part 8
3.5K 138 14
Zawgyi
ဝေ့ဝူရှန်း တဖြည်းဖြည်းနဲ့ ကျက်သရေရှိလှတဲ့ မျက်နှာတော်အနီးကို တိုးကပ်လိုက်သည်။
သူ့နှုတ်ခမ်းပါးရဲရဲတို့ကို ထိကိုင်လိုက်သည်။
နူးညံ့အိစက်နေသည်။
ဘယ်မိန်းကလေးနဲ့မှ မတူပဲ ထိုလူသည် ဝေ့ဝူရှန်းရင်ကို တုန်လှုပ်စေသည်။
နှုတ်ခမ်းပါးချင်းထိမိတော့ လုံးဝမခွာချင်တော့လောက်အောင် နူးညံလွန်းသည်။
...........
ဟန်ကွမ်းကျွင်း သတိရတော့ ဗိုက်သားအပေါ်က နာကျင်မှုကို စတင်ခံစားရသည်။
ပြီးတော့ နှုတ်ခမ်းပေါ်က ပူနွေးနွေးနဲ့ နူးညံလွန်းတဲ့ထိအတွေ့။
မျက်လုံးဖွင့်လိုက်တော့ မိမိနဲ့ နီးကပ်လွန်းနေတဲ့ မျက်နာချောချောတစ်ခု။
မျက်လုံးကို မှိတ်ပြီး မိမိနှုတ်ခမ်းနှင့် ထိထားနေသည်။
ဟန်ကွမ်းကျွင်း ဘာမှ မစဉ်းစားချင်။
မိမိဒဏ်ရာကို သက်သာစေရန် ထိုနှုတ်ခမ်းနွေးနွေးပေါ်ကို အာရုံလွှဲလိုက်တော့သည်။
ပူးကပ်နေတဲ့ နှုတ်ခမ်းနှစ်ခုကို ခွာလိုက်ပြီး တစ်ဖက်က နှုတ်ခမ်းလေးကို လျှာလေးနဲ့ စတင် သပ်လိုက်သည်။
နူးညံ့လွန်းသည်။
မျက်လုံးတို့ကို စုံမှိတ်လိုက်ကာ အနမ်းတို့အပေါ် အာရုံစိုက်လိုက်သည်။
တစ်ဖက်က မိမိအနမ်းတို့ကို မတုံ့ပြန်။
ိသူ့နှုတ်ခမ်းပါးတို့ကို မပိတ်ထားသောကြောင့် မိမိစိတ်တိုင်းကျ ခြယ်လှယ်လိုက်တော့သည်။
.............
ဝေ့ဝူရှန်း မျက်လုံးပြူးသွားသည်။
တစ်ဖက်လူမသိဆိုပြီး သူတစ်ပားနှုတ်ခမ်းကို ထိရုံလေး ခိုးနမ်းမိကာမှ ထိုသူက မိမိကို ရုံးမထွက်နိုင်အောင် နမ်းနေသည်။
ထိုသူ့မျက်နာကို မနိုးသလို မျက်လုံးတေပိတ်ထားသည်။
အိမ်မက်ယောင်နေတာ ဖြစ်ပုံရသည်။
ဒါပေမဲ့ သူ့လက်တို့က မိမိလည်ဂုတ်ကို ဆွဲကိုင်ထားသည်။
ဝေ့ဝူရှန်း သူ့အနမ်းတို့က ရုံးမထွက်နိုင်။
ခဏကြာတော့ အသက်ရှုကျပ်လာပြီ။