1

6.9K 305 8
                                    

ZawGyi

ရှောင်ကျန့်ဒီနေ့ယွိပင်းတို့နဲ့ ချိန်းထားသော်လည်း အိပ်ယာထနောက်ကျသွားတာမို့ ခပ်မြန်မြန်လျှောက်ရင်း bus car ဂိတ်ဆီလျှောက်လှမ်းနေတယ်..... ကားက ချက်ချင်းဆိုက်လာတာမို့မြန်မြန်တက်လိုက်ရင်း ကျောင်းမြန်မြန်ရာက်ဖို့သာဆုတောင်းမိသည် သူငယ်ချင်းတွေမို့အချိန်နောက်ကျလို့ရပေမယ့် ရှောင်ကျန့်က အချိန်မလေးစားတဲ့သူတွေကိုတကယ်သဘောမကျပေ အခုကိုယ်ကိုယ်တိုင်က နောက်ကျနေတာမို့ စိတ်ထဲမှာလည်း ကျိန်ဆဲနေမိသည်.....

ကျောင်းရှေ့ busရပ်လိုက်သည်နှင့် canteenဘက်အမြန်ပြေးရတော့သည် ဘယ်လောက်ပဲမြန်အောင်ပြေးနေပါစေ ခြေလှမ်းတွေက နှေးနေသလို ဒီနေ့မှ canteenကလည်း ဝေးနေလိုက်တာ...

"ဘုတ်!

Canteenဘက်သို့ချိုးရာ လမ်းအကွေ့၌ ကောင်လေးတစ်ယောက်နဲ့တိုက်မိလေ၏ အရေးရယ်အကြောင်းရယ်ဆိုအဲ့လို...

"ညီလေးအဆင်ပြေရဲ့လား ကောတောင်းပန်ပါတယ်ကွာ ကောလည်းအလောတကြီးနဲ့မို့! "

ရှောင်ကျန့်ကတောင်းပန်နေသော်လည်း ထိုကောင်လေးကတော့ ဘာမှတုန့်ပြန်မှုမရှိပေ!  ကောင်လေးရဲ့အသံရှူသံတွေပြင်းနေတာကို ရှောင်ကျန့်သတိထားမိလိုက်တယ်

"ညီလေး အဆင်ပြရဲ့လား ချွေးတွေလည်းရွှဲနေတာပဲ"

ရှောင်ကျန့်တစ်ယောက် စေတနာတွေအကောင်းလွန်ကာ လက်ကိုင်ပုဝါလေးထုတ်ပြီးချွေးသုတ်ပေးလိုက်တော့ ကောင်လေးရဲ့ကိုယ်က တအားအေးစက်လို့နေတယ် ရှောင်ကျန့် ကောင်လေးရဲ့နှဖူးက ချွေးလေးတွေကို သုတ်ပေးနေတုန်း ကောင်လေးက မျက်လုံးမှိတ်ပြီး ခေါင်းက ရှောင်ကျန့်လည်ပင်းနားတဖြည်းဖြည်းတိုးကပ်လာတယ်.... ဒီကလေး ရုတ်တရက်ကြီး ဘာဖြစ်တာပါလိမ့်?
ရှောင်ကျန့်ရဲ့ လည်ပင်းနဲ့ကောင်လေးရဲ့နှုတ်ခမ်းထိဖို့ 3cmလောက်အလိုမှာ ကောင်လေးရဲ့မျက်လုံးတွေဖျက်ခနဲပွင့်လာပြီး ရှောင်ကျန့်ကိုတွန်းထုတ်ကာ ကျောင်းဆောင်ဟောင်းတွေဘက်ပြေးထွက်သွား၏....

ရှောင်ကျန့်မှာတော့ ကောင်လေးတွန်းထုတ်လိုက်တဲ့အရှိန်နဲ့မို့ နောက်ပြန်လက်ထောက်ကျရင်း ငူငူကြီးကျန်နေခဲ့သည်

𝙼𝚛.𝚅𝚊𝚖𝚙𝚒𝚛𝚎Where stories live. Discover now