episode 11

924 120 8
                                    

Zawgyi

ခြံထဲသို့ကားတစ် စီး ဝင်လာသည်။

ကားပေါ်မှ ဆင်းလာသူမှာ နတ်သားကဲ့သို့ ခန့်ညားလွန်းတဲ့ ကိုကို  

"Jimin မအိပ်သေးဘူးလား "

"ဟုတ် မအိပ်ချင်သေးလို့ပါ"

"ဒါနဲ့ မနက် က လာသွားတယ်ဆို"

"ဟုတ် ဟို..... ထမင်းလာ ပို့တာပါ"

"အဲ့ဒါ ဝင်ပေးလိုက်တာ မဟုတ်ဘဲ နဲ့ ဘာလို့ secretary ကို
ပေးခဲ့တာလဲ"

"ဟို......ဟို.....ကျွန်တော်....ကျွန်တော် "

လက်ညှိုး တစ်ထိုးထိုးနဲ့ တစ်ဟိုဟို တစ်ဒီဒီ ဖြစ် နေ တဲ့ ကလေးကို

ဆက်လည်းမမေးချင်တော့တာ တာကြောင့်

အပေါ်သို့ တက်သွားလိုက်သည်။

တနေ့လုံးလဲ ပင်ပန်းလာတာကြောင့် နားချင်သည်။

အောက်ထပ်၌ လက်ညှိုးထောင်ကာ ကောင်လေး
တစ်ယောက်မှာတော့ ကျန်ရစ်ခဲ့လေသည်။

"ကိုကို ငါ့ကိုများ စိတ်ဆိုးသွားတာလား မသိဘူး "

sofa ပေါ်သို့ စိတ်ပျက်စွာ ထိုင်ချရင်း လေပူ တစ်ချက်ကို
မှုတ်ထုတ်လိုက်သည်။

ကျနော်က သူ့အတွက် တော့ အရေးပါ အရာရောက်တဲ့သူ
မဟုတ်တော့ဘူးလေ

ကျနော်တို့ နှစ်ယောက်ရဲ့ ပတ်သက်မှု က ဒီတိုင်း

ဒီတိုင်းညီအစ်ကို ဆိုရုံမျှသာလေး

ဒီထက်လဲ ပိုလာတော့မည် မဟုတ်
အို ကျနော် မဟုတ်တာ လျှောက်တွေးနေပြန်ပြီ
ကျနော်နဲ့ ကိုကို က ညီအစ်ကို
တစ်နေ့ ကိုယ့်လမ်း ကိုယ်လျှောက်ကြရမှာပဲ
အ့တာကို ခေါင်းထဲထည့်ထားစမ်းပါ Jimin ရယ်
ရူးကြောင်ကြောင် အတွေးတွေကို ဒီမှာပဲ ရပ်လိုက်ကြရအောင်
လားကွာ

ကျနော့်ရဲ့အတွေးတွေက ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုပြီး
အပြိုင်အဆိုင် လွန်ဆွဲနေကြတယ်
နောက်ဆုံးတော့ ဘယ်သူက နိုင်မလဲ ဆိုတာ
ကျနော်ကိုယ်တိုင်လဲ မသိဘူး

"ဟူးးးးး"

ကျလုစဲစဲ မျက်ရည်တွေ ကို မျက်တောင်များ ဖြင့် ခတ်က
ရှုပ်သိမ်း လိုက်ရင်း အိပ်ခန်းဆီသို့ တက်လာ ခဲ့သည်။

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now