Zawgyi
ကျွန်တော်...ကျွန်တော့အတိတ်ဘဝကိုရုတ်တရပ်မှတ်မိလာတယ်။
အရင်ဘဝတုန်းက ကျွန်တော်ဟာ ဂျပန်မှာမွေး ဂျပန်မှာကြီးတဲ့ သာမန်လူတစ်ယောက်ပါပဲ။ ကျောင်းဆင်းပြီးကတည်းက အမြဲအလုပ်တွေနဲ့ရှုပ်နေခဲ့လို့ ဘဝကိုပျင်းခြောက်ခြောက်နဲ့ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်အမြဲတွေးမိခဲ့တာက 'တစ်နေ့ကျရင်ငာ မြို့နဲ့ဝေးရာ တောရွာမှာပဲ ကိုယ့်ခြံကိုယ်ယာလေးနဲ့ပဲ နေကိုနေရမယ်။ ဘဝကိုအပူအပင်မရှိ အေးအေးဆေးဆေးနေချင်တယ်'ဆိုတာပါပဲ။
ဒီအတွေးကိုအကောင်ထည်ဖော်ဖို့ နောက်ဆုံး ကျွန်တော်အလုပ်ထွက်ခဲ့တယ်။ ဘိုးဘွားတွေနေခဲ့တဲ့ရွာလေးမှာပြန်နေပြီး တနေ့လယ်လုပ်ရင်း တောဝက်ခွေ့လို့ ဘဝကိုတိုတိုလေးနဲ့အဆုံးသတ်ခဲ့ရတယ်။ တောရွာလေးမှာဖြတ်သန်းခဲ့ရတဲ့အချိန်ကလဲ အိမ်မက်လိုပဲ ခဏပဲကြာတယ်။ ကျွန်တော် သိပ်အားမရခဲ့ဘူး....
ခုတော့ ဒီဘဝကျတော့... အိုင်စင်ဘဲလ်နိုင်ငံရဲ့ဒုတိယမင်းသား အိုင်နဲ လုယုဘဲလ် အနေနဲ့ဝင်စားတယ်။ ပြီးတော့လဲ ပထမမင်းသားနဲ့တတိယမင်းသားတို့ ထီးနန်းလုတဲ့ကြားထဲမှာလဲ ဝင်ပါနေတယ်။
အကိုနဲ့ညီလိုမထက်မြက်တော့ အပြိုင်ထီးနန်းလိုချင်တာနဲ့ မမီတဲ့ဥာဏ်နဲ့ တိုင်းပြည်ရဲ့အတွင်းရေးအချက်အလက်တွေ၊ စည်းကမ်း၊ ဥပဒေတွေကို အသကုန်လေ့လာရင်း မနိုင်ဝန် ထမ်းမိလို့အလုပ်တွေပိပြီး မူးလဲမေ့မြောသွားခဲ့တယ်။
ခုသတိရလာကာမှ အရင်အတိတ်ကပါနိုးထလာတယ်။ ကျွန်တော်ကုတင်ပေါ်ကနေထ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တယ်။ ဆံပင်အနက်၊ မျက်လုံးအနက်၊အသားရေကဖြူဖက်ဖက်၊ အရပ်ကလဲမရှည်၊ လူကောင်ကသေးသေး၊ သာမန် ရုပ်ရည်နဲ့ကျွန်တော်... 'အော်...အရင်ဘဝတုန်းကလဲ သူများထက်မသာတဲ့ရုပ်နဲ့ဥာဏ်နဲ့ ခုကျတော့လဲတူတူပဲ၊ ဒီပုံစံနဲ့ငါက ထီးနန်းလုနေတာတဲ့ ရှက်ဖို့ကောင်းလိုက်တာ'
ကျွန်တော်နဲ့မတူ..ပထမမင်းသားနဲ့တတိယမင်းသားတို့ကတော့ မင်းသားပီပီ ရုပ်ရည်နဲ့ကိုယ်ရည်ကပြောစရာစကားမရှိလောက်အောင် လုံးဝ Perfectတွေ။
YOU ARE READING
သာမန်ဘဝမှာပျော်မွေ့ချင်ပါတယ် 田舎ライフを楽しみたいんだ (translation)
Fantasyအိုင်စင်ဘဲလ်နိုင်ငံရဲ့ ဒုတိယမင်းသား အိုင်နဲဟာ တနေ့မှာသူ့အရင်အတိတ်ဘဝကိုမှတ်မိလာတဲ့အတွက် ညီအကိုတွေကြားထီးနန်းလုပွဲကို စိတ်မဝင်စားတော့ဘဲ သာမန်အရပ်သားဘဝကိုပဲတမ်းတနေမိတယ်။ အိုင်နဲရဲ့ရုတ်တရက်ပြောင်းလဲသွားတဲ့ စရိုက်ကြောင့် သူ့အကိုနဲ့ညီနှစ်ယောက်အံ့သြမိပြီး...