စာသင်ခန်းထဲကသရဲများ

2.1K 40 5
                                    

" ဆရာမလေးမြတ်နိုးဒီညဘယ်လိုအိပ်လို့ပျော်တော့မှာလဲ ည၁၂နာရီတောင်ထိုးတော့မည််ဘယ်လိုမှအိပ်မရသေးမနက်ဖြန်ဆိုတောရွာမူလတန်းပြကျောင်းလေးကနေ နယ်မြို့လေးတစ်မြို့ကအထက်တန်းကျောင်းမှာအလယ်တန်းပြဆရာမလေးတစ်ဦးအဖြစ်ပြောင်းရွေ့တာဝန်ထမ်းဆောင်ရတော့မည်ဆိုတဲ့ စိတ်ကြီးကပိုလို့အိပ်မပျော်နိုင်ဖြစ်နေတယ်" ဒီဝေးလံခေါင်းပါးတဲ့ရွာလေးမှာအနေဆင်း ရဲအစားဆင်းရဲနဲ့တာဝန်ထမ်းဆောင်နေရတေ့ာ မိသားစုနဲ့လဲအဆက်သွယ်ကမရ"အမေကသူတို့နဲ့နီးအောင်မြို့ပေါကအထက်တန်းကျောင်းကိုပြောင်းရွေ့ဖို့လျှောက်လွှာတင်ခိုင်းတေ့ာမတင်ချင်ဘူးဒီရွာလေးမှာပဲတာဝန်ထမ်းဆောင်ချင်တယ်ပြောလို့မိသားစုနဲ့အတိုက်ခံဖြစ်ခဲ့ရသည် ""သေချာပြန်စဉ်းစားကြည့်လိုက်တော့လဲငါ့မိသားစုလဲင့ါကိုလွမ်းနေရှာမှာပဲ ပြီးတေ့ာငါဒီတိုင်းနေသွားလို့မှမရတာ ငါ့ဘဝတိုးတက်ဖို့မြို့ကျောင်းကိုပြောင်းရွေ့ရမှာပဲလေဆိုပြီး၂လ၃လလောက်စဉ်းစားပြီးမှ ပြောင်းရွှေ့ဖို့လျှောက်လွှာမတင်ချင်တင်ချင်တင်ခဲ့ရတာ" ခုလိုorderခပ်မြန်မြန်ကျလာမယ်လို့ မထင်ထားခဲ့ဘူးခုလိုorderမြန်မြန်ဆန်ဆန်ကျလာတော့လဲ ရိုးသားပွင့်လင်းတဲ့တောသူတောင်သားတွေနဲ့ခွဲခွာရတော့မှာကတစ်ကြောင်း ကိုယ်အရမ်းသံယောဇဉ်တွယ်ပြီးအရမ်းချစ်ရတဲ့ကိုယ့်တပည့်လေးတွေနဲ့ခွဲရတော့မယ်ဆိုတာကိုတွေးကြည့်ရင်းဆရာမလေးမျက်ဝန်းမှမျက်ရည်စများစီးကျလာပါတော့သည် "" မဖြစ်သေးပါဘူးမနက်စောစောထရမယ်ငါစောစောအိပ်မှဖြစ်မည်ဆိူပြီးမျက်လုံးကိုအတင်းမှိတ်၍အိပ်ပျော်အောင်အိပ်လိုက်သည်""ဆရာမလေးခေါင်းရင်းမှနာရီနိူးစက်သံတညံညံကြား၍ဆရာမလေးမျက်စိနှစ်လုံးပြူးပြဲ၍ အတင်းဖွင့်ကြည့်တော့အာာ၇နာရီတောင်ထိုးပြီပဲအိပ်ချင်သေးပါတယ်ဆို အော်မေ့နေတာငါကျောင်းပြောင်းရဦးမှာပဲဆိုတဲ့အသိဝင်လာသဖြင့်ကုတင်ပေါမှအိပ်ချင်မူးတူးပုံစံဖြင့်ကုန်းထပြီးအပြေးလွှားရေတွင်းရှိရာဆီသို့ထွက်လာခဲ့လိုက်သည်"" ဆရာမလေးရေချိုးအဝတ်စားလဲပီးတာနဲ့ ထည့်စရာရှိတဲ့အဝတ်စားတွေခရီးဆောင်အိတ်ထဲအကုန်ထည့် တခြားပစ္စည်းတိုပစ္စည်းစမကျန်အကုန်သိ်မ်းဆည်းပြီး ရွာထဲကဆိုင်ကယ်taxiသမားကိုချက်ကြီးကို ကျောင်းရှေ့ကထွက်စောင့်နေမိသည် "" တီ.တီ.တီဟာကိုချက်ကြီးကလဲကြာလိုက်တာဒီမှာကျွန်မကစောင့်နေတာကြာလှပြီဆရာမလေးကလဲခုမှ၇နာရီတောင်မခွဲသေးဘူးဘာတွေလောနေတာလဲဆရာမလေးရဲ့ ""ဘာလဲဆရာမလေးကကျုပ်တို့တောရွာကစုတ်ချာချာကျောင်းကနေမြို့ကအထက်တန်းကျောင်းကိုပြောင်းရတော့မယ်ဆိုတော့ဝမ်းသာနေမှာပေါ့ ကျုပ်တို့လိုတောရွာကလူတွေကတော့ ဆရာမလေးလိုစေတနာကောင်းအသင်ပြကောင်းတဲ့ဆရာမလေးနဲ့ခွဲရတော့မယ်ဆိုတော့ တစ်ရွာလုံးစိတ်ကောင်းဖြစ်နေကျတယ်ဗျာ"" ကိုချက်ကြီးပြောလိုက်တဲ့စကားကြောင့် ဆရာမလေးရင်ထဲမှာစို့နင့်သွားပြီးမျည်ရည်များပါဝဲတက်သွားပြီးမငိုမိအောင်မနဲထိန်းလိုက်ရသည် "" ကျွန်မဒီရွာလေးနဲ့ဘယ်ခွဲချင်ပါ့မလဲကိုချက် ကြီးရယ်ဒီရွာမှာအပင်းပန်းခံအဆင်းရဲခံပြီး မန်းလေးကနေဒီရွာမှာလာပြီးကလေးတွေပညာရေးမြင့်မားဖို့လာပြီးစာသင်ပြပေးနေတာပါ" ခုဆိုဒီရွာလေးမှာတာဝန်ထမ်းဆောင်ခဲ့တာ ၄နှစ်ပြည့်တော့မယ် ကျွန်မတပည့်လေးတွေနဲ့ရော ရိုးသားဖြူစင်တဲ့ရွာသူရွာသားတွေနဲ့ရော ကျွန်မဘယ်ခွဲချင်ပါ့မလဲကိုချက်ကြီးရယ် "" ကျွန်မတို့်ဝန်ထမ်းဘဝဆိုတာ ကျရာနေစေရာသွားရတဲ့ဘဝတွေပါ ခုလဲအထက်ကတာဝန်ပေးတော့သူတို့ပြောင်းခိုင်းတဲ့နေရာကျွန်မမပြောင်းချင်လဲပြောင်းရတော့မယ် ကျွန်မမပြောင်းချင်ပါဘူးလို့ငြင်းဆန်လို့မှမရတော့တာကိုချက်ကြီးရယ်ဆိုပြီး" ဆရာမလေးမြတ်နိုးမျက်ဝန်းထဲကမျကိရည်စများထိန်းချုပ်ထားသည့်ကြားမှဒလဟောပါးပြင်ထက်သို့စီးကျသွားလေပြီ ငါပြောင်းရွှေ့လျှောက်လွှာတင်ခဲ့မိတာမှားပြီ လားဆိုတဲ့အတွေးဝင်လာလေမျက်ရည်စ တု့ိကထိန်းမရတော့ဆရာမလေးငိုလိုက်မိသည် "" ခုလိုကျွန်မစောစောသွားချင်တာ ဒီနေ့စနေနေ့ကျောင်းပိတ်တော့ကျွန်မတပည့်လေးတွေကျောင်ပိတ်တော့စောစောအိပ်ယာထကျသေးမှာမဟုတ်ဘူး သူတို့မနိူးသေးတဲ့အချိန်ကျွန်မထွက်သွားချင်တာပါ သူတို့လေးတွေကျွန်မကျောင်းပြောင်းသွားတာသိရင်သူတို့လေးတွေအရမ်းဝမ်းနဲခံစားကျရမှာ" ကျွန်မကိုယ်ကျွန်မလဲသူတို့လေးတွေမြင်ရင် ထိန်းချုပ်နိုင်မယ်မထင်ဘူးအာ့ကြောင့်သူတို့လေးတွေမနိူးသေးတဲ့အချိန်ကျွန်မစောစောထွက်သွားချင်တာပါဆိူပြိးဆရာမလေးမျက်ဝန်းထဲမျက်ရည်များထပ်မံ၍စီးကျလာပါတော့သည်"" ၂နာရီလောက်ဆိုင်ကယ်မောင်းပြီး နယ်မြို့လေးကဆရာမလေးတာဝန်ထမ်းဆောင်ရမဲ့အထက်တန်းကျောင်းရှေ့ရောက်ရောက်ချင်း ဆိုသလိုသူတာဝန်ထမ်းဆောင်ရမည့်ကျောင်းဝန်းကြီးထဲသို့ခြေလှမ်းကျဲကျဲများဖြင့်လျောက်လှမ်းဝင်လာခဲ့လိုက်သည် ""ကျောင်းဆောင်များရှိရာဆီသို့လျောက်လှမ်းသွားရင်းနှစ်ထပ်ကျောင်းဆောင် ရှေ့ရောက်ရောက်ချင်းမှာပဲဆရာမလေးမြတ်နိုး တစ်ကိုယ်လုံးကျောင်းဆောင်အပေါထပ်ကနေ ရေခဲရေအေးအေးနဲ့လှမ်းပက်လိုက်သလား အောက်မေ့ရတယ် တစ်ကိုယ်လုံးသိမ့်ကနဲဆို တုန်တက်သွားပြီး အထုပ်ကိုင်ထားတဲ့လက်နှစ်ဖက်လုံးကအမွှေးညှင်းလေးများပါထောင်တက်လာပြီး ကြက်သိမ်းများဖြန်းဖြန်းနဲ့နေအောင်ထသွားပါတော့သည် "" ဆရာမလေးချက်ချင်းဆိုသလိုစိတ်ထင့်သွား ပြီးခြေလှမ်းကျဲကျဲကနေခြေလှမ်းသွက်သွက်လေးလျောက်လှမ်းသွားလိုက်ပါတော့တယ်" လျောက်နေတဲ့ခြေလှမ်းကိုတုံ့ကနဲချက်ချင်း ရပ်တန့်လိုက်ပြီး ချက်ချင်းဆိုသလိုဆရာမလေးနောက်ကိုဆက်ကနဲလှည့်ကြည့်လိုက်ပြီး အဲကျောင်းဆောင်အမည်ကိုသေသေချာချာဖတ်ကြည့်လိုက်တော့အဲကျောင်းဆောင်နာမည်က( နဝဒေးအဆောင် )" ဆရာမလေးမြတ်နိုးကျောင်းအုပ်ဆရာမကြီး ရှိရာကျောင်းအနောက်ဘက်အစွန်ဆုံးက ဆရာမကြီးနေဖို့ဆောက်ထားပေးတဲ့အဆောင်သို့ရောက်ရောက်ချင်းဆရာမကြီးကအဆောင်ရှေ့ကဆီးကြိုပြီး ဆရာမလေးမြတ်နိုးလား ဟုတ်ကဲ့ဆရာမကြီး လာလာဆရာမကြီးကသမီးကိုမနက်ကတည်းကမျှော်နေတာ သမီးနေရမဲ့အဆာင်လိုက်ပြမယ်လာ"ဆရာမကြီးနေထိုင်ရာအဆောင်ရဲ့ခပ်လှမ်းလှမ်းလောက်လျှောက်သွားရပြီးကျောင်းဝန်းအနောက်ဘက်အစွန်ဆုံးလောက်မှာတည်ရှိတဲ့ ဆရာမတွေနေထိုင်ရာထရံအိမ်အဆောင်လေး၂လုံး ရှေ့ရောက်တော့ ဒါသမီးနေရမဲ့အဆောင်ပဲသမီး ""ခုလောလောဆယ်ဒီအိမ်လေးထဲမှာသမီးတစ်ယောက်ပဲနေရမယ် ဟိုဘက်အိမ်လေးက မူလတန်းပြဆရာမနှစ်ယောက်နေတယ် နောက်လမှအထက်တန်းပြဆရာမတစ်ယောက်ပြောင်းလာမှာအဲကျမှသမီးနဲ့အတူနေလိုက် ခုလောလောဆယ်ဒီအိမ်လေးထဲမှာပဲ သမီးအဆင်ပြေသလိုနေလိုက်နော် "" ဆရာမလေးကိုယ်နေရမဲ့အဆောင်ထဲဲရောက်ရောက်ချင်းဆိုသလို အထုပ်ပြစ်ချပြီးကုတင်ပေါမှာခင်းထားတဲ့သင်ဖြူးဖြာပေါပေပွနေတဲ့ဖူန်များကိုတံပြက်စည်းနဲ့ ွှုွှွှလှည်းကျင်းတစ်ခန်းလုံးသန့်ရှင်းရေးဘာညာလုပ်ပြီးမောမောနဲ့ကုတင်ပေါပြစ်လှဲ ခဏနားရင်းဘယ်လိုအိပ်ပျော်သွားလိ့ုသွားမှန်းမသိအိပ်ပျော်သွားပါတော့သည်" ဘယ်ချိန်ထိအိပ်ပျော်သွားမှန်းမသိနေ့လည်၁နာရီတောင်ထိုးသွားပြီဆရာမလေးကို လူတစ်ယောက်ကလက်နဲ့ပုတ်နိူးလိုက်တော့ ဆရာမလေးဟင်ဆိုလန့်နိုးလာတယ်ကြည့်လိုက်တော့အနားမှာဘယ်သူမှမရှိဘူး အာငါအိပ်နေရင်းလန့်နိုးလာတာနေမှာပါလို့ပဲတွေးလိုက်တယ် ""ဟင်၁နာရီတောင်ထိုးတော့မယ်မနက်ကတည်းကဘာမှလဲမစားရသေးဘူးလို့တွေးတုန်းရှိသေးတယ် အပြင်ကနေသမီးမြတ်နိုးနိုးပြီလားလို့ ဆရာမကြီးအော်ခေါသံကြားတော့ရှင်လာပြီ ဆရာမကြီးအဆောင်ရှေ့ရောက်တော့ သမီးအတွက်ထမင်းလာပို့တာ ရပါတယ်ဆရာမကြီးကလဲသမီးဝယ်စားလိုက်ပါ့မယ်"မဟုတ်တာသမီးကလဲဒီနေ့ဆရာမကြီးကျွေးတာစားလိုက် မနက်ဖြန်ကျမှသမီးဖာသာချက်စားပေါ့ ဒီကျောင်းကသမီးတို့အရင်ကျောင်းကလိုမီးမရှိတာမှမဟုတ်တာ လျှပ်စစ်မီးလည်းရှိတယ် ပေါင်းအိုးနဲ့လျှပ်စစ်ဒယ်အိုးဝယ်ပြီးချက်စားရုံပဲဟုတ်ကဲ့ပါဆရာမကြီး မနက်ဖြန်သမီးသွားဝယ်ထားလိုက်ပါ့မယ် ကဲကဲထမင်းစားလိုက်ဦး ဆရာမကြီးသွားတော့မယ်နော် လိုအပ်တာရှိရင်ဆရာမကြီးအဆောင်လာပြောနော် ဟုတ်ဟုတ်ဆရာမကြီး "" ဆရာမလေးစားပြီးသောက်ပြီးလို့ပန်းကန် ဆေးဖို့အဆောင်နောက်ကျေားကရေကန်လေး ရှိရာဆီအထွက်ဟိုဘက်အဆောင်ကဆရာမလေး၂ယောက်ကရေချိုးဖို့ထွက်အလာနဲ့ဆုံမိတော့ ဆရာမလေး၂ယောက်ကလဲပြုံးပြတော့ဆရာမလေးမြတ်နိုးလဲပြန်ပြုံးပြလိုက်ပြီး" ဆရာမလေးကဒီနေ့မှပြောင်းလာတာလား ဟုတ်တယ်ဆရာမ ဆရာမဒါနဲ့ဆရာမကြီးကဒီအဆောင်မှာနေခိုင်းတာလားဟုတ်တယ်လေဘာလို့လဲ အယ်နေရဲလို့လားအဲအဆောင်မှာဆိုပြီးဆရာမတစ်ယောက်ပါးစပ်ကနေလွှတ်ကနဲထွက်သွားတော့ဘေးကဆရာမတစ်ယောက်ကလက်ကုပ်ပြီးသူ့သူငယ်ချင်းကိုမပြောဖို့ဟန့်တားလိုက်တယ် ""ဘေးကဆရာမတစ်ယောက်ကချက်ချင်းဆိုသလိုစကားဖြတ်ပြီးဆရာမပန်းကန်ဆေးမလို့မလားဆေးလေဆရာမဆေးပြီးမှကျွန်မတို့ရေချိုးလိုက်မယ်ဆိုပြီးသူ့သူငယ်ချင်းကိုလက်ကုပ်ပြီးအခန်းထဲခေါသွားတယ် "" ဆရာမလေးမြတ်နိုးခဏတွေဝေသွားတယ် နေရဲလို့လားဆိုတာဘာလဲပေါ့???? အဲအတွေးကိုချက်ချင်းဖျောက်ပြီးအော် ငါတစ်ယောက်ထဲမလို့နေရဲလို့လားလို့မေးတာနေမှာပါဆိုပြီးပဲတွေးလိုက်တယ် "်ညရောက်တော့ဆရာမလေးညတိုင်းရွတ်နေကျပဠာန်းကိုရွတ်နေရင်းစေ့ထားတဲ့တံခါးမကြီးက လေမတိုက်ပဲကျွီဆိုပွင့်သွားတော့ဆရာမလေးလဲစာအုပ်ကြည့်ရွတ်နေရာကနေ တံခါးပေါက်ဆီချက်ချင်းဆိုသလိုလှမ်းကြည့်လိုက်တာ အရိပ်မဲမဲကြီးတစ်ခုကလွှားကနဲဆိုအပြင်ထွက်သွားတာမြင်လိုက်ပြီးချက်ချင်းဆိုသလိုတံခါး၂ချပ်ကဝုန်းဆိုပြန်ပိတ်သွားတေ့ာပါးစပ်ကနေအမလေးလို့အေ်ာရင်းလန့်ပြီးတုန်ခါသွားတယ် "" ပဋ္ဌာန်းစာအုပ်ကုတင်ပေါခဏတင်ထားခဲ့ပြီး ကုတင်ပေါကနေအပြေးလွှားဆင်းပြီး တံခါးမကြီးဂလန့်ပြေးထိုးလိုက်မိတယ်စိတ်တွေအရမ်းလူပ်ရှားပြီးအရမ်းလန့်သွားမိလို့ဖြစ်နိုင်ရင်ပဋ္ဌာန်းကိုဆက်မရွတ်တော့ပဲ ခြင်ထောင်ထောင်ပြီးစောင်ခေါင်းမူးခြုံပြီးအိပ်ပြစ်လိုက်ချင်မိသည် "" သို့ပေမဲ့အဓိဋ္ဌာန်ထားတာပျက်မည်စိုးသဖြင့် စိတ်ကိုလျော့ချပြီးဘုရားကိုပြန်အာရုံပြု၍ ရွတ်ဖတ်စရာရှိတာပြန်လည်ရွတ်ဖတ်ပြီးတော့ ဘုရားဂုဏ်တော်တရားဂုဏ်တော်တို့ကြောင့် ကြောက်တဲ့စိတ်များပျောက်ကွယ်သွားပြီး စိတ်နှလုံးမှာဘဝင်ပြုံး၍အေးချမ်းသွားခဲ့ရသည်" မနက်မိုးလင်းတော့ပထမဆုံးအတန်းသစ်ကိုသင်ကြားပေးရမည့်အပြင်ကျောင်းသူကျောင်းသားအသစ်များနဲ့လဲစတင်တွေ့ဆုံရမည်ဆိုတော့ ဆရာမလေးစိတ်ထဲရင်ခုန်စိတ်လူပ်ရှားနေမိတာတော့အမှန်ပဲဗျို့ "" ၉နာရီကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာမလေးမြတ်နိုးနဲ့ကျောင်းအုပ်ဆရာမကြီးဝင်လာတာမြင်တော့ကျောင်းသူကျောင်းသားတွေအားလုံးမတ်တပ်ရပ်နူတ်ဆက်ကျပြီး ဆရာမကြီးကဒါသားတို့သမီးတို့ကိုသင်ပြပေးမယ့်ဆရာမလေးမြတ်နိုးခင်ခင်ပဲဆရာမစကားကိုနားထောင်ကျလိလိမ္မာမ္မာနေကျဆိုပြီးဆုံးမစကားပြောကြားပြီးပြန်သွားတယ် "" ဆရာမလေးလဲကျောင်းသူကျောင်းသားအသစ်လေးတွေနဲ့ပျော်ပျော်ရွှင်စာသင်ပြီးနေ့လည်မုန့်စားကျောင်းခေါင်းလောင်းတောင်တီးနေပြီပဲ ကလေးတွေအားလုံးမုန့်သွားစားတဲ့သူကစားကျ အပြင်ထွက်ဆော့တဲ့သူကဆော့ကျနဲ့အတန်းထဲမှါဆရာမလေးတစ်ယောက်ပဲ ကျန်ခဲ့တာပေါ့ဆရာမလေးလဲစာရင်းဇယားတွေလုပ်နေရင်းအပေါထပ်ကနေလူတစ်ယောက်ခုန်ပေါက်ပြေးလွှားနေတဲ့ဆူဆူညံညံအသံကြားနေရတယ် ဆရာမစိတ်ထဲအပေါထပ်ကကျောင်းသားတွေဆော့နေတယ်ပဲထင်တာပေါ့" တအောင့်လောက်နေတဲ့အပေါထပ်ကအသံမကြားရတော့ဘူးဆရာမလဲအိမ်သာခဏသွားဦးမယ်ဆိုပြီးအတန်းအပြင်ထွက်လာခဲ့လိုက်တယ်"အပြင်ရောက်တော့ဘေးခန်းကဆရာမနဲ့နူတ်ဆက်ပြီးဆရာမလေးမြတ်နိုးဆရာမကိုမေးလိုက်မိတယ် အောက်ထပ်က၇တန်းအပေါထပ်က၈တန်းတွေလားဆရာမလို့မေးလိုက်တော့ ဆရာမမျက်နှာချက်ချင်းပျက်သွားပြီး" ဆရာမလေးမသိသေးဘူးလားအပေါထပ််တစ်ထပ်လုံးဘယ်အတန်းမှမသင်ဘူး အကုန်ပိတ်ထားတာအောက်ထပ်တွေပဲစာသင်တာလေအမ်ဆိုပြီးဆရာမလေးမြတ်နိုးကြောင်သွားပြီး နဝဒေးအဆောင်ရဲ့အပေါထပ်မော့ကြည့်လိုက်တော့ ဟုတ်ပါရဲ့အခန်းတွေအကုန်သော့ခတ်ထားတာပဲ"အဲအပေါထပ်စာမသင်တော့ပဲပိတ်ထားတာကြာပြီဆရာမလေးရဲ့ကျွန်မဒီကျောင်းပြောင်းလာတာတောင်၃နှစ်ကျော်ပြီ ကျွန်ပြောင်းမလာခင်၁နှစ်ကျော်လောက်ကတည်းကပိတ်ထားတာတဲ့ဘယ်သူမှလဲအပေါမတက်ရဘူးတားမြစ်နယ်မြေလေလို့ပြောလိုက်တ်ယ" ဆရာမလေးတော်တော်အံသြသွားမိသည် ကျောင်းကြီးအိုနေလို့ပျက်စီးယို့ယွင်းနေလို့ ပိတ်ထားတယ်ဆိုထားပါတော့ ခုတော့ကျောင်းဆောင်ကြီးကလဲအသစ်နီးနီးရှိသေးတယ် ဘာကြောင့်အပေါထပ်ကိုအသုံးမပြုတော့ပဲ အခန်းတိုင်းအခန်းတိုင်းကိုသံကြိုးတွေသော့တွေနဲ့ခတ်ထားပါလိမ့်" ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဆရာမလေးမြတ်နိုး ခင်ခင်တောင်ဟောဒီက( နဝဒေး )ကျောင်းဆောင်ကြီးအကြောင်းကိုဘယ်လောက်ထိအံသြတကြီးစိတ်ဝင်စားသွားမလားဆိုတာမမေးနဲ့တော့ စာရေးသူကျွန်တော်ကတော့ အဲကျောင်းဆောင်ကြီးအကြောင်းကိုအရမ်းတွေကိုစိတ်ဝင်စားနေပြီဗျို့စာဖတ်သူတွေရောစိတ်ဝင်စားမယ်လို့ထင်ပါတ်ယ်" ဆရာမလေးလဲဘာကြောင့်ပိတ်ထားလဲဆို တာအရမ်းသိချင်လာတာနဲ့ဆရာမကိုချက်ချင်းမေးလိုက်တယ် ဆရာမဆရာမဘာလု့ိအဲအပေါထပ်ကပိတ်ထားတာလဲဟင် ဆရာမခဏတွေဝေသွားပြီး ပြောချင်ပေမဲ့ပြောမထွက်သလိုအောင့်သက်သက်ပုံစံအရိပ်ယောင်ပြရင်း နောက်ကျဆရာမလေးသိလာမှာပါလို့ပြောပြီး လှည့်ထွက်သွားပြီးသူ့အခန်းထဲသူပြန်ဝင်သွားတယ်" ဆရာမလေးမြတ်နိုးလဲဇဝေဇဝါမသေချာတဲ့ အတွေးများနဲ့တွေးရင်းငေးရင်းကျန်ရစ်ခဲ့တော့တယ်" ကျောင်းဆောင်အပေါထပ်ကိုပြန်မော့ကြည့့််လိုက်တော့ဆရာမလေးပြေးမြင်လိုက်တာက( နဝဒေးအဆောင်)ဟာငါစရောက်တဲ့နေ့ကကြက်သိမ်းဖြန်းဖြန်းထပြီးစိတ်ထဲထင့်သွားတာဒီကျောင်းဆောင်ရှေ့ပဲ ငါသေချာမှတ်ထားတာဒီအဆောင်ပဲသေချာပြီ ဒီကျောင်းဆောင်ကြီးကတစ်ခုခုထးူဆန်းနေပြီ" ဆရာမလေးလဲအိမ်သာတောင်မသွားတော့ ပဲအတန်းထဲပြန်ဝင်လာခဲ့ပြီးဘာမှမတွေးတော့ပဲသင်ရိုးညွန်စာအုပ်တွေပဲအာရုံစိုက်ပြီးဖတ်နေလိုက်တော့တယ်" ဘာလိုလိုနဲ့ညနေ၃နာရီတောင်ခွဲပြီးလို့ ကျောင်းတောင်ဆင်းပြီ ကလေးတွေနိုင်ငံတော်သီချင်းဆိုဆရာမကိုနူတ်ဆက်ပြီးလွယ်အိတ်ကိုယ်စီလွယ်ပြီးအားလုံးပြန်သွားကျပြီ" ဒီနေ့မှအတန်းသစ်မှာစာစသင်ရတော့ ဆရာမလေးလဲစာရင်းဇယားတွေနဲ့ရူပ်နေတေ့ာ အားလုံးတစ်ယောက်မှမရှိတော့ပေမဲ့ဆရာမကတော့မပြန်ပဲနေရစ်ခဲ့တယ်" ဆရာမစာရင်းဇယားတွေမဲပြီးလုပ်နေလိုက်တာဘယ်လိုကနေဘယ်လို၄နာရီခွဲသွား မှန်းမသိဘူး ဆရာမလေးချက်ချင်းသတိရလာပြီး ဟောတော်ငါတစ်ယောက်ထဲကျန်ခဲ့တာပဲ ကြည့်ပါဦး၄နာရီတောင်ခွဲသွားပြီ ပြန်မယ်ဆိုပြီးစာရွက်စာတမ်းနဲ့စာအုပ်တွေကို သိမ်းဆည်းပြီးဆရာမလေးခြင်းတောင်းထဲအထည့် ဆရာမလေးမျက်လုံးကအတန်းထဲက နောက်ဆုံးခုံမှာဘာကြီးလဲဆိုပြီးလှမ်းအကြည့်" ရုတ်တရက်ဆိုတော့လန့်သွားတယ် သေချာကြည့်လိုက်မှနောက်ဆုံးခုံမှာခေါင်းကြီးငုံ့ပြီးထိုင်နေတဲ့ကျောင်းသားလေးတစ်ယောက်" သားမပြန်သေးဘူးလားဆိုပြီးသူ့ဆီလျောက််လှမ်းသွားလိုက်တဲ့အချိန်မှာပဲ ရုတ်တရက်ကျောင်းသားလေးကအပြင်ဘက်ထွက်ပြေးသွားတော့ဆရာမလေးလဲကြောင်ပြီး သူ့နောက်ပြေးလိုက်သွားမိတယ်" ၉တန်း၁၀တန်းအရွယ်ခပ်ထွားထွားနဲ့ ကျောင်းသားလေးကအပြေးဆရာမလေးကလဲ ကျောင်းသားလေးဘာများဖြစ်တာလဲဆိုပြီး စိတ်ပူဇောနဲ့ပြေးအလိုက်ကျောင်းသားလေးကဟင်ပိတ်ထားတဲ့အပေါထပ်ကိုပြေးတက်သွားတာပဲဆရာမလေးလဲအသိနဲ့သတိဝင်လာပြးီဟင်မဖြစ်ဘူးဆိုပြီးဆရာမလေးလဲလှည့်ပြန်ပြီး အတန်းထဲမှာကျန်ခဲ့တဲ့လက်ဆွဲခြင်းတောင်းလေးကိုယူပြီးကိုယ်အဆောင်ရှိရာစီအသကုန် ပြေးတော့တာပဲ "" ညရောက်တော့စာတွေဖတ်စာရင်းတွေလုပ်ရင်းဘယ်လိုကနေဘယ်လို၁၁နာရီ ထိုးလို့ထိုးသွားမှန်းမသိ ဟောတော်ငါဘုရားမရှိခိုးရသေးဘူးပဲဘုရားရှိခိုးတော့မယ်လို့ပြင်ခါရှိသေးတယ်းဗိုက်ကလဲနဲနဲရစ်ချင်သလိုလိုရှိတာနဲ့အဆောင်ရဲ့အနောက်တောင်ဘက်မှာအိမ်သာကလဲအရမ်းမဝေးပါဘူးအိမ်သာတက်ပြီးပြန်အလာဆရာမလေးအဆောင်ရှေ့မှာကျောင်းစိမ်းဝတ်စုံနဲ့၈တန်း၉တန်းအရွယ်ကောင်မလေးတစ်ယောက်ရပ်နေတယ်" တံခါးကလဲမပိတ်ခဲ့တော့အဆောင်အတွင်း ထဲကမီးရောင်နဲ့အဆောင်ရှေ့မှာရပ်နေတဲ့ ကျောင်းစိမ်းအင်းကျီအဖြူကျောင်းစိမ်းထမိန်လေးနဲ့ကောင်မလေးကအဆောင်ရှေ့မှာရပ်နေပြီးအထဲကိုလှမ်းကြည့်နေတယ်" ဆရာမလေးလဲရှေ့ဆက်လှမ်းလာရင်း သူ့အနားရောက်ဖို့လေးငါးလှမ်းလောက်အလိုမှာပဲသူကဆရာမလေးအခန်းထဲကိုပြေးဝင်သွားတယ်ဆရာမလေးလဲဘယ်ကကလေးမလေးငါ့အခန်းထဲဝင်သွားတာလဲဆိုပြီးအခန်းထဲပြေးလိုက်တာ ခုလေးတင်အခန်းထဲပြေးဝင်သွားတဲ့ကောင်မလေးကမရှိတော့ဘူး" ဆရာမလေးလဲခေါင်းနပန်းကြီးသွားပြီး ကုတင်အောက်တွေကောဓာတ်မီးထိုးပြီးလိုက်ရှာတာမတွေ့ဘူးအခန်းကျည်းကျည်းလေးထဲထွေထွေထူးထူးရှာစရာနေရာလဲမရှိဘူးဒီအခန်းထဲဝင်သွားတာသူ့မျက်စိနဲ့တပ်အပ်မြင်လိုက်တာပါ. ဘယ်လိုမှရှာလို့မတွေ့တော့ ဆရာမလေးလဲကိုယ့်စိတ်ကိုပြန်လျော့ပြီး ငါစိတ်ထင်နေတာပါငါစိတ်ထင်နေတာဆိုပြီး လေးလံထူပူနေတဲ့စိတ်ကိုလျော့ချလိုက်တော့တယ်" ခြင်ထောင်ထဲဝြင်ပီးအိပ်ဖို့ကြိုးစားကြည့်တယ် မဖြစ်ပါဘူးစိတ်ကိုတည်ငြိမ်အာင်ထားပြီး ဘုရားရှိခိုးတော့မယ်လို့ဆုံးဖြတ်လိုက်မှပဲမီးကဖျပ်ဆိုပျက်သွားေ့တာ့နဂိုကမှစိတ်ခြောက်ခြားပြီးကြောက်လန့်နေပါတယ်ဆိုမီးကပါပျက်သွားတော့တစ်ခန်းလုံးမှောင်မဲနေတာပဲမထူးဘူးဆိုပြီးစောင်ခေါင်းမြီးခြုံပြးီအိပ်ဖို့ကြိုးစားကြည့်တယ်မရဘူးအဆောင်ကကျောင်းဝန်းအနောက်ဘက်အုတ်တံတိုင်းဘေးနားမှာဆိုတော့ ကျောင်းဝန်းအပြင်ဘက်က ခွေးအူသံတွေကလဲဆရာမလေးစိတ်ကိုပို၍ခြေက်ခြားစေလာတယ်" ဆရာမလေးလဲခွေးအူသံတွေကြားတော့ စိတ်ကိုလျော့ထားပေမဲ့စိတ်ထဲမှာတေ့ာ ကြောက်နေမိတယ် အဲချိန်မှာပဲတံခါးမကြီးရဲ့ဂလန့်ကဂျောက်ဆိုကျသွားတယ် ဆရာမလေးလဲလန့်ပြီးဘယ်သူလဲဆိုပြီးဓာတ်မီးနဲ့တံခါးမကြးီဆီလှမ်းထိုးလိုက်တာစောနကကျောင်းစိမ်းဝတ်စုံနဲ့ကောင်မလေးအဆောင်တံခါးမကြီးကဂလန့်ကိုချပြီး အပြင်ထွက်သွားတာ ဆရာမလေးလဲစက္ကန့်ပိုင်းအတွင်းမှာကိုစိတ်က ဘာဖြစ်သွားမှန်းမသိပါဘူး" ဆရာမလေးသူ့မျက်နာကိုခြင်ထောင်ထဲနေဓာတ်မးီနဲ့လှမ်းထိးုလိုက်တာ သ့ူမျက်နာကိုဘယ်လိုမှမမြင်ရဘူး သေချာတာတစ်ခုကတော့သူဆရာမလေးကို အခန်းပေါက်ဝကနေလက်ယက်ပြီးခေါနေတယ်" ဆရာမလေးကိုချက်ချင်းဆိုသလိုဆရာမ လေးစိတ်ကိုညို့ယူဖမ်းစားလိုက်သလား ဒါမှမဟုတ်သရဲတစ္ဆောတွေဆရာမလေးခန္ဓာကိုယ်ထဲဝင်ပူးသွားလေသလားဆရာမလေးချက်ချင်းကုတင်ပေါကဆင်းပြီးဓာတ်မီးကြီးကိုင်ပြီးငူငူငိုင်ငိုင်နဲ့ အပြင်ကနေလက်ယက်ပြီးခေါနေတဲ့ ကျောင်းစိမ်းဝတ်စုံဝတ်ထားတဲ့ကောင်မလေးနောက်လိုက်သွားနေမိတယ်" အပြင်ကခွေးတွေကလဲတအူအူမီးကလဲပျက် လလဲမထွက်ကြယ်လဲမထွက်ကောင်းကင်ကြီးကမှောင်မိုက်နေတဲ့လမိုက်ညလိုပဲ" ကြောက်လန့်စိတ်ခြောက်ခြားဖွယ်ရာညမှပဲ လေတိုက်လို့သစ်ပင်ချင်းပွတ်တိုက်လို့တရိမ်းရိမ်းတကျီကျီနဲ့သစ်ပင်အရိပ်နဲ့အသံတွေက တစ္ဆောတွေအထက်တန်းကျောင်ဝန်းလေးထဲမြူးတူးပျော်ပါးနေသလားအောက်မေ့ရတယ်" အရှေ့ကမိန်းကလေးခေါဆောင်ရာနောက် ဆရာမလေးမြတ်နိုးအသိကင်းမဲ့စွာလိုက်လာ လိုက်တာ ဘာကြောင့်အပေါထပ်ကအခန်းတွေကို ပိတ်ထားလဲဆိုတာဆရာမလေးမြတ်နိုးသိချင်နေတဲ့ ( နဝဒေးဆိုတဲ့အဆောင်)ရှေ့တောင်ရောက်လာခဲ့ပြီဗျာ" ကျောင်းဆောင်ရှေ့ရောက်တော့ဆရာမ လေးမသိစိတ်ကနောက်ပြန်ဆုတ်ဖို့ကြိုးစားပါသေးတယ် စိတ်ကဆုတ်ချင်ပေမဲ့ခြေလှမ်းများကနောက်ဆုတ်လို့မရရှေ့တိုးလို့သာရဆိုသလိုရှေ့ပဲတိုးနေမိတယ်" ကျောင်းစိမ်းဝတ်စုံနဲ့ကောင်မလေးက နဝဒေးကျောင်းဆောင်ပေါတက်သွားပြီး လှေကားနားကနေဆရာမလေးကိုအသက်မပါတဲ့လက်ချောင်းများလိုခပ်မြန်မြန်လက်ယက်မခေါပဲ တစ်ချက်ချင်းတစ်ချက်ချင်းခပ်ဖြေးဖြေးတလူပ်လူပ်တယှက်ယှက်နဲ့ဆရာမလေးကိုလက်ယက်ခေါနေတယ်" ဆရာမလေးလဲဓာတ်မီးနဲ့ထိုးပြီးသူခေါဆောင်ရာနောက်တလှမ်းချင်းတရွေ့ချင်းလျောက်လာရင်းလှေကားပေါတက်လိုက်လာမိတယ်ကျောင်းဆောင်အပေါထပ်ကော်ရစ်တာပေါကနေဆရာမလေးလျှောက်လှမ်းသွားနေမိတယ် ရှေ့ကကျောင်းစိမ်းဝတ်စုံနဲ့ကောင်မလေးကချက်ချင်းဆိုဘယ်ပျောက်လို့ပျောက်သွားမှန်းမသိတော့ဆရာမလေးမသိစိတ်ကချက်ချင်းတုံံ့ကနဲရပ်တန့်လိုက်ပြီး" သူ့ကိုလက်ယက်ပြီးခေါဆောင်သွားတဲ့လူ သူ့ရှေ့မှာပျောက်ကွယ်သွားတော့ ကလေးငယ်တစ်ယောက်လကြီးေူပျာက်သွားလို့လိုက်ရှာသလိုမျက်လုံးလေးကလည်ကလည်နဲ့ ဟိုကြည့်ဒီကြည့်နဲ့ လိုက်ရှာနေစဉ်အချိန်တွင်းမှာပဲ" ဆရာမလေးရပ်နေတဲ့စာသင်ခန်းရှေ့ကမှန်ကွဲနေတဲ့ပြတင်းပေါက်ထဲကနေဝါးးးးဆိုတဲ့စူးစူးရဲရဲအသံနဲ့အတူ လက်ရှည်ကြီးနဲ့ဆရာမလေးလက်လှမ်းဆွဲတာ" ဆရာမလေးလဲလိပ်ပြာလွင့်မတက်လန့်ဖျန့်သွားပြီး ကိုယ့်ထဲဝင်ပူးနေတဲ့မကောင်းဆိုးဝါးတွေတောင်လွှင့်ထွက်သွားသလို" ဆရာမလေးအသိနဲ့သတိပြန်ကပ်ပြီး သူ့ကိုလှမ်းဆွဲထားတဲ့လက်ရှည်ရှည်ကြီးကို မြင်လိုက်တော့ရှိသမျှအသံခြစ်ကုပ်ပြီးသရဲ..သရဲလို့အော်ပြီးအနောက်လှည့်ပြေးပြီး လှေကားအောက်ဆင်းပြေးမယ်အလုပ်" လှေကားတစ်ဝက်လောက်မှာကျောင်းစိမ်းဝတ်စုံဝတ်ထားတဲ့ကောင်လေးကပိတ်ထိုင်နေတောဆရာမမြင်လိုက်တော့ အရှိန်နဲ့ပြေးဆင်းလာတဲ့ခန္ဓာကိုယ်နဲ့ခြေလှမ်းများကိုချက်ချင်းဘရိတ်အုပ်ရပ်တန့်လိုက်သလို ဖြစ်သွားတေ့ာ အောက်လဲမကျသွားအောင် ဘေးကလက်ရန်းများကိုင်ပြီးမနဲထိန်းလိုက်ရတယ်" ဆရာမလေးနဲ့ကျောင်းသားလေးကလှေကားထစ်၃ဆင့်လောက်အနေထားမှာ နီးနီးကပ်ကပ်နဲ့စက္ကန့်ပိုင်းအချိန်တွင်းဆိုသလို ဆရာမလေးအောက်လဲဆင်းပြေးမရတော့ဘူးဆိုတာသိတော့ အပေါပြန်တက်ပြေးမလို့ ခန္ဓာကိုယ်ကိုမနဲကြိုးစားပြီးကုန်းထမလို့လုပ်တုန်း" အောက်မှာထိုင်နေတဲ့ကျောင်းသားလေးက နောက်ပြန်လှည့်မကြည့်ပဲဦးခေါင်းကြီးချည်းပဲ တဖြေးဖြေးလည်လာတာအနီးကပ်မြင်လိုက်တော့ ဆရာမလေးအံဩတကြီးနဲ့မျက်လုံးကြီးပြူးပါးစပ်ကြီးဟပြီးအော်ဖို့တောင်မေ့သွားပြီး ကြောင်ကြည့်နေမိတယ်" မသိစိတ်ကဘာဆိုဘာမှကိုမသိတော့ဘူး မယုံကြည်နိုင်အောင်ဖြစ်ပျက်နေတဲ့အဖြစ်ပျက်ကအိမ်လားလို့တောင်ထင်ရပါတယ်" ချက်ချင်းလည်နေတဲ့ဦးခေါင်းကြီး ဆရာမလေးမျက်နှာကိုစူးစူးရဲရဲအကြည့်နဲ့ မေ့ာကြည့်လိုက်ပြီးခေါင်းကြီးကချက်ချင်း ဆိုသလိုရှည်ထွက်လာပြီး ဆရာမလေးနဲ့၂ပေကျော်၃ပေလောက်အရောက်မှာကြောင်သွားတဲ့အသိညဏ်နဲ့အသက်မဲ့ သွားတဲ့ခန္ဓာကြီးကလူသေကောင်တစ်ကောင် အသက်ပြန်ရှင်လာသလိုဒုန်းးးဆိုတစ်ကိုယ်လုံးတုန်တက်သွားပြီး