Part.1

520 19 9
                                    

Part 1

"ဒီကောင်တော်တော် ခေါင်းကြောမာတဲ့
ကောင်ပဲ."

ရှောင်းကျန့် မိမိရှေ့က သွေးအလိမ်းလိမ်းနဲ့ ကြိုးချည်ခံထားရသော လူကို ကြည့်ရင်း သွေးအေးစွာရေရွတ်လိုက်သည်။
ဒီနေ့‌ကောဆို ဒီကောင့်ကို ချုပ်ထားတာ တစ်ပတ်ခန့်ကြာပြီပင်။
ယခင်က မိမိလက်ထဲရောက်လျှင် မည်သူ့ကိုမှ သုံးရက်ထက်ပို မကစားတတ်။

ရှောင်းကျန့်က psycho killer *
မှောင်ခို ဂိုဏ်း .Spin. မှာ သူက ခေါင်းဆောင်။သူ၏ ဆန္ဒအတိုင်း
အရာရာက တစ်သွေးတစ်သံတစ်မိန့်။
သူ့ကုန်သွယ်မှုကို လာနှောင့်ယှက်ရင်
အဲ့လူကသေဒဏ်။လက်အောက်ငယ်သားတွေကို ဖမ်းခိုင်း ပြီး သူ သုံးလေးရက်လောက် ကစားလို့၀ အတိအကျ ‌ပြောရလျှင် သူနှိပ်စက်လို့၀ရင် ဟိုကောင်တွေကို
အပြတ်ရှင်းခိုင်းလိုက်သည်ချည်း။
ဒါက ရှောင်းကျန့်။
ခပ်ရူးရူး psycho ကောင်။
သူက အမြဲလိုလို သွေးချင်းနီနေသည်ကိုမြင်မှ နေသာထိုင်သာရှိတတ်သော လူစားမျိုး။
ဂိုဏ်းသားတွေသူ့ကို ခေါ်ကြသည်က
ကိုးလ် (cold_ blooded) ။

ဟိုကောင်တွေ ဆေးသွားလဲတဲ့နေ့ လွန်ခဲ့တဲ့
တစ်ပတ်လောက်ထဲက ဖမ်းခေါ်လာခဲ့သော
သည် ရဲ။သတ်ပစ်ရန် အမိန့်ပေးသည်ကို
ကိုးလ် ကစားဖို့ဆိုကာ အလိုက်တသိခေါ်လာပေးတော့ မိမိမှာ ငြင်းရန်ကခက်ပြန်။
လူတစ်‌ယောက်ဆိုသုံးလေးရက်လောက်ပဲ နှိပ်စက်တတ်တဲ့ ရှောင်းကျန့် ကို
သည်လူသားက မလွှင့်ပစ်ချင်အောင် ဆွဲဆောင်ထားလေတော့ သူ ယခုတစ်ပတ်ကျော်သည်အထိ သူ ကစားလို့မ၀သေး။

ခေါင်းငိုက်စိုက်ကြနေတဲ့ အဲ့ ဆံပင်တွေကိုဆွဲပြီး မျက်နှာကို လှန်ကြည့်‌စေလိုက်တယ်။

သည်ကောင်က ယခုထိ သူ့ကို မျက်စိဆုံ‌အောင်ကြည့်နေတုန်း။
ရှောင်းကျန့် သဘောတွေ့သည်က လည်း ဒါပင်။ကြောက်ဒူးတုန်ပြီး အော်ဟစ်ငိုယိုနေတတ်တဲ့ လူတွေကိုပဲ ကစားခဲ့တဲ့ သူ့ဖို့
သည်လူသားက လုံး၀ new vision.*

"ရွှယ်ယန် ....သူ့ နာမည်က ဘာ......"

"ရိပေါ် ပါ ....ကိုးလ်"

"အင်း..... ရိပေါ်
သူ့ကို သန့်ရှင်းပြီး ဆေးလိမ်းပေးထာလိုက်
ငါ ပြီးမှ ပြန်လာခဲ့မယ်...."

Sweet evil Where stories live. Discover now