🖤1🖤

969 55 8
                                    

Kim Taehyung' pov~~~

''Kim Taehyungggggggg....."

နားနားကပ်ကာ ခုနစ်အိမ်ကြား ရှစ်အိမ်ကြားအသံနက်ကြီးဖြင့် သူ့၏နာမည်အပြည့်အစုံကို အခေါ်ခံလိုက်ရသည် Kim Tae လေးတစ်ယောက်မှာ အိမ်မက်ထဲမှဖမ်းလက်စလိပ်ပြာလေးအား ယောင်၍လွတ်မိသည် အထိလန့်သွားခဲ့ရသည်....

"အမလေး....Jimin ငုံးမို့လို့ လာအော်နိုးနေတာလား😑"

ကုတင်ဘေးတွင် ခါးထောက်ကာ လူမိုက်ပုံဖမ်းပြီးနေနေသော မူကြိုကလေးသာသာရုပ်လေးနှင့် Park Jiminလေး...ထွက်လက်စဒေါသများ ပိုးတိုးလာခဲ့ရသည်...

"ငုံး????ဟုတ်လား....ကျောင်းနောက်ကျနေတာတောင် မသွားသေးဘဲ မင်းကိုနှိုးပေးတဲ့ စေတနာရှင်ကြီးကို ငုံးတဲ့လား...မျောက်ရဲ့"

စေတနာရှင် Park Jimin ကြီး၏ ငိုသံပါစကားကြီး အဆုံး Taehyung တစ်ယောက် နံရံပေါ်က နာရီကိုကြည့်မိတော့..

"What?????? 9:30 ဖြစ်နေပြီလား....အား...ဒီနေ့ထပ်နောက်ကျရင် ဆရာ Namjoon သတ်တော့မယ်🤧"

ပါးစပ်ကလည်း အော်ချင်ရာအော်ကာ ရေချိုးခန်းထဲပြေးဝင်သွားသော မျောက်ကောင်....

ဒါတောင် ရေချိုးခန်းထဲရောက်မှ အော်ပြောပြန်သေးသည်...

"စေတနာရှင်ကြီး Jimin ရေ....လွယ်အိတ်ထဲ စာအုပ်ထည့်ပေးပါဦး...."တဲ့...

ဘယ်လောက် ချစ်ဖို့ကောင်းပြီး သောက်မြင်ကတ်ဖို့ကောင်းတဲ့ သူငယ်ချင်းများလဲ~~~

အင်းလေ....Jiminnneလေးတို့က ရုပ်လေးချောသလိုစေတနာလည်းကောင်းတော့လည်း လုပ်ပေးလိုက်ပါမယ်လေ ~~~ :33

<3 <3<3<3<3<3<3<3<3<3<3<3<3

Kim Tae လေးဟာ ထုံးစံအတိုင်း အတန်းနောက်ကျလို့ အတန်းထဲမ၀င်ခင်ကတည်းက သူ့ရဲ့အားသာချက်လေးဖြစ်တဲ့ Boxy smileလေးကို မျက်နှာလေးထက်တပ်ဆင်ထားလေရဲ့~~~~

ကလေးလေးလို့ ချစ်ဖို့ကောင်းကျတဲ့ သူငယ်ချင်းနှစ်ယောက်ကို တစ်ကောင်းလုံးက ဆရာ/ဆရာမတွေ အကုန်ကချစ်ကြပေမယ့် သူတို့ ဆရာ Joon ကတော့ စည်းကမ်းပိုင်းနှင့်ပတ်သတ်လာလျှင် ညှာတာတတ်သူမဟုတ်.....

ထို့ကြောင့်လည်း တစ်လမ်းလုံး စေတနာရှင်ကြီးဖြစ်လာခဲ့သော Park Jimin လေးမှာလည်း ယခုတွင် Kim Tae လေး အနောက်၌ မျက်စိသူငယ်နားသူငယ်ပုံလေးနှင့်~~

"Taehyung....ဆရာက အပြစ်ပေးမှာနော်..."

"ဟာ...Jiminnie ကလည်း ဆရာက စည်းကမ်းကြီးပေမယ့် ငါတို့ကိုတော့ချစ်ပါတယ်ကွ..."

"အင်းနော်....ဆရာ အဲ့လောက်တော့ အပြစ်ပေးမှာမဟုတ်လောက်ပါဘူး..."

တွေးတွေးဆဆလေးပြောနေသော Jimin အား ဒါပေါ့ကွဟုသာထောက်ခံနေသော်လည်း Kim Tae လေးမှာ ဆရာ Joon စိတ်ကြီးခြင်းကိုလက်တွေ့ကျကျသိသူဖြစ်သည်...

အိမ်စာမပြီးသေး၍ စာအုပ်ကျန်ခဲ့လို့ ဘာညာနှင့် တစ်ပါတ်တိတိလိမ်ထားခဲ့၍ သူ့မက်မွန်သီးအား ကြိမ်လုံးနှင့် အဆော်ခံဖူး၍ သိနေခြင်းပင်~~~

တွေးရင်နှင့် Kim Tae တစ်ယောက် မက်မွန်သီးကြိမ်းလာပြန်သည်....

"ဆရာ~~''

အနောက်မှ Jimin ၏ အသံကြောင့် အရှေ့ကိုသေချာကြည့်မိတော့ သူ့တို့ဆီလျှောက်လာနေသော ဆရာ Joon...

Kim Tae လေး မက်မွန်သီးတွေ ကြိမ်းနေပြီနော်...

~~~~~~~~~~~~~~~~~~~~~~~

ကတိမတည်မိတာတောင်းပန်ပါတယ်နော်😭 Updateတော့လည်း တိုတိုလေးဆိုတော့ စိတ်ဆိုးလည်း အဆိုးခံပါ့မယ်လို့💔
သေချာတာကတော့ နောက်တစ်ပိုင်းကိုရှည်ရှည်လေးနဲ့ မပေါ့အောင်ရေးပေးပါ့မယ်နော်😁 အခုမှစရေးတော့ လိုတာလေးတွေ ပြောသွားပေးကျပါနော် ဒါဆိုနောက်ကိုပြင်ရေးပေးလို့ရအောင်ပါနော် 🥺

I Purple You 💜

#TA

D.A.D.D.Y(KookV)Where stories live. Discover now