Chapter-5(Give & Take)

24 2 0
                                    

(Zawgyi Version)

မုတ်သုံ လည်းအထိုးခံထားရတဲ့နှုတ်ခမ်းကို
လက်မဖြင့်ပွတ်ရင်းခပ်သွက်သွက်လျှောက်
လာမိသည်။ အခုချိန်ထိတော့ လေပြည်အနောက်ကခေါ်နေတာကိုမကြား
သေး။ လွယ်အိတ်ကို ပခုံးပေါ်တင်ကာ
ကျောင်းအရှေ့ပေါက်လမ်းကမလာဘဲ
ကျောင်းအနောက်လမ်းကကိုတမင်ပြန်လာ
ခြင်းဖြစ်သည်။အကြောင်းမှာ မုတ်သုံ၏ အထိုးခံထားရတဲ့မျက်မှာကို ကျောင်းဂိတ်ဝမှတာဝန်ကျဆရာမတွေ့ပါက
ပြဿနာတက်မှာစိုး၍သာဖြစ်သည်။

"ဒီမှာ...ဒီမှာ...ခဏရပ်ပါဦး...
ဟေး..ဟာ..ခဏရပ်ပါဦးလို့ "

လေပြည်လည်း ဒီလောက်အသံပြဲနဲ့ခေါ်နေတာ
တောင်မကြားတာ ဒီလူ နားသိပ်မကောင်းဘူးထင်သည်ဟု တွေးမိသည်။
နောက်ကနေ အော်ခေါ်ရင်း မုတ်သုံခြေလှမ်းတွေကိုမီအောင်လိုက်
ရသည်မှာ ပြေးလိုက်နေရသလိုပင်။
အော်လည်းအော် လိုက်လည်းလိုက်ရတာကြောင့်မောလည်း
မောသည်။ ထို့ကြောင့်ခဏရပ်ကာ ရင်ဘတ်ကိုဖိပြီး အသက်ကိုဝအောင် ရှူရသေးသည်။

ထို့နောက်တွင်တော့မထူးတော့ဘူးဟုဆိုကာ
နောက်ကအော်လိုက်နေတာကိုရပ်ကာ
အသံကုန်ခြစ်ကာ အော်လေတော့သည်။

"ဒီမှာ..........."
လေပြည့် သာယာနာပျော်ဖွယ်အော်သံကြောင့် မုတ်သုံလည်း လန့်ဖျပ် သွားကာ နောက်သို့လှည့်ကြည့်တော့သည်။

လေပြည့်မှာတော့ နောက်ကပြေးလိုက်ရလို့မောနေတာရော၊
အော်ရလို့မောနေတာရော ရင်ဘတ်ကလေးကိုသာဖိ၍
အသက်ကို လုရှူနေလေသည်။

မုတ်သုံလည်း...

"ဘာလဲကွာ...ငါနားမကန်းပါဘူး
ဘာလို့အသံကုန်အော်ရတာလဲကွ
နားကိုပူသွားတာဘဲ "
 
သူ၏နားတစ်ဖက်ထဲကို လက်ညှိုး
ထိုးထည့်ပြီး နားညည်းဟန် လုပ်တော့
လေပြည်လည်း ဒေါနည်းနည်းကန်သွားကာ

"ကျွန်တော် အော်ခေါ်နေတာ နောက်ကသေတော့မယ်
ခင်ဗျားကလှည့်မှမကြည့်တာ
ဒီမှာသူ့ခြေလှမ်းကိုမီအောင်လိုက်ရတာ
မောနေတာဘဲ သူကဖြင့်ကြားမှမကြားဘဲ
အော်ခေါ်ရတာ  "

လေပြည်လည်း ဒေါကန်ကန်နဲ့နှုတ်ခမ်းတဆူဆူနဲ့ ပြောတော့
မုတ်သုံလည်း ရယ်ချင်သွားသည်။

Love ComesWhere stories live. Discover now