Chapter-3( Thank For help)

31 3 6
                                    

(Zawgyi Version)

ပူပြင်းသောနွေရာသီကျောင်းပိတ်ရက် သုးံလကိုကျော်လွန်ခဲ့ပြီဖြစ်၍
မိုးလေးများကစပ်ကြား စပ်ကြားနှင့်တဖွဲဖွဲ
ရွာနေပြီဖြစ်သည်။ သင်္ကြန်ကာလ၏ပြယုဂ်တစ်ခုဖြစ်သည့် ပွင့်ရန်ကျန်ရှိနေသော
ပိတောက်ပန်းအဖူးအငုံများသည် ပြန်လည်ဖူးပွင့်လာပြီဖြစ်၍လည်း
မဟာသင်္ကြန်ကိုပြန်လည်လွမ်းဆွတ်တမ်းတဖွယ်
ပင်ဖြစ်နေပေတော့သည်။
မိုးရေအေးအေးများကြားထဲတွင်
ကျောင်းသား/သူများသည်လည်း
လွယ်အိတ်ကိုယ်စီ၊ ထီးကိုယ်စီဖြင့် ကျောင်းတော်ကြီးဆီသို့ချီတက်နေကြပြီဖြစ်သည်။

လေပြေ တစ်ယောက်သည်လည်း ဧည့်ခန်း၌ထိုင်နေရင်း မိုးရေစက်ကလေးများ
တစ်ပေါက်ပေါက်ဖြင့်ကျနေသည်ကို
ငေးကြည့်နေမိသည်။ ထိုမိုးရေစက်ကလေးများအား လေပြည် ချစ်သည်။ ထိုမိုးရေစက်ကလေးများ
သည်လေပြည်ပြောသမျှနားထောင်ပေးသည်
လေပြည် စိတ်ညစ်တိုင်း၊ လေပြည် ငိုချင်တိုင်းမိုးရေစက်ကလေးများသည် လေပြည်ရင်ဖွင့်ရာ၊
ငိုကြွေးရာ၊ အားပေးဖော်ပင်ဖြစ်သည်။

"သား လေပြည် ကျောင်းချိန်နီးနေပြီလေ
ဘာတွေငေးနေတာလဲ
ကျောင်းသွားဖို့လုပ်တော့"

မေမေ့၏ ကျောင်းသွားဖို့ဆော်ဩသံကိုကြား
လိုက်ရချိန်တွင် လေပြည် ၏ အတွေးစတို့ပျောက်ပျက်သွားလေပြီ။
သက်ပြင်းတစ်ခုကိုခပ်တိုးတိုးချရင်း
လေပြည် ထိုင်ရာမှထသည်။
"ဟုတ်..မေမေ" ရုတ်တရက်ထလိုက်သည်မို့
  လေပြည် ခေါင်းထဲတွင် ရိုးတိုးရိပ်တိပ်နှင့် မူးဝေသွားသည်။
"ဟယ်..သားလေး ခေါင်းမူးသွားတာလား
ဘယ်နေရာကမကောင်းဘူးလဲ
မေမေ့ကိုပြော.."
မေမေ ပြာပြာသလဲဖြင့် ကျွန်တော့်ကိုထိန်းထားရင်းစိတ်ပူစွာပြောရှာသည်။မေမေသည် ကျွန်တော့်ကိုသိပ်ချစ်သည်။သိပ်ချစ်သ
လောက် ကျွန်တော့်ကို အရိပ်တကြည့်ကြည့်
နှင့်ဂရုစိုက်တတ်သည်။ကျွန်တော် တစ်ခုခု
ဖြစ်သွားမှာစိုး၍ ကျွန်တော့်ကိုဘာမှမခိုင်း။
အမြဲတမ်းပင်  ပျော့ညံ့သူတစ်ယောက်ကဲ့သို့
ကျွန်တော်လုပ်ရမည့်ကိစ္စသေးသေးလေးမှ
အစ သူကိုယ်တိုင်လုပ်ပေးတတ်သည်။
အဝတ်အစားဝတ်တာကမှအစ မေမေဝတ်ပေးသည်။
ကျွန်တော်သည်လည်းမေမေ့ကိုချစ်ပါသည်။
သို့သော် နေရာတကာလိုက်လုပ်ပေးတတ်သော
မေမေ့ကြောင့်ကျွန်တော်ကိုယ့်ကိုယ်ကို
သိမ်ငယ်တတ်သည်။တစ်ခါတရံ
ငါဘာမှမလုပ်နိုင်ပါလား
ဟူသောအတွေးမျိုးဝင်လာတတ်သည်။
ကျွန်တော်သည် ကိုယ့်အားကိုယ်ကိုးပြီး
ပျော့ညံ့တဲ့သူတစ်ယောက်မဟုတ်မှန်း
မေမေသိစေချင်သည်။ဒါပေမယ့်
မေမေ့ရဲ့ဖြူစင်သော ဂရုစိုက်မှုကို
ကျွန်တော်ဥပေက္ခာမပြုရက်။
မေမေလုပ်ပေးသမျှ တစ်ခွန်းမှမပြောခဲ့၍လား
ကျွန်တော်သည် တဖြေးဖြေးနှင့် ပျော့ညံ့သူတစ်ယောက်ဖြစ်လာရင်းဖြစ်လာခဲ့ပေသည်။

Love ComesWhere stories live. Discover now