" သခင်လေး ဒီနေရာကဟွန်းသံကင်းမဲ့ဇုန်ပါ "
သက်ပြင်းချပြီးသာ ဆက်ထိုင်နေလိုက်တော့တယ် ဒါပေမယ့်
လည်းဘယ်လောက်သည်းခံနိုင်မှာလဲ စိတ်ကအရင်ထဲက
ပေါက်ကွဲတတ်တဲ့သူလေ
" ကျော်လိုက် "
" ဗျာ သခင်လေး လမ်းက ..... "
" ငါပြောတာမင်းနားကန်းနေတာလား ကျော်လိုက်လို့ပြော
နေတယ် "
Saint ပေါက်ကွဲတာကို တစ်ခြားလူကိုတိုက်မိမှာထပ်ပိုကြောက်ရတယ်
Weee ....... ကားကိုအရှိန်နဲ့ကျော်တက်လိုက်တာ
ဝုန်း....... စက်ဘီးကဘေးပလတ်ဖောင်းကိုတိုက်မိပြီးမှောက်
ကျသွားတာပဲ
" ရပ်လိုက် "
အား...... ကားသမားကိုဒေါသထွက်ပြီး " တောက် " ခေါက်
လိုက်မိတယ်
ကားပေါ်ကနေဆင်းလာတဲ့ ဖိနပ်တစ်စုံကိုတော့မြင်လိုက်ပါရဲ့
မျက်နှာကိုမော့မကြည့်မိဘူး သူတောင်စက်ဘီးပိနေတာအနိုင်နိုင်ထရမှာ
" ဟဲ့ကောင် မင်းကားကိုဘယ်လိုမောင်းနေတာလဲ မင်းကန်းနေလား "
စိတ်တိုတိုနဲ့အော်ပြီး မော့ကြည့်လိုက်တော့မှ သူ့ကိုအပေါ်စီး
ကနေမျက်နှာထားခပ်မာမာနဲ့ကြည့်နေတာ မနေ့ကသူတွေ့ခဲ့
တဲ့ကောင်လေး ......
" မင်းက "
" အဲ့စကားကငါမေးရမှာ မင်းကန်းနေတာလား "
" ဘာ "
" နောက်ကနေငါ့ကားလိုက်နေတာတော်တော်ကြာပြီ မင်း
မသိရအောင် အာရုံက ဘယ်ကိုလွင့်နေတာလဲ မင်း ကန်းနေ
လား "
Perth ကတစ်ချက်လောက်ရွဲ့ပြုံးပြီး တစ်ဖက်ကကောင်လေး
ကိုမော်ကြည့်လိုက်တယ်
" ဟုတ်ပါတယ် ငါ့အမှားပါကွာ တောင်းပန်ပါတယ် "
" စက်ဘီးစုတ်နင်းနေတဲ့ ကောင်ကများ မင်းမှားတာသိရင်ပြီးတာပဲ "
Saint ကခပ်ရွဲ့ရွဲ့ပြောပြီး လှည့်ထွက်သွားဖို့ရွယ်လိုက်တယ်
" နေဦး "
သူပြန်လှည့်ကြည့်တဲ့အချိန်မှာပဲ Perth ကသူ့လက်တစ်ဖက်
ကိုကမ်းပေးလိုက်တယ်
သူဘာလုပ်တာလဲလို့တွေးပြီး ကြောင်တောင်တောင်ကြည့်မိ
သွားတယ်
" ဘာကြည့်နေတာလဲ မင်းကြောင့်ငါနာနေပြီ ငါ့ကိုဆေး
ခန်းမပို့ချင်ရင်တောင် ဆွဲထူပေးသင့်တယ် "
" ကို့ဘာသာ ထ "
" ဟေးးး ..... အဲ့လိုမလုပ်နဲ့လေကွာ မင်းယူနီဖောင်းကငါ
နဲ့အတူတူပဲလေ ကျောင်းသားချင်းကူညီသင့်ပါတယ် လုပ်ပါ
ငါမထနိုင်ဘူး ထူပေးပါ "
ဟာ ..... စိတ်ပျက်ဖို့ကောင်းလိုက်တာ သူ့ကိုမှမထူပေးရင်ငါ
ဒီနေရာကနေ သွားရပါ့မလားပဲ
Saint လည်း Perth လက်ကိုဆွဲကိုင်လိုက်တယ်
Saint ကသေချာကြည့်ရင် မိန်းကလေးထပ်သာအောင်ချော
တာ သူ့လက်လေးတွေကပါ နူးညံ့တဲ့အထိအတွေ့ခံစားရတာ
မထူးဆန်းပါဘူး
" လက်ကိုဆွဲပြီးဘာကြည့်နေတာလဲ ကို့အားကိုယ်ကိုးပြီး
လည်းထဦးလေ "
" အင်းပါ မင်းထူတာအားထည့်လေ "
အဲ့လောက်တောင်ဖြစ်ရလားဆိုပြီး အားနဲ့ဆွဲထူလိုက်တာ
တော်တော်အားပြင်းသွားသလားပဲ Perth ရဲ့မျက်နှာကသူ့နား
ကိုအရမ်းနီးကပ်လာတာ မျက်နှာချင်းမကပ်မိရုံ နှုတ်ခမ်းချင်းမ
