part.5

3.2K 226 9
                                    

.
.

.

.

.
..

ရဲစခန်းကနေ ပြန်လာတဲ့နေ့ကတည်းက စပြီး သူမလေးနဲ့ မတွေ့ရတာ ရက်ပေါင်း သုံးဆယ့်နဲ့ခုနစ်ရက် ရှိပြီပေါ့လေ.....

လွမ်းလိုက်တာ သတိရလိုက်တာ ကိုယ့်ရဲ့အမျိုးကောင်းသမီး ပတ္တမြားတုံးလေးရယ်....

မင်းလေးကတော့ ကိုယ့်နဲ့အတူ စခန်းကို အလည်အပတ်သွားလိုက်ရတော့ အခုနေကိုယ်က မင်းလေးစိတ်ထဲမှာ မျက်နှာမြင်သတ်ချင်ပါစေ အသံကြားတွေ့ရာနဲ့ပစ်ပေါက်ပါစေဆိုတဲ့ဆု တွေကို မတောင်းဘဲနဲ့ ပြည့်နေပြီနဲ့ တူပါရဲ့....


ဒါနဲ့ ကလေးက ကိုယ့်ကို မတွေ့ချင်ပေမဲ့ ကိုယ်က ကလေးရဲ့ ကုမ္ပဏီမှာ ဒုတိယရှယ်ယာအများဆုံးဖြစ်နေတော့ မတွေ့ချင်လည်း တွေ့ရဦးမှာပေါ့ အမျိုးကောင်းသမီးလေးရယ်......


ကလေးကို ချစ်တဲ့အကြောင်းတွေ ညတိုင်း ကောင်းကင်ကြီး နဲ့ လေညှင်း လေးတွေကို ရင်ဖွင့်တာများလို့ သူတိုတောင် ကိုယ့်ကိုအမြင်ကပ်နေပြီထင့်ပါ့....

တစ်မြေတည်းမှာနေပြီး တစ်မိုးအောက် တည်းမှာ အတူ နေထိုင်ကြပေမယ့် ကလေးက ကိုယ့်အနားရှိမနေတော့ အသက်ရှင်နေရတာ နှလုံးခုန်နေရတာတွေက အဓိပ္ပါယ်မရှိသလိုပါပဲ ကိုယ့်ရဲ့ ကလေးငယ်.....

သြော် ကိုယ့်အမျိုးသမီးကို ပြန်ပြီးလွမ်းနေရတာလည်း လွယ်မနေပါလားနော်....



ဟင်း.....ဒင်းကို ဒို့ တစ်သက်မကြေဘူး....

လူကိုလည်း မပုတု ခေါ်လိုက် ဟိုပြောလိုက်ဒီပြောလိုက်နဲ့ တော်တော် စကားပြော ရလက်ပေါက်ကပ်တဲ့သူ.....

ဒို့ကရေဆို ရှင်က မီး ပြဒါးတစ်လမ်း သံတစ်လမ်းအဲ့လောက်ထိ ဒို့်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့လူကို

ဲ့ဒို့ကရှင့်မျက်ဝန်းတွေကို ရင်းနှီးတယ်လို့ ခံစားနေရပြီး ဘာကြောင့်များ သူ့အနားမှာအတူရှိနေရရင် လုံခြုံနွေးထွေးမှု ရှိတယ်လို့ ထင်နေရတာပါလိမ့် ရှင်ရယ်...

ဘာကြောင့်မို့ ရှင့်ရဲ့စူးရဲတဲ့အကြည့်တွေကြားမှာ ဒို့် ဘာကြောင့် များ ရင်ခုန်သံ စည်းချက်တွေ က မညီမညာဖြစ်နေရတာလဲ ရှင်ရယ်....

!♥A Thousand Years♥! {Completed}Where stories live. Discover now