Unicode ဇာတ်ကောင်လေးဦး၏ ခံစားချက်များ
1.7K 43 3
Wan yibo
ငါ လေ ဝေ့ရင်းကို ချစ်မိတာ ဝေ့ရင်းအပြစ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။
ဒါပေမဲ့ ငါတွေးခဲ့တယ် ငါ့ကို ချစ်မိလို့သာ ဝေ့ရင်းက အန္တရယ် တေရင်ဆိုင်ခဲ့ရတာ ငါ့အပြစ်တေကြောင့်သာ။
တစ်ခါတစ်ရံ ဝေ့ရင်း ငါ့ကိို လက်လွှတ်လိုက်စေချင်မိတယ်။
ငါမချစ်လို့ မဟုတ်ခဲ့ဘူး။
ဒီဒုက္ခတေကနေ ကိုယ်လွတ်ရုန်းပြီး ငါ့ကိုထားခဲ့စေချင်တာ။
မင်းသာ လွတ်မြောက်ရင် ငါဖြေဆည်နိုင်လိမ့်မယ်။
ငါတို့ ဆက်ပြီး ချစ်နေခွင့်ရှိပေမဲ့ငါတို့ တစ်ယောက်ကို တစ်ယောက် ဆက်ပြီးတွယ်ငြိမနေသင့်တော့ဘူး။
ငါတို့ အတူရှိခြင်းက အရမ်းအန္တရယ်မ​ျားလို့။
ငါဘဝမှာ မင်းတစ်ယောက် ထဲကို ပဲ စကားတစ်ခု ငါထပ်​​ေပြာမယ်။
မင်းက ငါရဲ့ တဦးတည်းသော အသံပေါက်မတတ်ချစ်ရသူပဲ။
.....................
ကျန်းချန်
တစ်ခါတစ်ရံမှာ အချစ်က အမှားတေကို ဖြစ်စေတတ်တယ်တဲ့။
ငယလေ မင်းအတွက်ဆို အသက်ကိုတောင် ပေးနိုင်တယ်။
ငါ အဲ့လောက်ထိချစ်ခဲ့တာပါ။
ငါလည်း အမှားတေကို မကျူးလွန်ချင်ခဲ့သလို ငါ အဲလို ဖြစ်စေဖို့လည်း မရည်ရွယ်ခဲ့ပါဘူး။
ငါ မင်းကို ချစ်ချင်ရုံလေး မင်းနဲ့ အတူ ရှိချင်ရုံလေးပါ
မင်းကို ငါ့ ရဲ့ ဘေးမှာ ထားချင်ချင်ရုံလေး
ညီအကိုချင်း ဒီလို ခံစားချက်ရှိနေတာ ငါအမှားကြီး ကျူးလွန်မှန်းသိပါတယ်။
ဒါပေမဲ့ ထိန်းချုပ်မရတဲ့ စိတ် ၊ မင်းကို ချစ်တဲ့ နှလုံးသား ကို ဥပေက္ခာ မပြုနိုင်ခဲ့ဘူး။
ဘာလိုဆို အသဲနင့်အောင် ချစ်ခဲ့မိလို့ပါ zhan zhan ရယ်။
................ ........
Xiao zhan
ချစ်ခဲ့လားလို့ မမေးနဲ့ ချစ်သူ။
ငါက မင်းကို အသက်ထက်ချစ်ခဲ့သူ ငါ့နှလုံသားတစ်ခုလုံကို အရင်းအနှီးပြုပြီးချစ်ရသူမို့။
အချစ်နဲ့ သာဆို အရာရာကျော်ဖြတ်နိုင်တယ်တဲ့။
ဘယ်လိုအခြေအနေမျိုးမှာမဆို မင်းရဲ့ လက်ကို ဆုပ်ကိုင်ထားပေးမှာမို့ မင်းကတော့ ငါ့ရဲ့ လက်ကို လွှတ်ချဖို့ မကြိုးစားလိုက်ပါနဲ့။
မင်းက ငါ တကယ့်ကို ချစ်ရသူမို့။
မင်းက ငါ့အတွက် ဘာနဲ့မှ နှိုင်းမရအောင် တန်ဖို့ကြီးမားသူမို့ပါ။
.........................
မိဖုရားခေါင်
အရှင် ကျွန်တော်မျိုးမရဲ့ အချစ်ကို ဥပေက္ခာမပြုပါနဲ့။
အရှင့်ရဲ့ အဲ့ဒီ့အကောင်ကို တကယ်သတ်ပစ်ချင်တယ်။
သူလိုလူမျိုးက ကျွန်တော်မျိုးမ ထက် ဘယ်နေရာမှာ သာနေလို့လဲ။
အရှင့်ကို ချစ်လွန်းတဲ့ အရှင့်မျက်နှာကို ကြည့်ပြီး အသက်ရှင်နေတဲ့ ကျွန်တော်မျိုးမ ကို ဘယ့ကြောင့် တစ်ချက်လေးတောင် လှည်မကြာ့်ရတာလဲ။
တခြားနိုင်ငံက မင်းသမီးဖြစ်တဲ့ ကျွန်တော်မျိုးမက အရှင်ရှိတဲ့ အရပ်မှာ တစ်ယောက်တည်းလာနေရတာ ဘယ်လောက်များအားငယ်နေမလဲဆိုတာ အရှင် ဘာ့ကြောင့် မတွေးကြည့်ရတာလဲ။
အရှင် ဘာကြောင့် ကျွန်တော်မျိုးမ အချစ်ကို မမြင်နိုင်ရတာလဲ
အရှင့်ကိုလေ အရမ်းချစ်တာ။
အရှင့်ကို ကျွန်တော်မျိုးမ ရဲ့ ကမ္ဘာကြီးလို သတ်မှတ်ထားခဲ့တာ အရှင်သိနိုင်ပါစေ။