အသိနဲ့သတိလေးပြန်ကပ်လာတယ်" ရှည်ရှည်လာတဲ့သွေးသံရဲရဲနဲ့ခေါင်းရှည်ကြီကသူ့နားနီးနီးကပ်ကပ်ရောက်လာတော့ ကြေက်အားလန့်အားနဲ့အမလေးးးကယ်ကျပါဦးရှင့်ဆိုပြီးလိပ်ခေါင်းထွက်မတက်အသံကုန်ချဲ့အော်ပြီးကျောင်းဆောင်အပေါထပ်ပြန်တက်ပြေးတော့တာပဲ" ဖြစ်နိုင်ရင်ဒီကျောင်းဆောင်ကြီးအပေါကနေ ဆရာမလေးမြတ်နိုးအောက်ကိုခုန်ဆင်းသွား လိုက်ရမလားဆိုတဲ့အတွေးမျာပါချက်ချင်းဝင်လာမိပါတေ့ာသည် "" သို့ပေမဲ့အောက်ကိုငုံ့ကြည့်လိုက်တော့လဲ နှစ်ထပ်ကျောင်းဆောင်ကတော်တော်လေးမြင့်တော့အောက်ခုန်ချတာနဲ့ကျိုးရင်ကျိုးမကျိုးရင်သေမည်ဟူသောေိကြာက်စိတ်ကခုန်ချမည်ဆိုသည့်စိတ်ကူးကိုဟန့်တားလိုက်သလိုဖြစ်သွားသည်" ဆရာမလေးအာရုံထဲချက်ချင်းဆိုသလို အတွေးတစ်ခုဝင်လာသည် အဲဒါက ဟာငါမေ့နေတာပဲလှေကားကဟိုဖက်တစ်ဖက် ဒီဘက်တစ်ဖက်၂ဖက်ပါတာပဲဆိုပြီးဆရာမလေးမျက်နှာချက်ချင်းပြုံးပြီးပျေ်ာသွားသည်" အောက်ငုံ့ကြည့်နေတဲ့ဦးခေါင်းနဲခန္ဓာကိုယ်ကိုအလျှင်အမြန်ဆွဲလှည့်လိုက်ပြီး ကော်ရစ်တာကနေမြောက်ဘက်အစွန်ဆုံးက လှေကားရှိရာဆီပြေးမည်အလုပ်ဟင်..ကနဲဟားကနဲဆရာမလေးဆီကအာမေဋိတ်အသံထွက်ပေါလာပါတေ့ာသည် "ဆရာမလေးသွားမည့်အရှေ့တည့်တည့်တွင်ခေါင်းဖြူဖြူစွပ်ကျယ်အင်းကျီဝတ်ထားတဲ့ဘိုးတေ်ာကြီးတစ်ယောက်နောက်ကျေားပေးထိုင်နေပြီးမီးတရဲရဲအငွေ့တလူလူနဲ့ဆေးလိပ်ကြီးထိုင်ဖွာနေတာကိုမြင်ပြီးဆရာမလေး" ဆရာမလေးသိလိုက်တာက သူအသက်မရှိတော့ဘူးမျက်လုံးကအရာအား လုံးကိုမြင်တွေ့နေပေမဲ့ပါးစပ်ကအေ်ာဖို့အသံလဲမထွက် နောက်ပြန်လှည့်ပြေးဖို့မပြောနဲ့အားအင်မရှိတော့သလိုခန္ဓာကိုယ်ကြီးတစ်ခုလုံးလဲပျော့ပျောင်းသွားပြီး မတ်တပ်ရပ်ထးာတဲ့ခြေစုံနှစ်စုံကိုအောက်ကိုလဲမကျထားအောင်မနဲအားတင်းပြီးထိန်းထားရသည် "" ဆရာမလေကြက်သေငှက်သေသေလိုအသက်မပါတော့တဲ့မျက်ဝန်းတစ်စုံနဲ့ဆေးလိပ်ထိုင် ဖွာနေတဲ့အဖိုးကြီးကိုရပ်ကြည့်နေရာကနေ" ချက်ချင်းဆိုသလိုခေါင်းဖြူဖြူနဲ့ဆေးလိပ်ထိုင် ဖွာနေတဲ့အဖိုးကြီးကရုတ်တရက်မတ်တပ်ထရပ်လိုက်တော့" ဆရာမလေးရင်တစ်ခုလုံးဗြောင်းဆန်အောင်တဒိန်းဒိန်းနဲ့တုန်ခါနေအောင်မြည်နေပြီး အသက်ရူသံများလဲပိုမိုမြန်ဆန်လာပြီး" ရှေ့တိုးမရနောက်ဆုတ်လို့လဲမရနဲ့ ကယ်တင်မဲ့သူတောင်မရှိတဲ့မိမိအဖြစ်ကို တွေးရင်းတဆတ်ဆတ်တုန်ခါနေတဲ့နူတ်ခမ်းလွှာလေးကိုပါးစပ်လေးနဲ့အသာဖိကပ်ထားရင်း မျက်ရည်ပေါက်များတပေါက်ပေါက်နဲ့အောက်ကြမ်းပြင်သို့ကျသွားသည်" ဆေးလိပ်ဖွာနေတဲ့ခေါင်းဖြူဖြူနဲ့အဖိုးကြီးကဖြေးဖြေးချင်းသူ့ခန္ဓာကိုယ်ကြီးကိုယိမ်းရင်းဆရာမဘက်လှည့်လာတဲ့အချိန်မှာဆရာမလေးအာခေါင်ခြစ်ပြီးအမလေးးးးးကယ်ကျပါဆိုပြီးကျယ်ကျယ်လောင်လောင်အော်လိုက်ပြီးစောစောကမှန်တံခါးထဲကလက်ကြီးထွက်လာ တဲ့အခန်းထဲကတံခါးကလဲပွင့်နေတော့ ကြောက်အားလန့်အားနဲ့စာသင်ခန်းထဲပြေးဝင်သွားလိုက်မိသည် "ဆရာမလေးအခန်းထဲရောက်ရောက်ချင်းဆို သလိုပင်စာသင်ခန်းတံခါးကကံဆိုးစွာနှင့်ပဲအသံကျယ်ကျယ်လောင်လောင်နဲ့ဝုန်းးးးဆိုပိတ်သွားပါတော့သည် "" အခန်းတစ်ခန်းလုံးမှောင်မဲနေတာပဲ ဘာဆိုဘာမှကိုဆရာမလေးမမြင်ရတော့ပါ" တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းထဲမှာ အသံတစ်သံဆရာမနားနဲ့ပီပီသသကြးာနေရတယ် အဲအသံကတော့ မိန်းမငယ်လေးတစ်ဦး၏ တခစ်ခစ်တဟားဟားးနဲ့ရီနေတဲ့လှောင်ပြောင်ရီံသံပဲ" ဆရာမလေးမျက်စိထဲဘာဆိုဘာမှမမြင်ရ တော့ပါ တစ်ခန်းလံးုဆူညံပွတ်လောရိုက်အောင်ရီနေ တဲ့ရီသံကလွဲလို့မှောင်မဲနေတော့ဘာမှမမြင်ရ" တခစ်ခစ်တဟားးဟားးနဲ့ရီသံကဆရာမလေး နားထဲနီးနီးကပ်ကပ်ပီပီပြင်ငြင်ပို၍ပို၍ကြားလာရပြီး ဆရာမခန္ဓာကိုယ်တစ်ခုလုံးတုန်တက်သွားပြီး ခေါင်းကဆံပင်မွှေးများပါထောင်လာပြီး