ZawGyi
"တီးတောင် တီးတောင်"
ဒီနေ့ကပိတ်ရက်လေးမို့ အခွင့်ရေးကိုလက်လွတ်မခံဘဲ ရှောင်ကျန့် ရိပေါ်အိမ်ကိုရောက်လာခဲ့သည်
"တီးတောင် တီးတောင်"
၂ချက်၃ချက်လောက် ဘဲလ်တီးလိုက်သော်လည်း အထဲကတုန့်ပြန်သံမကြားလို့ ရှောင်ကျန့်စိုးရိမ်မိသွားသည်
ဝမ်ရိပေါ်က မိဘတွေနဲ့အတူမနေတာမို့ နေမကောင်းဖြစ်ရင် တစ်ယောက်တည်းဖြစ်နေရှာမှာ
တံခါးလက်ကိုင်လေးကိုအသာလှည့်ပြီးတွန်းလိုက်တော့ တံခါးဟာပွင့်သွား၏ ရှောင်ကျန့်လည်းအပျော်လုံးစို့ပြီး တံခါးပင်ပြန်မပိတ်တော့ဘဲ ရိပေါ်အိမ်ထဲခပ်သွက်သွက်ဝင်လိုက်သည်"ရိပေါ်လေးရေ ကောလာတယ် ဘယ်မှာလဲ!!!?"
အိမ်အောက်ထပ်တစ်ခုလုံးပတ်ရှာပြီးတာတောင် ရိပေါ်လေးရဲ့အရိပ်လေးတောင်မတွေ့ရပေ
ပေါ်ထပ်ကိုအရဲစွန့်ကာတက်လိုက်ပြီး တွေ့သမျှအခန်းတွေကိုလိုက်ဖွင့်ကြည့်လိုက်၏"ဝမ်ရိပေါ်... အော ရိပေါ်လေးက ဒီမှာကိုး"
၂ခုမြောက်အခန်းကိုဖွင့်ပြီးသကာလ ရှာနေရပါသော ရိပေါ်လေးအားတွေ့လိုက်သည်
ကုတင်ပေါ်မှာထိုင်နေပြီး မျက်နှာပေါ်မှာလည်း ချွေးတွေထွက်နေ၏"ကောထင်သားပဲ ရိပေါ်လေးနေမကောင်းဖြစ်နေတာလို့!"
ရှောင်ကျန့်က သူ့ရဲ့ရှပ်အင်္ကျီလက်ဖျားလေးတွေကိုသုံးပြီး ရိပေါ်ရဲ့နှဖူးပေါ်က ချွေးအချို့ကိုသုတ်ပေးရင်းပြောနေတယ်...
"ရိပေါ်လေး လှဲနေလိုက်လေ ကောရေဝတ်တင်ပေးမယ်"
ရှောင်ကျန့် ရိပေါ်နားကိုတိုးသွားလိုက်တော့ ရိပေါ်ဟာ အနောက်ကို ဆုတ်သွားပြီး အသက်ရှူသံတွေကပိုပြင်းလာကာ မျက်လုံးနီိနီလေးတွေပေါ်လာ၏
ရှောင်ကျန့်ရိပေါ်ရဲ့မျက်လုံးနီနီလေးကိုမြင်တော့ ရင်ထဲလှိုက်ခုန်သွားတယ် သဘောကျလိုက်တာ. . . ."ရိပေါ် ကလေး ကိုယ်တွေလည်းပူနေတာပဲ မြန်မြန်လေးလှဲအိပ်လိုက် ကော ရေတပတ်တိုက်ပေးမယ်.."
ရှောင်ကျန့်က ကပ်လာလေလေ ရိပေါ်က နောက်ဆုတ်ရင်းနဲ့ ရိပေါ်နောက်မှာ နံရံသာကျန်ရှိလေတော့သည်
YOU ARE READING
𝙼𝚛.𝚅𝚊𝚖𝚙𝚒𝚛𝚎
Vampireအနီရောင်မျက်ဝန်းတစ်စုံရယ်.... အေးစက်စက်ခန္ဓာကိုယ်ရယ်.... တကယ်ပဲမင်းကဘာလဲ ဝမ်ရိပေါ်?