Chapter..4

18.4K 661 11
                                    

(++..)

ကူးစူးလန်၌....

၊ မကောင်းတော့ဘူး .....ဟန်ကွမ်းကျွင်း ၊

လန်ဂိုဏ်းတပည့်သား စစ်ကျွေးကအမော
တကော ပြေးလာရင်း လန်ကျန့်နှင့်ဝေ့ရင်းထံ လာပြောသည်။
သူတို့နှစ်ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်သည်။

‌သွားပြီ.....ဒါမေ့ာအိမ်တော်က ဖမ်းခဲ့တဲ့ဓားဝိညာဉ်။

သူတို့ရောက်တော့ လန်ဂိုဏ်းချုပ်က ဒဏ်ရာရနှင့်ပြီးဖြစ်သည်။လန်ကျန့်နဲ့ဝေ့ရင်း မောင်နှံတေးသွားကို အတူတကွတီးခတ်ရင်း ဓားဝိညာဉ် ကို ခဏတာ တည်ငြိမ်စေနိုင်လိုက်သည်။

မနက် သူတို့ ခန်းမထဲရောက်တော့
အရပ်မျက်နှာ တစ်ဖက်ဖက်ကို တိတိကျကျညွှန်ပြနေသော ဓားဝိညာဉ်။

ထိုအရာက မိမိကို ဖန်တီးခဲ့သူ ဒါမှမဟုတ်
မိမိလာရာအရပ်ကို ညွှန်ပြနေသည်ဟု
ဝေ့ရင်းကောက်ချက်ချမိပြီး ကူးစူးလန်မှ
ဆင်းကာ ထိုအရပ်ဆီသို့ လန်ကျန့်နှင့်အတူ
ခရီးနှင်လာခဲ့သည်။မိမိ‌တို့ရောက်လာသည်က ချင်းဟယ်။

ဝေ့ရင်းက ချင်းဟယ်တွင် လုံး၀မျှော်လင့်မထားသော သူ နှင့်ဆုံရပြန်သည်။ ထိုသူက
ကျင်းလင်။ကျင်းလင် ရှိရာ၌ ကျန်းချန်ရှိမည်ကို ဝေ့ရင်း သိသည်။မတွေ့ဖြစ်စေရန်လည်း သူကြိုးစားသည်။သို့သော် ကံတရားက သူ့ကို မျက်နှာသာ မပေးခဲ့။

လန်ကျန့်နှင့်သူ ကျောက်တုံးဂူဟောင်းထံသို ၀င်ရောက် သတင်းစုံစမ်းစဉ် ကျင်းလင် ကို ‌အပိတ်ခံထားလျက်တွေ့ရခဲ့သည်မို့ သူတို့ ကယ်လာခဲ့ရသည်။ကျင်းလင်ကို အကြောင်းပြု၍ ဝေ့ရင်း ရှောင်လွှဲမရသော
ကျန်းချန် နှင့် မျက်နှာချင်းဆိုင်မိပြန်သည်။

သူက အရင်လို ဒေါသကြီးဆဲ။သူ ဝေ့ရင်းထံပါး ဒေါသ စိတ်၊အညှိုးအမုန်း အတေးတို့က ယခုထိ နဲနဲမှ မလျော့သေး။
ကျန်းချန် ထံပါးက ကျင်းလင် အကူအညီဖြင့်ပြန်လွတ်လာခဲ့သည်။သူ ကျင်းလင်းကို သတိမေ့အောင်လုပ်ကာ သူ့ထံပါးက မိစ္ဆာ အဆိပ် ကျိန်စာ တို့ကို မိမိထံကူးပြောင်းယူလာခဲ့သည်။

ဝေ့ရင်းပြန်လာသော လမ်းတစ်လျောက် အထပ်ထပ်ကြားနေမိသောစကားတို့က

My extra for MDZS & Untamed Rated-M(Uni&Zaw)Complete..Where stories live. Discover now