"မောင့်သဘောပဲ...ငါ့ကိုချီတော့လေ...''..
မျက်လုံးအဝိုင်းသားနဲ့
ကိုယ့်ကိုမယုံနိုင်သလိုကြည့်နေတဲ့Chanyeolကို
Baekhyunခပ်ပါးပါးလေးပြုံးပြလိုက်သည်။ထို့နောက်တွင်တော့...
မျက်ရည်တွေဝေ့ဝဲနေတဲ့ ကောင်လေးရဲ့နဖူးပြင်ကို
အနမ်းဖွဖွပေးအပ်ရင်း..."ဘာကိစ္စမျက်ရည်ဝဲရသလဲ...''
Baekhyunစကားတစ်ခွန်းတိုင်း..
အပြုအမူတိုင်းမှာ
Chanyeolရင်ထဲ တရှိန်းရှိန်းအေးလာရသည်။Baekhyunကတော့
Chanyeolရဲ့မျက်ရည်တို့ကို သုတ်ဖယ်ပေးကာ
ခပ်နက်နက်လေးစိုက်ကြည့်နေလိုက်သည်။"ကျွန်တော့်ကို
ပိုပြီးအဆိပ်တက်အောင် လုပ်နေတာလား...ဟုတ်လား..
မောင်တဲ့လားဗျာ...အား.. ရူးတော့မယ်... ''Chanyeol သူ့အရှေ့က
ကိုယ်လုံးသေးသေးလေးကို
အားနဲ့ စိတ်ရှိလက်ရှိပွေ့ဖက်ထားလိုက်တော့သည်။ချစ်လွန်းလို့..အသည်းယားလွန်းလို့..
ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရတယ်ဆိုရင်
ပိုတယ်မထင်ကြစေလို...။"ကျွန်တော့်ကိုချစ်လာခဲ့ပေးလို့
တကယ်ကိုကျေးဇူးတင်တယ်..သိလား..
လက်ထပ်ပြီးတဲ့အချိန်တည်းက
ဘယ်လောက်မျှော်လင့်လိုက်ရလဲ..''Chanyeolသည် Baekhyunပါးပြင်တို့အား
လက်နှစ်ဖက်နဲ့အုပ်ကိုင်ရင်း...
စုချွန်ချွန်လေးဖြစ်နေတဲ့နှုတ်ခမ်းလေးအား
သူ့နှုတ်ခမ်းနဲ့ ထိကပ်လိုက်သည်။Baekhyunဟာ Chanyeolအတွက်တော့
ကြွေရုပ်ကလေးလိုပဲ...
တန်ဖိုးထားပြီး မြတ်နိုးရလွန်းတယ်.."ငါ့စိတ်ကိုငါသာပိုစောပြီးသိခဲ့ရင် ကောင်းမှာ။
မင်းအရမ်းခံစားခဲ့ရမှာပဲ၊ ငါလေ......''ဆက်ပြောဖို့လုပ်ပေမဲ့
Baekhyunရဲ့နှုတ်ခမ်းတွေပေါ်သို့
Chanyeolလက်ညှိုးက ဖွဖွတင်လာခဲ့သည်။"ရှူး... အရင်ကအကြောင်းတွေမပြောကြေး...''
Chanyeol Baekhyunကိုယ်လုံးလေးအား
ပွေ့ချီလိုက်တော့ မျက်နှာလေးနီရဲကာဖြင့်..
သူ့လည်ပင်းပေါ်သို့
သွယ်ချိတ်လာတဲ့လက်ကလေးတွေ။
YOU ARE READING
ကလေးအထာ
FanfictionEverything is better with you Everything has been better since you Mpreg