{7}

1.6K 33 10
                                    

Unicode ver

"အား.... ခေါင်းကိုက်လိုက်တာ...."

ခေါင်းလေးကိုနှိပ်ကာညည်းညူရင်း မျက်လုံးဖွင့်ကြည့်တော့....

ဟင်... ဒါငါ့အခန်းကြီးမလား😕
အေးပေါ့ ငါကငါ့အခန်းထဲမှာရှိနေတာ မဆန်းပါဘူး...
မသောက်စဖူးသောက်လိုက်မိတဲ့ ညကအကြောင်းကိုပြန်တွေးလိုက်တော့....

ချီပိုးထားတဲ့ ကျောပြင်ကျယ်ကျယ်...ဆုပ်ကိုင်ထားတဲ့ လက်ဖါးခပ်နွေးနွေး... ရုတ်တရက်နှာဖျားကို ကလူသွားတဲ့ ရေမွှေးနံ့ ခပ်သင်းသင်း..

ဒုတ်..ဒုတ်...ဒုတ်...
အာ...ငါဘာတွေဖြစ်နေတာလဲ? ရင်ခုန်နေမိတာလား....
ဟင့်အင်း မဖြစ်နိုင်တာ! ဒီတိုင်း အားနာပြီး စိတ်မောသွားတာနေမှာပါ....

Ahhh!!ဒီနေ့ကျောင်းဖွင့်တာပဲ..နောက်ကျနေပြီ.....

မြန်မြန်ဆန်ဆန်ရေချိုးပြီး စားပွဲပေါ်ကမနက်စာကို ပါးစပ်ထဲအပြည့်သွပ်ကာ ကျောင်းသို့ထွက်လာခဲ့လိုက်တယ်....

အတန်းထဲရောက်တော့...ကိုယ့်ခုံပေါ်ရောက်နေတဲ့Rilkkuma ပုံလေးနဲ့ ရေဗူးလေးရယ် စာအိတ်လေးရယ်ကြောင့် မောနေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိ.......

ကိုယ့်အရမ်းကြိုက်တဲ့ Rilkkuma ပုံလေးနဲ့ဆိုတော့ ချက်ချင်းဘဲ အဖုံးဖွင့်ကာ ကြည့်လိုက်တော့ သံပုရာရည်နဲ့ ပျားရည်ကို ရောပြီးဖျော်ထားသည်...

စာအိတ်လေးဖွင့်ဖတ်ကြည့်တော့...

"ကလေး ခေါင်းကိုက်နေသေးရင် ဘူးလေးထဲကဟာလေးသောက်လိုက်နော်...."

ဒါဆိုရင်တော့ ဘူးလေးရဲ့ပိုင်ရှင်ကို Danny အလိုလိုသိလိုက်ပြီ....အင်း...မသိစရာအကြောင်းလဲမရှိဘူးလေ သူ့ကို ကလေးလို့ခေါ်တာ ဒီတစ်ယောက်ဘဲရှိသည်မဟုတ်လား....

အတန်းဆင်းလို့ canteen ဘက်ထွက်လာမိတာ စစ်စေနဲ့ တည့်တည့်ကိုတိုးပါရော

Dannyညကအကြောင်းပြန်တွေးမိကာ ရှက်လွန်း၍မျက်နှာကြီးကို စာအုပ်ဖြင့်အုပ်ကာ ခြေဦးတည့်ရာပြေးမိသည်.....

တစ်နေရာအရောက်Danny လှည့်ကြည့်မိတော့ စစ်စေတစ်ယောက် နောက်ကပါမလာ၍ နည်းနည်းတော့ ပြုံးမိသည်....
ငါတော်တော်ရူးတာဘဲလို့ စိတ်ထဲကတွေးမိရင်းပေါ့

You've reached the end of published parts.

⏰ Last updated: Oct 24, 2019 ⏰

Add this story to your Library to get notified about new parts!

ညှို့~Where stories live. Discover now