{3}

1.1K 27 1
                                    

For Unicode

A Thousand Year သီချင်းလေးဆုံးတော့... သူမဖုန်းလေး တုန်လာခဲ့တာနဲ့အမျှ Ringtoneလေးဖြစ်တဲ့ The Greatest Showman ထဲက "Never Enough" သီချင်းလေး ထွက်ပေါ်လာတယ်....
"ဟုတ် မေမေ သမီး ပြန်လာခဲ့ပါ့မယ်"

Danny ဖုန်းချပီးတာနဲ့ အိမ်တန်းပြန်ခဲ့လိုက်တယ်...

ဒီနေ့ Danny ပြန်ရမှာ ဖွားဖွားအိမ်ကိုသာ.. ဟိုတစ်နေ့ကကိစ္စပြီးထဲက မေမေနဲ့ ဖွားဖွားအိမ်ကို ပြောင်းလာခဲ့ကြတာ...
အိမ်ရောက်တော့ ဘာအခြေနေမှမထူးတာနဲ့ အခန်းထဲပဲတန်းဝင်ခဲ့တယ်... Danny သိပါတယ် မေမေက ကိစ္စမရှိလဲ အိမ်ပြန်နောက်ကျရင် Danny.ကို ဖုန်းဆက်ခေါ်တတ်သည်လေ...
မေမေ့ကိုDannyနားလည်ပါတယ်.. မေမေက Danny.ကို သူ့လိုအဖြစ်ဆိုးမျိုးနဲ့တွေ့မှာ ကြောက်နေခဲ့တာ... အမှန်တိုင်းပြောရရင် Dannyလဲကြောက်မိတယ်... ဒါကြောင့်လဲ လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေခဲ့တာ အထူးသဖြင့် ယောက်ျားတွေနဲ့ပေါ့.........
ဒါပေမယ့် ဒီနေ့တွေ့ ခဲ့တဲ့ လူကိုတော့ ထပ်ပြီးတွေ့ချင်နေမိတာ ဘာကြောင့်လဲ Dannyစဉ်းစားလို့မရသေးဘူး
စဉ်းလဲမစဉ်းစားချင်တော့တာနဲ့ Dannyအိပ်ဖို့ဘဲ ဆုံးဖြတ်လိုက်တယ်.......

တစ်ဖက်မှာတော့....

စစ်စေတစ်ယောက် အိပ်ရာပေါ်မှာ နဖူးပေါ်လက်တင်ပြီး ဒီနေ့အကြောင်းတွေကို တွေးတောခန်းဋီကာ ဖွင့်နေသည်။
တကယ့်ကို အာဂကလေးမ ပါဘဲ.. စစ်စေတွေးလဲတွေး ရယ်လဲရယ်မိသည်။ ကလေးမရဲ့ နာမည်မသိတာနဲ့ သူ့အတွက် Mystikó ဆိုတဲ့ Nicknameလေးပေးလိုက်တယ်..
အင်း.. Mystikóဆိုတာ Greek ဘာသာအရ Secret တဲ့..

ဟက်!မင်းနဲ့တော့လိုက်ပါ့ ကလေးမရေ.....
လျှို့ဝှက်ဆန်လွန်းတဲ့ မင်းက ကိုယ့်ကို စိတ်ဝင်စားလာအောင်တော့ တဖြည်းဖြည်းညှို့နေပီဆိုတာ သိရဲ့လား....
_____ ______ _______ ______ _______

ဒီနေ့ weekend မလို့ ကျောင်းပိတ်တာနဲ့ Ocean က Innwa Book and Cafe မှာအခြေချဖို့ Dannyဆုံးဖြတ်ပြီး ထွက်ခဲ့လိုက်သည်..
ဟိုရောက်တော့ မင်းလူရဲ့ ကဗျာပေါင်းချုပ်ရယ် ကော်ဖီတစ်ခွက်ရယ်နဲ့ အချိန်ကုန်မှန်းမသိကုန်သွားတယ်
ဒါနဲ့ဘဲ ocean ထဲလမ်းလျှောက်ပီး ကလေးကစားကွင်းလေးနားရောက်သွားတဲ့အခိုက်...
ဆော့ကစားနေတဲ့ကလေးလေးတွေရယ် ဘေးကကလေးလေးတွေလက်ကိုဆွဲပြီး ရယ်မောနေတဲ့မိဘတွေရယ်ကိုကြည့်ပြီး Danny ရင်ထဲမှာ ခံစားချက်တွေ မူမမှန်တော့....
ရင်ဘတ်ထဲကနာကျင်လာကာ မျက်ရည်များပင် စို့တက်လာသည်.... ဟင့်အင်း Danny ဆက်ကြည့်ဖို့ အင်အားမရှိတော့ဘူး....

ညှို့~Where stories live. Discover now