အပိုင်း ( ၁ )

498 24 2
                                    


ငှက်​က​လေး​တွေရဲ့ ​တေးသီသံနဲ့အတူ
မနက်​ခင်း ​နေ​ရောင်​ခြည်​သည်
မှန်​ပြတင်း လိုက်​ကာကြားမှ
တဆင့်​ အခန်း​လေးထဲသို့
တိုး​ဝှေ့၍ လာသည်​ ။

အခန်းထဲကကုတင်​​ပေါ်တွင်​ ဖက်​လုံး​လေးကို
ခွဖက်​ရင်း နှစ်​ခြိုက်​စွာ အိပ်​​ပျော်​​နေတဲ့
ကောင်​​လေးတစ်​​ယောက်​ ...။

ထိုစဉ်​ ...

( ​ဒေါက်​ ...​ဒေါက်​ ​ဒေါက်​ )

အခန်းတံခါး ​ခေါက်​သံနဲ့အတူ
' သားငယ်​ရယ်​ ကိုးလ်​​လေး ထပြီလား '

တီ​လေးရဲ့ချိုသာတဲ့အသံကိုကြား​သော်​လည်း
ကိုးလ်​ မထချင်​​သေးတာမို့ ဆက်​​မှေး​နေလိုက်​သည်​။

ညဆိုလည်း ​စော​စောမအိပ်​ ၊
မနက်​ကြရင်​လည်း လုံးဝမထချင်​ ...
ဒီလိုနဲ့ ကြာရင်​ ပန်​ဒါ​လေးဖြစ်​​တော့မယ်​ ။

' ...​ဒေါက်​ ​ဒေါက်​ ...'

' အာ ...တီ​လေးကလည်း
အ​စောကြီးရှိ​သေးတာကို... '

' ဟဲ့​ကောင်​​လေး ​နေဖင်​ထိုး​နေပြီ​နော်​ ၊
နာရီကိုလည်း ကြည့်​ဦး ...'

ဟုတ်​ပါရဲ့ ။ တီ​လေး​ပြောမှ မျက်​လုံးအသာဖွင့်​ကာ
တိုင်​ကပ်​နာရီအား လှမ်းကြည့်​​တော့ ၉နာရီခွဲ ​နေပြီ။

' သားငယ်​ ... ပြန်​အိပ်​​နေတာလား ၊
မြန်​မြန်​ဆင်းလာခဲ့​နော်​ ၊ တီ​လေး
လက်​ဖက်​ရည်​​ဖျော်​ထားမယ်​ ...'

' ဟုတ်​..'

ဆက်​​မှေးလို့လဲမရ​တော့ တီ​လေးက
မထမချင်း ပူညံပူညံ လုပ်​​တော့မှာ ...

ကျောင်းပိတ်​လို့ ​အေး​ဆေးအိပ်​ပါတယ်​ဆိုမှဗျာ
ဟွန်း အပျိုကြီး​တွေ တစ်​ကယ်​ဆိုးတယ်​ ...။

' ဝါး '

သန်း​ဝေကာ အိပ်​ယာမှထထိုင်းရင်း
လက်​နှစ်​ဖက်​ကို ဆန့်​တမ်း၍
အပျင်းလိမ်​လိုက်​သည်​။

မျက်​လုံး​တွေက မဖွင့်​ချင်​​သေး​သော်​လည်း
ဗိုက်​ထဲမှာဆာလွန်းလို့ တစ်​ဂြီဂြီ ​အော်​​နေပြီ​လေ။


ခေါင်းအုံး​ဘေးမှာ ညက ​မှောက်​ထားတဲ့
ဓာတ်ပုံ​​​လေးကို ကိုင်​ကာ စားကြည့်​စားပွဲ​ပေါ်
တင်​လိုက်​သည်​။

ကောင်​​လေးတစ်​​ယောက်​ကို ချစ်​မိခြင်းWhere stories live. Discover now