plot 15

16.6K 1.1K 29
                                    

for zawgyi

တစ်လုံးချင်းစီပြောလိုက်တဲ့စကားတွေကို
မကြားချင်ပေမဲ့ လျစ်လျူရှုလို့မရခဲ့။

အနားမှာရှိတဲ့ထိုင်ခုံမှာ ထိုင်လိုက်တာတောင် အသိက ခန္ဓာကိုယ်နဲ့မကပ်။
တစ်လောကလုံးက သစ္စာဖောက်ရင်တောင်
မိမိဘေးမှာ ရှိမယ်လို့ထင်ထားတဲ့လူက ဒီလိုလုပ်
စရာလိုလို့လား။

"ငါ...ငါ မင်းအပေါ်ဘာလုပ်မိလို့လဲ။ မင်းအပေါ်ဆို
အကောင်းဆုံးတွေကိုပဲ ငါ ပေးခဲ့တာပါ။
မင်းထိခိုက်မှာကိုငါထိခိုက်မှာထက် ပိုကြောက်ခဲ့တာပါ ငါမိသားစုထက်ကိုမင်းအပေါ်မှာတွယ်တာခဲ့တာလေ ။ ၁၀နှစ်ကျော်သံယောဇဉ်တွေလေ ။
ငါက ဘာမှားသွားလို့မင်းက........မင်းက အခုလို
လုပ်ရတာလဲ။"

သူကိုကြည့်နေတဲ့ joon minမျက်နှာကိုတော့
သူပုံဖော်လို့မရခဲ့။ခံစားချက်မရှိတဲ့ မျက်နှာမျိုး။
ဘာတွေများမှားခဲ့လို့ဒီလောက်ထိ ရက်စက် ရတာပါလိမ့်။

"မင်းတန်ဖိုးမထားခဲ့တဲ့ အချစ်တစ်ခုက
ငါ့ဘဝကြီးတစ်ခုလုံးဖြစ်ခဲ့တာ မင်းမှတ်မိလား
ဟင် xaio zhan မင်းကိုအသေအလဲကြိုက်ခဲ့တဲ့
ကောင်မလေးlilyကိုလေ"

"lily"

နှုတ်မှ ခပ်ဖွဖွ ရေရွတ်လိုက်သော နာမည်တစ်ခု
ကြောင့်အတိတ်တွေဆီကိုနောက်တစ်ခေါက်
ပြန်ရောက်သွားပြန်သည်။

" မင်းဘာတွေငေးနေတာလဲjoon Min"

ဘေးနားကခုံမှာထိုင်ကာ ဆရာနာမည်ခေါ်တာကို
ပင် မကြားနိုင်တော့တဲ့ သူငယ်ချင်းကိုတံတောင်နဲ့
တွတ်ကာ မေးလိုက်တော့မှ မျက်လုံးများက မိမိ
ဆီပြန်ရောက်လာသည်။

"ဆရာခေါ်နေတယ်ကွ စိတ်တွေကဘယ်ကိုပျံ့နေတာလဲ!"
ခပ်အုပ်အုပ်ပြောလိုက်တဲ့အသံနောက်မှာ

"Joon Min သင်ချိန်တစ်လျှောက်လုံးမင်းအပြင်
ကိုငေးနေတာများနေပြီနော် ။first warning
ပဲ နောက်တစ်ခါဆိုအခန်းအပြင်ထုတ်ထားမယ်"

စည်းကမ်းကြီးတဲ့ ဆရာမအချိန်ကိုမှဒီကောင်က
ရွေးပြီးဘာတွေလုပ်နေမှန်းမသိ။
စာသင်ချိန်တစ်လျှောက်လုံး ဆရာမကိုပဲ ကြည့်နေတဲ့ joon min အတွေးများသည် ဆရာမဆီ
မရှိနေတာကိုတော့ ရိပ်မိပေမဲ့ဘာမှမပြောဖြစ်တော့။

Sugar daddy(Complete)Where stories live. Discover now