episode 6

1K 138 3
                                    

Zawgyi

ဆိုးလ်မြို့ ၏ ရာသီမှာ ထုံစမ်းကဲ့ သို့ပင် အေးခဲလှသည်။

ကျနော့်၏ စိတ်အစဉ် မှာလည်း ရှုပ်ထွေးစဲပင်

လူကုံထံ ရပ်ကွက် ဖြစ်သည့် အလျောက် အလွန် တိတ်ဆိတ် ပေသည်။ လူသွားလမ်းကလေး အား ပြတင်းပေါက်မှ ကြည့်၍ အတွေး ကမ္ဘာထဲ နယ်ချဲ့နေမိသည်။

အခန်းထဲတွင်လည်း နာရီသံ *ဒေါင် ဒေါင် ဒင် ဒင်*မှ လွဲ ၍ မကြားရပေ

ဥတု၏ အေးမြမှု မှာလည်း ကျနော့်အား အေးချမ်းခြင်းကိုမပေးနိုင် ကျနော့်၏ ခံစားချက်ကို မည်သူမျှနားလည်နိုင်မည် မဟုတ်သလို ကျနော် ကိုယ်တိုင်သည်လည်းနားမလည်ပါ

*ဒေါက် ဒေါက်*

"Jimin သား ဘာဖြစ်နေတာလည်း ကျောင်းမှာ
အဆင်မပြေတာများ ရှိလို့လား ပြန်ရောက်တာနဲ့ အခန်းထဲ ပဲ အောင်းနေတယ် ဘာတွေဖြစ်နေလဲသား Omma ကိုပြော"

ကျနော့်အခန်းထဲသို့ ဝင်လာကာ Omma က မေးသည်။

"ဘာမှမဖြစ်ပါဘူး Omma ရဲ့ ဒီလိုပါပဲ"

Omma လည်း ခေါင်းကို ပွတ်ပေးကာ ကျနော့်အား ကြည့်နေလေ၏

"အာ•••• ဒါနဲ့ Omma ညက သား sofa ပေါ်မှာ အိပ်ပျော်သွားတာလေ နိုးလာတော့ အိပ်ယာပေါ်မှာ ဆိုတော့
ကိုကို ချီပီး ပို့ပေးတာလား?????"

"ဟုတ်တယ်လေ သားငယ် မင်းကိုကြီး ပို့ပေးတာ
ဘာလိုလဲ သားရဲ့"

"ဟီးးးးး"

ကျနော် ပြုံးပြလိုက်မှ Omma လည်း ပြုံးကာ အခန်း မှ ထွက်သွားသည်

ခဏ အကြာ

*ဝုန်း *

အပေါ်ထပ်မှု ပြေးဆင်းလာကာ ဟိုဟာဝင်တိုက် ဒီဟာဝင်တိုက် အနွေးထည်ကြီး တကာကာ ဖြင့် တယောက်ထဲ အလုပ်ရှုပ်နေသော jimin လေးပင်

" Omma သား ကိုကိုဆီ လိုက်သွားမလို့ "

ဖိနပ် အား ကောင်းစွပ် ကာ Omma အားလှမ်းပြောလိုက်သည်။

"သားငယ် Jimin နောက်တောင်ကျနေပီ ဂရုစိုက်သွားး •••••aww ဒီကလေး ကလည်း စကားတောင်ဆုံးအောင် နားမထောင်ဘူး "

<<<<<<<<<<

*ဟုတ်သား ပဲ ကျနော်မေ့နေလိုက်တာ ကိုကို နဲ့ တွေ့ရဖို့ အခုလို ကုမ္မဏီ လိုက်လာ လိုက်လည်းပြီးနေတာပဲကို

ရင်နင့်အောင်ချစ်ရသူ (ရင်နင့်အောင်ချစ်ရသူ)Where stories live. Discover now