.
.
.
.
...
..
.သစ်ပင်ကြီးတွေနဲ့ စိမ်းစိုနေသော တောအုပ်ကြီးတစ်ခုရဲ့ အလယ်မှာ ကောင်လေးနဲ့ ကောင်မလေးတစ်ဦး တစ်ယောက်လက်တစ်ယောက်ဆွဲကာ ချစ်ကြည်နူး နေစဉ် ကောင်လေးက နှုတ်ခမ်းလေး လှုပ်ရုံမျှဖြင့်
သိပ်ချစ်တယ် ကိုယ့်ရဲ့ဂျန်...
ခွဲခွာရချိန်မှာ ကျန်ခဲ့ရသူဟာ ကိုယ်ပဲ ဖြစ်ပါရစေ
နှစ်တွေဘယ်လောက်ကြာကြာ
အချိန်တွေဘယ်လောက်ကုန်ကုန်ဂျန့်ကို လိုက်ရှာပြီး ဦးဆုံးချစ်စကား ဆိုရသူဟာ ကိုယ်ပဲဖြစ်ပါရစေ
ကိုယ့်နှလုံးသားနဲ့ရင်ခုန်သံတွေဟာ တစ်သက်လုံးစာ ဂျန့်အပိုင်ပါ ကိုယ့်ရဲ့ကလေးရယ်....
နှစ်ယောက်အတူရှိချိန် ခွဲခွာရမယ့် စကားတွေမဆိုပါနဲ့လား ကျွန်မရဲ့ အရှင်ရယ်...
ဆိုကာ သူ့ရဲ့နှုတ်ခမ်းပါးတွေကို သူမက ဦးဆောင်ကာ အကြင်နာအနမ်းများ ကို ပုံဖော်ပါတော့သည်...
အသက်ရှူ ရန်လိုအပ်တော့မှ သူမက ပဲ အနမ်းရေယာဉ်လေးကို ဖြတ်ကာ မောဟိုက်စွာဖြင့်
ဒို့ဘဝမှာ စတင်ရင်ခုန်မိသူ ချစ်မိသူဟာ အရှင်တစ်ယောက်တည်းပါ....
ဦးနှောက်က မမှတ်မိရင်တောင် နှလုံးသားကတော့ အရှင့်ကို မှတ်မိနေရအောင်ကို အရှင်က ကျွန်မအပေါ်မှာ ဆွဲဆောင်မှု ပြင်းလွန်းသူရယ်ပါ....
ချစ်စကားကို စတင်ပြောသူဟာ အရှင်ပဲ ဖြစ်သလို ကျွန်မကလည်း အရှင့်ရဲ့ ဦးဆောင်မှုအောက်မှာ လိုက်ပါ စီးမြောမယ့်သူပါ
ကျွန်မရဲ့ ချစ်ရပါသော အရှင်ရယ်....
ကုတင်ပေါ်၌ မောပန်းစွာ ချွေးများဖြင့်နိုးလာသော မိန်းကလေးတစ်ဦး
သူမလေး အချိန်ကို စားပွဲပေါ်က ဒစ်ဂျစ်တယ် နာရီ လေးကို လှမ်းကြည့်လိုက်တော့ အချိန်ကား၎း၄၅...
အိပ်မရမယ့်အတူတူ ဝရံတာ သို့သွားကာ မကြာခင်ထွက်ပေါ်လာတော့မယ် သူရိန်နေမင်း ရဲ့ အာရုဏ်ဦးအလှရယ် မနက်ခင်းတိုက်ခတ်လာတဲ့ လက်ဆက်တဲ့ လေညှင်းလေးကို ရှူ ရိုက်ရင်း
YOU ARE READING
!♥A Thousand Years♥! {Completed}
Short Story#Normal Fanfic #BLACKPINK Myanmar #Li&Ruby