အပိုင်း ( ၂ )

228 27 3
                                    


ဒီ​နေ့ ​ကျောင်းပိတ်​ရက်​မှာ
မိဘမဲ့​ဂေဟာ​လေးတစ်​ခုဆီသွားဖို့
ကိုးလ်​တို့ သူငယ်​ချင်း​တွေ ချိန်းထားကြသည်​။

ရန်​နိုင်​​ဇော်​ ၊ မာလာနွယ်​ ၊ နှင်းသီရိ​မေ တို့သည်
ကိုးလ်​ University စတတ်​မှခင်​​သော
သူငယ်​ချင်း​တွေဖြစ်​သည်​။

နေ​ရောင်​နဲ့က ​မေဂျာမတူတာမို့ သူလည်း
သူအဖွဲ့နဲ့ သူပင်​ ။

ကိုယ်တိုင်​​ကား​မောင်း၍ သူငယ်​ချင်း​တွေရဲ့
အိမ်​ရှိရာထွက်​လာလိုက်​သည်​ ။

အိမ်​မှာလဲ မ​နေချင်​ ။

ဖေ​ဖေ နဲ့ ​မေ​မေ က ပြင်​ဦးလွင်​ သို့ သွားကြတာမို့
အိမ်က ​ခြောက်​ကပ်​ကပ်​ ဖြစ်​​နေသည်​ ။

သူငယ်​ချင်း​တွေကို ဝင်​​ခေါ်ပြီး မိဘမဲ့​ဂေဟာ​လေးဆီ ဦးတည်​လိုက်​သည်​ ။

' ဟဲ့ကိုးလ်​ ​နေ​ရောင်​​ရော မပါဘူးလား ...'

' သူက သူ့​ကောင်​မ​လေးနဲ့
ရုပ်​ရှင်​သွားကြည့်​မလို့တဲ့ ...'

မာလာ့အ​မေးကို ​ဖြေသာ​ဖြေလိုက်​ရတယ်​ ။
စိတ်​က ​နေ​ရောင့်​ဆီမှာသာ ​ရောက်​​နေသည်​။

' ​နေ​ရောင်​လဲ​လေ ရည်းစား​တွေများလိုက်​တာ ...'

' များမှာ​ပေါ့ မာလာရဲ့
နေ​ရောင်​က ဆွဲ​ဆောင်​မှုရှိတာကိုး
ငါတောင်​ သူ့ကို သ​ဘောကျတယ်​ ...'

သီရိမ က ဖုန်း​လေးသုံးရင်း မာလာ့ကို
ဘွင်းဘွင်းသာ ​ပြောချလိုက်​သည်​။

သူမ နဲ့ မာလာက ဆန့်​ကျင်​ဘက်​ ။

မာလာက မြန်​မာဆန်​သည်​။
နူးညံ့ သိမ်​​မွေ့ပြီး စကားဆယ်​လုံးပြည့်​​အောင်​​တောင်​ သိပ်​​ပြောတာမဟုတ်​ ရိုးလဲရိုးသည်​ ။

သီရိက
တစ်​ခြားမိန်းက​လေး​တွေလို
နူးညံသိမ်​​မွေ့တဲ့ မိန်းက​လေးမျိုးမဟုတ်​၊
ခေတ်​​ရေစီး​ကြောင်းအလိုက်​​နေပြီး
စကား​ပြောလဲ ပွင့်​လင်းသည်​။

' နင်​မကြိုက်​တဲ့လူ​ရော ကျန်​​သေးလား
ရှောင်​​ကောင်​​ကောင်​​တွေ​​ရော ၊ အိုးပါး​တွေ​ရော
အဘိုင်​​တွေပါမကျန်​ ကမ္ဘာ​ပေါ်မှာရှိတဲ့ အဆင်​​တွေအကုန်​လုံးနင်​ ကြိုက်​တာ​တွေချည်းပဲ ...။ '

You've reached the end of published parts.

⏰ Last updated: Sep 15, 2019 ⏰

Add this story to your Library to get notified about new parts!

ကောင်​​လေးတစ်​​ယောက်​ကို ချစ်​မိခြင်းWhere stories live. Discover now