အပိုင်း ၂

229 37 74
                                    

😻😻 အပိုင်း ၂ 😻😻

°°ချစ်​ဖို့​ကောင်းတဲ့ဂရစ်​ဖင်း​ဒေါ​လေး​တွေ°°

×××××××××××××#××××××××××××

" မ​တွေ့ရတာကြာပြီ​နော်​ "

ချန်း​ယောလ်​ ဆယ်​ဟွန်းရဲ့ပုခုံးကိုတစ်​ချက်​ပုတ်​ရင်း
နှုတ်​ဆက်​လိုက်​သည်​....

" အကိုဘာလို့ အခုမှ ဒီအတန်းပဲရှိ​သေးတာလဲ "

ဆယ်​ဟွန်းရဲ့အ​မေး​ကြောင့်
ချန်း​ယောလ်​ပြုံးလိုက်​သည်​....

ဟွန်းနီး​လေးက ​ချောကလက်​​ကော်​ဖီပူပူ​လေးကို
မှုတ်​​သောက်​ရင်း အကိုနှစ်​​ယောက်​ကို
ငြိမ်​ပြီြး​ကည့်​နေ​လေသည်​....

" ဟွန်းနီး..."

" ဗျာ...."

" မင့်​အကိုက ကိုယ့်​ကိုအထင်​တအားကြီးပုံပဲ​နော်​"

ချန်း​ယောလ်​ ဟွန်းနီးရဲ့ဆံပင်​​လေး​တွေကို
ဆွဲဖွရင်း ​ပြောလိုက်​သည်​....

ပတ်​ချန်း​ယောလ်​.....
တော်​ဝင်​မိသားစုရဲ့သစ္စာခံ အမတ်​ကြီးရဲ့သားငယ်

အငယ်​ဆုံးဆိုသည့်​အတိုင်း ဆိုးချင်​တိုင်းဆိုးပြီး
ကျောင်းမတက်​ပဲ​နေခဲ့သည့်​အတွက်
ကိုယ့်​ထက်​ငါးနှစ်​​လောက်​ငယ်​တဲ့ လုဟန်​တို့နဲ့
တစ်​တန်းထဲတူတူတက်​​နေရခြင်းဖြစ်​သည်​....

" ကိုယ်​က အခုမှ​မှော်​​ကျောင်းစတက်​တာ​လေကွာ
အရင်တုန်းကအ​​ပြင်​​ကျောင်းပဲတက်​​နေတာကို...."

" ကျ​နော်​တို့ဆို​မှော်​​ကျောင်းတက်​ချင်​လွန်းလို့
အတင်းဂျီကန်​ပြီးလာတက်​ရတာ အကို့ကျမှ 
မှော်​​ကျောင်းမတက်​ပဲ သာမန်​​ကျောင်းကို
တက်​ရတယ်​လို့ .... "

" အမှန်​ဆို ကိုယ့်​မှာ
ဒီ​ကျောင်းကိုလာတက်​ဖို့ စိတ်​ကူးကိုမရှိတာ....
က​လေးတစ်​​ယောက်​​ကြောင့်​သာ"

ချန်း​ယောလ်​စကား​ကြောင့်
ဆယ်​ဟွန်းမျက်​​မှောင်​ကြုတ်​သွားသည်....

ဟွန်းနီး​လေးက ပါးစပ်​​လေးဟပြီး

" အကို့​ကောင်​မ​လေးလား....? "

💟💟 Our Love 💟💟 U & ZWhere stories live. Discover now