နမ်းမိရုံတစ်မယ်ပဲ
သူ့ကိုချောတယ်ပဲထင်မိတာ သူ့မျက်နှာက ချောတာမဟုတ်ဘူး လှတာပဲ
Saint ရဲ့အသက်ရှူနှုန်းတွေ ရုတ်တရက်ပြင်းထန်သွားတယ်
တစ်စုံတစ်ယောက်က သူနဲ့မနမ်းမိရုံလေး နီးကပ်နေတာ ဒါပ
ထမဆုံးအကြိမ်ပဲ
အမေတောင် သားကိုယုယုယယယ မထိနမ်းဖူးဘူး
အခုအထိအတွေ့က သူ့အတွက်အရမ်းထိတ်လန့်စေတာထပ်
အရမ်းရင်ခုန်စေတယ်
" မင်းက ချစ်ဖို့ကောင်းတာပဲ "
Perth ကသူ့ရှေ့တည့်တည့်မှာ အပြုံးချိုချိုလေးနဲ့ အဲ့စကားကိုပြောလိုက်တာ ပိုပြီးရင်ထိတ်စေတာ မျက်တောင်တောင်မ
ခတ်နိုင်ဘူး
" ဘယ်အတန်းကလဲ နာမည်ဘယ်လိုခေါ်လဲ ငါမင်းကိုတစ်
ခါမှမတွေ့ဖူးဘူး ငါက Perth ပါ "
သူကရှေ့ကနေစကားတွေ ဆက်တိုက်ပြောနေတော့မှ အသိ
ပြန်ဝင်နိုင်တော့တယ်
ဘာလုပ်ရမယ်မသိတာနဲ့ သူ့ရင်ဘတ်ကို တွန်းထုတ်လိုက်မိ
တယ်
" အား နာလိုက်တာကွာ ဒါလေးမေးတာ ဘာဖြစ်လို့လဲ "
Saint ကချက်ချင်းကိုထွက်ပြေးပြီး ကားထဲဝင်ထိုင်လိုက်တယ်
" ဟော ပြေးသွားပြန်ပြီ သူဘာဖြစ်တာလဲ "
" မောင်းတော့ မြန်မြန် "
" ဟုတ်ကဲ့ သခင်လေး "
ကားကိုအမြန်သာမောင်းခဲ့ပေမယ့် စိတ်ကိုတော့ မပြတ်သား
နိုင်လို့တစ်ခါလောက်တော့ နောက်ကိုလှည့်ကြည့်ခဲ့မိတယ်
" အဆင်ပြေရဲ့လား သခင်လေး "
" ဟင် ပြေပါတယ် "
ကျောင်းခန်းထဲကိုဝင်လာတာ ထော့နဲ့ထော့နဲ့နဲ့
" ဟေ့ကောင် Perth မင်းဘာဖြစ်လာတာလဲ "
" ကားတစ်စီးပါ တိုက်မိမလိုဖြစ်သွားလို့ "
" ဟာ အဲ့ဒါ မင်းပြသနာမရှာခဲ့ဘူးလား ကားသမားကဘာ
မှမလုပ်ပေးဘူးလား "
" ငါလည်းအစကအော်မလို့ပဲ ဒါပေမယ့် ငါမလုပ်ရက်တော့တာ "
Perth ကပြုံးပြုံးလေးပြောပြီး သူ့ခုံမှာထိုင်လိုက်ပေမယ့် မေးတဲ့သူငယ်ချင်းကတော့ ခေါင်းလေးကုတ်ပြီးကျန်ခဲ့လေရဲ့
သူဘာကိုပြောသွားတာလဲ ......
" ဆရာမ လာပြီ "
ဒေါက်ဒေါက် ..... ဆရာမက Board ကိုတုတ်နဲ့နှစ်ချက်လောက်တီးခေါက်လိုက်တယ်
" အားလုံးငြိမ်ကြစမ်း ..... ဒီနေ့ကျောင်းကိုပြောင်းလာတဲ့
ကျောင်းသားသစ်ရှိတယ် ဝင်ခဲ့လေ "
မြင်လိုက်ရတော့မှ ဒါကျွန်တော်တို့ရေစက်ရှိလို့ဆုံရတာလား
ချက်ချင်းပြုံးမိသွားတယ် သူနဲ့အမှတ်မထင်တွေ့ဆုံခဲ့တဲ့
ကောငိလေးက အတန်းပြောင်းကျောင်းသားသစ်တဲ့လား
ပြီးတော့ ဒီအခန်းကိုမှ ပြောင်းလာရသလား
" သူ့နာမည်က Saint Suppapong ကျောင်းသားသစ်ကို
ကြိုဆိုလိုက်ပါ သား ဟိုနားက Perth ဘေးမှာခုံလွတ်တယ်
သွားထိုင်လိုက် "
Perth ..... အဲ့နာမည်ကြားလို့ဆရာမပြတဲ့ နေရာကိုကြည့်လိုက်မိတယ် မယုံနိုင်စရာ
Perth ကသူ့ကိုပြုံးပြီး ထိုင်ကြည့်နေတာ လက်တစ်ဖက်တောင်ပြလိုက်သေးတယ်
" Saint တဲ့လား ...... ကြိုဆိုပါတယ် ကောင်လေး "
ဘာလို့လဲ ဘာလို့ သူဖြစ်နေရတာလဲ
the end
