🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰"" လန်ကျန့် ................
မင်းလက်လွတ်လိုက်ပါ 😔😔 "" နှုတ်ခမ်းမာလဲ သွေးယိုစီးကျပီး ခန္ဓာကိုယ်တခုလုံး သွေးနီိရဲရဲတွေ ပေကျံနေတဲ့...........ဝေ့ဝူရှန့်သူ့ရဲ့လက်ကိုတင်းကြပ်နေအောင်ဆုပ်ကိုင်ထားတဲ့ ကူးစူးလန်ဂိုဏ်းရဲ့ အဖြူစင်ဆုံးသောနဲ့အမြင့်မြတ်ဆုံးသော လူတိုင်းစံပြုရလောက်တဲ့ သူတယောက်ဖစ်တဲ့...........လန်ကျန်း
ထိုနှစ်ယောက်အဖစ်က ချောက်ကမ်းပါးအစွန်းနားမှ ဝေ့ဝူရှန့်ကို လန်ကျန်းက ချောက်ထဲပြုတ်မကျအောင် လက်လှမ်းဆွဲနေခြင်းဖစ်သည်. ကိုချစ်ရသောသူကိုလက်လွတ်မခံနိုင်တဲ့ ခံစားချက်မျိုးဖြင့် လန်ကျန်း ဝေ့ဝူရှန်ရဲ့လက်ကိုအတင်းကြပ်ဆုတ်ကိုင်ထားတယ် တချိန်ထဲမာဘဲ ဝေ့ဝူရှန်က လန်ကျန်းရဲ့ဆုတ်ကိုင်ထားတဲ့လက်ကိုလွဲချပီး ချောက်ကမ်းပါးကနေ ပြုတ်ကျသွားတယ် ...........
"" လန်ကျန်း...လန်ကျန်း.....""ဟု အိပ်ရာခင်းထဲ ချွေးတစိစိနဲ့ သူခြုံထားတဲ့စောင်ကိုလဲ လက်သီးနဲ့ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတယ် ဒါဟာအိမ်မက်ဆိုးတခုဘဲလား အမြန်နိုးထပါတော့......
ပူဆွေးမှုများဖြင့်ပြည့်နက်နေတဲ့ညနေပိုင်းမာ ရှောင်ကျန်တယောက် "" လန်ကျန်း...."" ဟု ဘယ်သူဘယ်ဝါမြန်းမသိတဲ့သူတယောက်ရဲ့အမည်နာမကို ယောင်ပီးရေရွက်နေသည်.သူ့ယောင်ပီးရွတ်နေခြင်းကား..... တဖြေးဖြေးနဲ့ အသံကကျယ်သထက်ကျယ်လာခဲ့တယ်
"" ရှောင်ကျန်... မင်းဘာဖစ်တာလဲ ရှောင်ကျန်..."" စိုးရိမ်တကြီး အော်ခေါ်သံက ရှောင်ကျန်မက်နေတဲ့အိမ်မက်ဆိုးကိုမလွမ်းခြုံးနေပေ....
နောက်တခေါက်ထပ်၍ခေါ်လိုက်သည်"" ရှောင်ကျန်.....""
ဒီတခါနိုးခေါ်ခြင်းက ရှောင်ကျန်ကို ရိုက်ပီးနိုးခေါ်ခြင်းပင်ဖစ်သည် ရှောင်ကျန်ရဲ့အသိစိတ်က အိမ်မက်ထဲလွင့်မျောနေတာကြောက့်သူ့အသိစိတ်ကမရှိတော့ သူ့ကိုနိုးခေါ်သံလဲသူမကြား လက်ပုတ်ပီးနိုးသော်လဲ အိမ်မက်ကအသိစိတ်ကိုဆွဲခေါ်နေတယ်