တနေကုန် ဟိုဘက်လဲ သွားမယ် ၊ဒီဘက်လဲ သွားမယ် နှင့် အကုန်နေရာစုံအောင်ပတ်သွားပြီး အခုမှ ညောင်းတယ်ဆိုပြီး ညည်းညူနေသော အဖိုးအိုပေါက်စ ။
၊ဆေးပေးပါဦး ဆို။
မျက်မှောင်ကြုံ့ပြီး အာဗြဲကြီးနဲ့အော်နေသော ၀မ်ရိပေါ်ကို ကြည့်ပြီး သူ့ကိုယ်သူ ကလေးထိန်းဟု ပင် ထင်လာရသည် ။
၊ရော့ ....။
၊သွားတုန်းကတော့ သူမဟုတ်သလိုပဲ ၊အကုန်သွားပြီး ၊နောက်နေ့မှထပ်သွားလဲရတာကို ၊အခုမှ လာညည်းမနေနဲ့ ။၊ကျန့်ကောက ငြိုငြင်တာလား ။
ဟော၊ပြသနာအိုး ။သူ့ကို စိတ်ပူလို့ ပြောတော့လဲ ရန်ကရှာသေး ။ရှောင်းကျန့်ရဲ့ ကျန်တဲ့သက်တမ်းတစ်လျောက်လုံးကတော့ ရိပေါ်ကို ထိန်းနေရတာနဲ့တင် အားလောက်တော့မည်မထင် ။
၊အော်။ သခင်လေးရယ် ၊ကျနော်မျိုး ကြီးက စိတ်ပူလို့ပြောမိတာပါ ၊စိတ်မဆိုးပါနဲ့ နော် ။
၊ပြီးတာပဲ ၊ဒါဆိုလဲ ။
ရှောင်းကျန့် သူ့ဘာသူတောင် သနားလာသည် ။သူ့ဘ၀က ကလေးကို မုန့်ပေးကြိုက်နေရသလိုပင်။ သူ ခေါင်းတို့ကို အသာခါရမ်းပြီး အ၀တ်လဲ ဖို့ ရေချိုးခန်းထဲ၀င်လိုက်သည်။ပြီးမှ သူPhone ကို ဖွင့်ကြည့်ပြီး ရုတ်တရက်ပြုံးမိသည် ။
Wallpaper ပေါ်မှာတင်ထားသော Skateboard နဲ့ လူသားလေးက ပြုံးလို့ ။
Phone ထောင့်စွန်းက Date ကို ကြည့်ပြီး
သူ ပြုံးမိနေတာ ။၊ဟုတ်သားပဲ ၊။
ရိပေါ် ညောင်းနေတာမို့ ကျန့်ကော အ၀တ်လဲပြီး ထွက်လာကိုတောင် မစောင့်မိဘဲ အိပ်ပျော်သွားမိတာ ။မျက်စိထဲ စူးကနဲ အလင်းရောင်ကြောင့် ပြန်နိုးလာတော့။
၊Happy Birthday ။၀မ်လေး...။
တကယ်ကြီးလား ။သူအခုမှတရေးနိုးတာလေ။ဒီနေ့က သူ့မွေးနေ့တဲ့လား ။
သူ အိပ်မှုန် စုတ်ဖွားနှင့်ထမိတော့ ကျန့်ကောက သူ အိပ်နေရာဘေး ကုတင်ပေါ်မှာ ကိတ်မုန့်လေးကို ကိုင်ထားရင်း သူ့ကို ပြုံးပြနေတာ ။
၊မီးမှုတ်လိုက်ဦးလေ ....။
ရိပေါ်ကအိပ်ချင်မူးတူးနဲ့ မို့ ရှောင်းကျန့် သူ့ကလေးကို အိပ်ရေးမ၀အောင်လုပ်မိပြီလားဟုစိတ်ပူမိရပြန်သည်။ပြီးမှ ပြုံးရင်း ဖယောင်းတိုင်မှုတ်နေသော ရိပေါ်ကို ကြည့်ပြီးမှ သူစိတ်ချနိုင်တော့သည်ပင် ။
YOU ARE READING
My extra for MDZS & Untamed Rated-M(Uni&Zaw)Complete..
FanfictionYi Zhan fan fic။(uni+zaw) (completed ) Mdzs & the untamed ရဲ့ Bts...💙🖤 innocentတို့အတွက်။ 😂😂