💖💖 အပိုင်း ၄ 💖💖
°°အချစ်ကလည်းမှော်ပညာတစ်မျိုးပဲ°°
###########################
ချန်းယောလ်အနားမှာရှိတဲ့သစ်ပင်ပေါ်ကို
အသံလုံလုံနဲ့တက်လိုက်၏....ထို့နောက် ဆယ်ဟွန်းနဲ့လုဟန်ကို
ရှင်းရှင်းလင်းလင်းမြင်ရမဲ့ သစ်ကိုင်းပေါ်သို့
တက်ထိုင်လိုက်သည်....ကဲ ...စလိုက်ကြရအောင်
ချန်းယောလ် လုဟန်ရဲ့ဘက်ကို
ဦးတည်ပြီး စူးစိုက်ကြည့်လိုက်၏...ခဏချင်းမှာပဲ...လုဟန်ရဲ့အနီးမှာရှိတဲ့
သစ်ပင်ကြီးက အသက်ဝင်လာလေသည်သစ်ကိုင်းတွေပါရမ်းခါနေပြီး
ကြမ်းတမ်းလှတဲ့အပြုအမူတွေနဲ့
မိစ္ဆာရိုင်းကြီးတစ်ကောင်လိုဖြစ်သွားတဲ့
သစ်ပင်ကြီးက လုဟန်ဆီသို့
ဦးတည်လာလေသည်...ချန်းယောလ်က လုဟန့်ကိုလည်း
ထိန်းချုပ်ထားလေသည်....တဒုန်းဒုန်း တဒိုင်းဒိုင်းအသံများကြောင့်
ဆယ်ဟွန်းလှည့်ကြည့်မိတော့
မလှုပ်မယှက်တောင့်တောင့်ကြီးဖြစ်နေတဲ့
ဂရစ်ဖင်းဒေါလေးနဲ့ ထိုဂရစ်ဖင်းဒေါလေးဆီကိုပြေးလာနေတဲ့
သစ်ပင်ကြီး....ဆယ်ဟွန်းချက်ချင်းပဲ ကောင်လေးကိုပြေးဆွဲဖယ်လိုက်ရသည်...
အရှိန်နဲ့ပြေးပြီးဆွဲလိုက်ရတာမို့
နှစ်ယောက်လုံးမြေပြင်ပေါ်ကို
အတုန်းအရုန်းလဲကျသွားပေမဲ့
ကောင်လေးရဲ့ခေါင်းလေးထိခိုက်မည်စိုး၍
သူတင်းတင်းကျပ်ကျပ်ဖက်ပြီး
ရင်ခွင်ထဲခေါင်းဝှက်ထားစေ၏ခုနကအသက်ဝင်နေတဲ့သစ်ပင်ကြီးလည်း
ဘယ်သွားပြီရယ်မသိ....ရင်ခွင်ထဲကကောင်လေးကို
ကြည့်လိုက်တော့ သတိလစ်နေလေသည်" ဟိတ်....ဟိတ်..."
ဖြူဖြူဖွေးဖွေးဆန်မုန့်လုံးလုံးလေးတွေနဲ့
တူတဲ့ပါးလေးနှစ်ဖက်ကိုခပ်ဖွဖွလေးပုတ်ပြီး
နှိုးလိုက်မိ၏....
YOU ARE READING
💟💟 Our Love 💟💟 U & Z
FanfictionHunHan - Fanfiction တစ်ခန်းရပ်မှော်ဇာတ်လမ်းတိုလေးများ 20/5/2019 ( Mon ) 6:44 p.m.