part 10
1.6K 97 17
Zawgyi
Xiao zhan သူတို့အသံတေနဲ့ ဝေးရာ အမှောင်ကမ္ဘာကို ကျရောက်သွားတော့သည်။
ပြန်နိုးလာတော့ မျက်နှာကျက်ကို ကြည့်ပြီး ဘေးဘက်ကို ကြည့်မိတော့ မိမိရောက်နေတာက ဆေးရုံပဲ ။
ဘေးကုတင်ကို ကြည့်မိတော့ ငြိမ်သက်စွာ လဲလျောင်းနေတဲ့ yibo
Xiao zhan တုန်လှုပ်သွားသည်။
Yibo သူက ဘာဖြစ်ရတာလဲ။
ဘာလို့အဲလိုကြီး လှဲနေရတာလဲ။
ဒဏ်ရာရတာ ငါမဟုတ်ဘူးလား။
"Xiao zhan မင်းသတိရနေပြီ"
အသံကြားရာဘက်ကို လှည့်ကြည့်မိတော့ အထုတ်တေနဲ့ ကျန်ချန်။
"Omm.ကျန်းချန် ...yibo သူကရောဘာဖြစ်ရတာလဲ"
"ငါမင်းတို့အခန်းကို ရောက်တော့ သွေးတေနဲ့ လဲနေတဲ့ မင်းနဲ့ မင်းဘေးမှာ လဲနေတဲ့ yibo ကို တွေ့တာပဲ။
မင်းကတော့ ဒဏ်ရာတေကြောင့် သတိမေ့နေတာ။
သူကတော့ ဘာလို့ ဒဏ်ရာတေမရှိဘဲ သတိမေ့နေရတာလဲမသိဘူး။
ဆရာဝန်တေလဲ ဒဏ်ရာရှာမရဘဲ မေ့နေတော့  အတော် ခေါင်းရှုပ်နေကြတယ်။
ဘာဒဏ်ရာမှ မရှိပါဘဲနဲ့ သူက မေ့နေတယ်။
ခန္ဓာကိုယ်နဲ့ ဝိညာဉ်နဲ့ ကွဲနေသလိုကြီး။
တခါတခါ သူခန္ဓာကိုယ်က တုန်လာတတ်ပေမဲ့  အ​​ခြေအနေက မထူးခြားဘူးဖြစ်နေတယ်။
ငါလည်း ဘာလုပ်ရမှန်းကို မသိတတော့ဘူး"
Xiao zhan ကျန်းချန်ရဲ့ စကားတို့ကြောင့် စိတ်တို့ အစိုးမရနိုင်တော့။
"Yibo အခုလိုဖြစ်ရတာ ငါ့ကြောင့်။
ငါသာ သူအထင်မြင်လွဲအောင် မနေခဲ့ရင် အခုလိုဖြစ်လာမှာ မဟတ်ုဘူး"
ငါ့ကြောင့်...ငါ့ကြောင့်သာ..... yibo ဒီလိုဖြစ်ရတာ ငါ့အမှားတေကြာင့်သာ...."
ရင်ဘတ်ကို ဖိပြီး တအိအိငိုရှိုက်နေတဲ့  xiao zhan ကို ကျန်းချန်အရမ်းသနားနေမိသည်။
'သူတို့နှစ်ယောက်က တယောက်ကို တစ်ယောက် အရမ်းချစ်ကြတာ။
ဘယ်လို ကံကြမ္မာမျိုးက အရမ်းချစ်တဲ့ ချစ်သူတေကို ဒီလို  ခံစားခိုင်းရက်ရတာလဲ
"Zhan zhan မငိုပါနဲ့ကွာ . စိတ်ကို အေးအေးထား။
ငါတို့ သူနိုးလာမယ့်နည်းလမ်းကု ရှာတွေ့မှာပါ..."