ကျင့်သားရနေတဲ့ မျက်လုံးတွေကြာင့်
Baekhyunအိပ်ပျော်နေရာကနေ..
တဖြည်းဖြည်းနိုးထလာရသည်။ဒါပေမဲ့ ကိုယ့်ဘေးဘီကိုကြည့်မိရာ
အရမ်းမှောင်နေတာပဲ..။မိုးမလင်းသေးတာလား..
ကုတင်ဘေးခုံလေးပေါ်က နာရီကိုကြည့်လိုက်တော့
မနက်10နာရီတောင်ထိုးတော့မည်။..ထိုအခါမှ သတိကပ်မိတာက..
Chanyeolက အိပ်ရင်အခန်းလိုက်ကာတွေ
အကုန်ဆွဲချပြီးအိပ်တတ်သူ...
ဒါကြောင့် မနက်မိုးလင်းလို့လင်းမှန်းလည်း
မသိဖြစ်နေရတာထင်သည်။စောင်အောက်က
ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးအား
အမိအရပွေ့ဖက်ထားကာ...
ကိုယ့်လည်ပင်းနေရာကိုပါ ခေါင်းတိုးဝင်ပြီး
အိပ်မောကျနေတဲ့Chanyeolကြောင့်
Baekhyunနေရာကတောင် မရွေ့ရဲ...။ဒါပေမဲ့လည်း...
တကိုယ်ရေသန့်ရှင်းရေးလုပ်ရန်
ထမှတော့ဖြစ်မည်။ကိုယ့်ခါးပေါ်က လက်တွေအား
ဖြည်းဖြည်းချင်းဖယ်ကာ
အနေအထားကိုနည်းနည်းရွေ့ကြည့်တော့...
အောက်ပိုင်းနေရာက နာကျင်လာတဲ့ခံစားမှုကြောင့်
ပြန်ငြိမ်နေလိုက်ရသည်။အသက်ပြင်းပြင်းရှူရင်တောင် နာကျင်တယ်ဆိုတာ
ဒီလိုမျိုးဖြစ်လောက်မည်။"အာ..Chanyeol''
အိပ်နေရာကနေ ကိုယ့်ခါးကို
ပိုပြီးတင်းကြပ်စွာ သိမ်းဖက်လိုက်တာကြောင့်
Baekhyunညည်းညူနေမိတော့သည်။"hyung.. ''
အိပ်မှုန်စုံမွှားနဲ့နိုးလာပြီး...
ကိုယ့်နဖူးကို နှုတ်ခမ်းနဲ့ဖိကပ်နမ်းကာ
မျက်နှာကိုလာကြည့်နေတဲ့ Chanyeolကြောင့်
Baekhyunရဲ့နေရခက်မှုက
နှစ်ဆပင်တိုးသွားခဲ့ပြီ။"Morneee''
ထပ်ပြီး နားရွက်အနောက်နေရာတွေကိုပါ
နမ်းရှိုက်လာတဲ့ နှုတ်ခမ်းတွေကြောင့်
လူက ဘာလုပ်ရမှန်းပင်မသိတော့...။"တကယ်ကိုချစ်ဖို့ကောင်းတယ်..သိလား...''
နားနားကပ်ပြီးပြောလာတဲ့စကားကို
Baekhyunသဘောကျနေမိသလိုဖြစ်နေရသည်။
ရင်ဘတ်တစ်နေရာထဲကို
တွားသွားကောင်ငယ်တစ်ကောင် ဝင်ရောက်နေသလိုမျိုးလည်း ခံစားနေရလေသည်။
YOU ARE READING
ကလေးအထာ
FanfictionEverything is better with you Everything has been better since you Mpreg