ပျော်ရွှင်ခြင်းစကားလေးသုံးလုံးထဲဆိုပေမဲ့ ဒီကမ္ဘာကြီးပေါ်မှာ
လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ပျော်ရွှင်မှုဆိုတဲ့အရာကို
မခံစားဖူးတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်ဆိုတာ
သင်တို့ ယုံပါ့မလား။ကံကြမ္မာကြီးက ကောင်မလေးကို တစ်ခါလောက်
မျက်နှာသာပေးဖို့ ကောင်းပါရဲ့။ပျော်ရွှင်ဖို့ မထိုက်တန်သော ကောင်မလေးလို့ ဆိုသင့်သလား။
သူမနာမည်က ကန်ဆူအွန်း ....။
.........
ရက်တွေလတွေ ကုန်လွန်ပြီးတော့ ဘာလိုလိုနဲ့ ကျောင်းလည်း ပြန်ဖွင့်လို့လာပြီ။
တစ်ခုခုဆိုစိတ်လှုပ်ရှားလွယ်တတ်တဲ့ သူမအကျင့်အရ
ဒီနေ့လည်း ကျောင်းစဖွင့်ရက်မို့ ဘာကြောင့်မှန်းမသိ
စိတ်လှုပ်ရှားနေမိတယ်။" အမေ ... သမီး ကျောင်းသွားပြီနော် "
" အင်း ... ကောင်းကောင်းသွားဦး "
မီးဖိုချောင်ထဲမှာ ပန်းကန်တွေ သိမ်းဆည်းနေတဲ့ အမေ့ကို
လှမ်းအော်ပြီး အိမ်ရှေ့မှာထောင်ထားတဲ့ စက်ဘီးကို
ယူကာ ကျောင်းသို့ စီးထွက်လာခဲ့လိုက်သည်။ကျောင်းမဖွင့်ခင် တစ်လအလိုမှ စက်ဘီးစီးသင်ထားတာကြောင့် အခုထိကျွမ်းကျွမ်းကျင်ကျင် မစီးတတ်သေးတဲ့
ကိုယ့်အဖြစ်က နည်းနည်းတော့ ရယ်ချင်စရာကောင်းသည်။ကျောင်းကသိပ်မဝေးသော်လည်း စက်ဘီးမစီးလို့ကမဖြစ်၊
ဘတ်စကားစီးဖို့ကျတော့လည်း ပိုက်ဆံနေ့တိုင်းကုန်မှာမို့
သူမအတွက်မဖြစ်နိုင်ဘူးလေ။" အား ... အမေရေ ! ကယ်ပါဦး "
ကျောင်းရောက်ခါနီး ကုန်းတက်နည်းနည်းရှိတာကြောင့် စက်ဘီးကို အားစိုက်ပြီး နင်းလာစဥ် တစ်ဖက်လမ်းကနေ ဟွန်းမတီးဘဲ ရုတ်တရက်ထွက်လာတဲ့ ကားကြောင့်
လန့်ပြီး ဘရိတ်ကို အတင်းဆုပ်ကိုင်လိုက်တော့ သူမစက်ဘီးက ပစ်လှဲသွားခဲ့သည်။" အား ! ကျွတ် ကျွတ် ! နာလိုက်တာ "
" ဒီမှာဗျ ! အဆင်ပြေရဲ့လား။
ဘယ်ကိုထိခိုက်မိသွားလဲ "