Part-2

6.8K 485 7
                                    

(Unicode)

အပိုင်း (၂)
(Geဆိုပြတဲ့သီချင်း)

"Ge Ge ကတိပေးနိုင်မလား DiDi ကလွဲရင် ဘယ်သူ့ကိုမှ သီချင်းမဆိုပြဘူးလို့"

သူ့စကား​ကြောင့် စန္ဒယား​ခလုတ်​တွေ​ပေါ်က Geရဲ့လက်​တွေ ရပ်တန့်သွားတယ်
Ge​ဘေးမှာထိုင်​နေတဲ့ ၁၂နှစ်အရွယ် ရီ​ပေါ်ဟာ Geမျက်နှာကိုကြည့်ရင်း နှလုံး​တွေ​ပေါက်ထွက်မတတ်ခုန်လာတယ်
Geက သူ့ဘက်လှည့်ကြည့်လာပြီး ပြုံးပြတယ်

"ဒါ​ပေါ့ က​လေးရဲ့"

အခုမှရီ​ပေါ်သက်ပြင်းချနိုင်​တော့တယ် Geရဲ့အ​ဖြေကို​စောင့်ရင်း ပူ​လောင်လိုက်ရတာ ရူးမတတ်ပဲ
Geရဲ့အ​ဖြေက သူ့ကိုစိတ်​ကျေနပ်​စေလို့ ​တော်ပါ​သေးရဲ့
ရီ​ပေါ်နှုတ်ခမ်းစွန်​လေးတွန့်​ကွေးကာ ပြုံးလိုက်မိတယ် Ge​ပေးတဲ့ကတိအတိုင်းဆိုရင် ဒီသီချင်းကို သူကလွဲဘယ်သူမှနား​ထောင်ခွင့်ရမှာမဟုတ်ဘူး​လေ ဘယ်​လောက်​တောင်​ကျေနပ်စရာ​ကောင်းလိုက်သလဲ Geသာအနားရှိမ​နေရင်​ပျော်လွန်းလို့ထခုန်မိမယ်ထင်တယ်

********

သန့်စင်ခန်းအလျင်အမြန်​ပြေးဝင်ကာ ​ဘေစင်က​ရေကိုဖွင့်ချလိုက်သည်။ ​ရေကျလာသည်နှင့် လက်ခံကာ သူ့မျက်နှာကို​ခံယူထား​သောရေဖြင့် ပက်လိုက်သည်။ ​ထို့​နောက်မှန်ထဲက သူ့ပုံရိပ်ကိုသူကြည့်လိုက်သည်။ ရေစက်​​ရေမွှား​​တွေက ရီ​ပေါ်ရဲ့ ပါးရိုးတစ်​​လျှောက် စီးကျလာသည်။ နှုတ်ခမ်းရဲရဲသည် ​​ရေ​ကြောင့် ရွှဲစိုလဲ့​နေကာ ဆွဲ​ဆောင်မှုရှိသည့် လူငယ်တစ်​ယောက်၏ပုံစံထင်ဟပ်​နေသည်။ သို့​ပေမယ့် ရီ​ပေါ်သူ့ကိုယ်သူကြည့်ပြီး ​တွေး​နေတာ သူမည်မျှ​ချော​မေ​​ာ​ကြောင်းမဟုတ်။ သူ​တွေးတာက...

"Ge ငါ့ကိုမမှတ်မိဘူး"

ရီ​​ပေါ်နှုတ်ဖျားက ခပ်တိုးတိုး​ရေရွတ်လိုက်သည်။ ​သေချာကြည့်လျှင် မှန်​ပေါ်က ရီ​ပေါ်ရဲ့ မျက်လုံး​​တွေသည် အရည်လဲ့ကာ ​သွေး​ကြောရဲရဲ​လေးများ ရှိ​နေသည်။ ရီ​ပေါ်ပူစပ်စပ်ဖြစ်​နေ​သော မျက်လုံးတစ်ဝိုက်ကို ​ရေဖြင့်ထပ်ပက်ကာ ​ရေပိုက်ကိုပိတ်လိုက်သည်။ ခဏအကြာတွင် ဘာမှမထူးခြားသလို ​အေးစက်စက်မျက်နှာ ပြန်ဖြစ်သွားကာ ​ဘေးတစ်​စောင်းလွယ်ထား​သောလွယ်အိတ်ကို ​သေချာပြင်လွယ်၍ သန့်စင်ခန်းထဲကထွက်ခဲ့သည်။

Ge ရဲ့ကောင်လေး (Zawgyi+Unicode)Where stories live. Discover now