တစ်ကိုယ်လုံးလဲငှက်ဖျားရောဂါသည်လို တဆတ်ဆတ်နဲ့တုန်ခါနေပါတော့သည်အနောက်နံရံဘေးကိုမှီပြီးဖြေးဖြေးချင်းထိုင်ချလိုက်ရင်း ရီသံနဲ့လမ်းလျောက်သံက တဖြည်းဖြည်းချင်းဆရာမလေးနားထဲပိုပိုနီးကပ်လာသလိုခံစားလိုက်ရလို့ညာဘက်လက်နဲ့တင်းတင်းစုတ်ထားတဲ့ ဓာတ်မီးကိုအပေါပင့်ပီးအရှေ့တည့်တည့်လှမ်း ထိုးလိုက်တာမြင်ရတဲ့မြင်ကွင်းကအာပါးးပါးး" ဆရာမလေးကိုဒီကျောင်းဆောင်ပေါမရောက်ရောက်အောင်လက်ယက်ခေါလာ ခဲတဲ့တရားခံ ကော်ရစ်တာပေါကနေသွားနေရင်း ရုတ်တရက်ပျောက်သွားတဲ့ကျောင်းစိမ်းဝတ်စုံ နဲ့ ကောင်မလေးကဆရာမလေးရှိရာ အခန်းထောင့်ဆုံးကနရံနားဆီကို တရွေ့ရွေ့လျောက်လှမ်းလာတာကိုဆရာမလေးဓာတ်မီးရောင်အောက်မှာသေသေချာချာ ရှင်းရှင်းလင်းလင်းမြင်နေရတယ်ဆရာမလေး မြင်ရတဲ့မြင်ကွင်းကိုနှလုံးရောဂါရှိသူနဲ့ တေ်ာရုံအကြောက်လန့်ကြီးသူဆိုအဲနားတင် နှလုံးရပ်ပြီးသေနိုင်တယ်ဟုတ်တယ်လေ ကောင်မလေးပုံစုံလဲကြည့်ဦး" ကောင်မလေးကမျက်စိတွေနှာခေါင်းတွေမပါဘူး ပါးစပ်ပေါက်တစ်ခုထဲသာပါပြီး သွားတွေလဲမပါပဲလျှာကြီးအရှည်ကြီးနဲ့တန်းလန်းကြီးတွဲကျနေတယ်" ပိုဆိုးကတာလက်ကြီးကပေါင်လုံးလောက် တုတ်ပြီးလက်ချောင်းကြီးတွေကအောက်ကြမ်း ပြင်ထိရှည်နေတယ်အမလေး စာသင်ခန်းထဲမှာညမပြောနဲ့နေ့တောင်အဲသရဲမလေးတွေ့ကြည့်ကိုယ်တောင်အသက်ထွက်မ လားမပြောတက်ဘူး" ဆရာမလေးလဲဒီလောက်ကြောက်စရာ ကောင်းတဲ့သရဲမလေးကို အိမ်မက်မဟုတ်ပဲ မှောင်မှောင်မဲမဲစာသင်ခန်းထဲမှာ မယုံကြည်နိုင်လောက်အောင်အရှင်လတ်လတ် နဖူးတွေ့ဒူးတွေ့တွေ့လိုက်ရတော့" ငယ်သံပါအောင်အော်ဟစ်အကူညီ တောင်းဖို့လဲသ့ူမှာအင်အားမရှိတော့ပါဘူး အသက်တောင်မနဲဝအောင်ရူနေရတယ် ဖြစ်နိုင်ရင်အဲမဝတဝအသက်ရူသံတွေပါ ရပ်တန့်သွားပြီးအသက်ပါတခါထဲထွက်သွား ရင်ကောင်းမယ်လို့တွေးမိလိုက်ပါတော့တယ်အ့ာမှဒီလိုစိတ်ခြောက်ခြားဖွယ်ရာအင်မတန် ကောင်းတဲ့ဖြစ်ရပ်ဆိုးကြီးထဲကလွတ်မြောက် နုင်မှာလေ" လျှာကြီးတန်းလန်းတန်းလန်းလက်ရှည်ရှည်ကြီး ဒရွတ်တိုက်ဆွဲပးီ တရွေ့ချင်းဆရာမလေးရှိရာဆီလျောက်လှမ်းလာတဲ့ကလေးမလေးကိုဆရာမသေချာရေရာ စွာမမြင်ရတေ့ာပါဘူးသူမမျက်လုံးတွေလေးလံလာပြီဝိုးတဝါးမသဲမကွဲကနေဘာဆိုဘာမှမမြင်ရတော့ပဲ ဒုန်းးးဆိုသူမလက်ထဲမှာတင်းတင်းဆုတ်ကိုင်ထားတဲ့ဓာတ်မီးလေးအောက်ကြမ်းပြင်ပေါ ပြုတ်ကျသွားရင်းနံရံမှီထိုင်နေတဲ့သူမခန္ဓာကိုယ်လေးပါကြမ်းပြင်ပေါသို့ခွေခွေလေးလဲကျ သွားပြီးလောကကြီးနဲ့ခဏာတာအဆက်သွယ်ပျက်သွားပြီးသတိလစ်မေ့မျေားသွားပါတော့သည် "" ဆရာမလေးအဆောင်တံခါးကြီးပွင့်နေလု့ိ အခန်းထဲမှာလဲမရှိတာနဲ့ဘေးအဆောင်ကဆရာမလေး၂ယောက်နဲ့ဆရာမကြီးအမျိုးသားနဲ့ဆရာမကြီးတို့ကျောင်းဝန်းတစ်ဝန်းလုံးလိုက်ရှာတာမတွေ့လိ့ုနောက်ဆုံးတစ်နေရာပဲကျန်တေ့ာတယ်အဲနေရာကဆရာမကြီးအသိဆုံးဖြစ်တဲ့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့" ( နဝဒေးအဆောင်)အပေါထပ်က(နဝမတန်း-cအခန်း....ဆရာမလေးမြတ်နိုးခင်ခင်ကြုံတွေ့ခဲ့ရသည့်ဖြစ်ရပ်မှန်ဇာတ်လမ်း( စ/ဆုံး)ရေးသားပြီးပါပြီဘာကြောင့်အဲကျောင်းစိမ်းဝတ်စုံနဲ့၉တန်းကျောင်းသား၉တန်းကျောင်းသူလေးက မကျွတ်လွတ်သေးပဲဘာလို့သရဲဖြစ်နေလဲသူတို့၂ယောက်အပြင်ခေါင်းဖြူဖြူနဲ့အဖိုးကြီး ကရောဘယ်သူဖြစ်နိုင်မလဲ ဒီကျောင်းကြီးထဲမှာသူတို့ဘယ်လိုကြေကွဲစရာ ဖြစ်ရပ်ဆိုးနဲ့သေခဲ့ကျတာလဲ9လပိုင်း11ရက်နေ့ရောက်တိုင်းတစ်နှစ်တစ်ခါ( နဝးဒေး)ကျောင်းဆောင်ကြီးရဲ့ အပေါထပ်အောက်ထပကြမ်းပြင်တွေပေါမှာဘာအကွက်အကွက်တွေပေါလာခဲ့လဲဘာလို့အဲကျောင်းဆောင်အပေါထပ်ကိုအရေး ပေါပိတ်လိုက်ရတာလဲ ဆရာမလေးမြတ်နုးိအဆောင်ကပ်ရက်မူလတနးပြဆရာမလေးတွေဒီကျောင်းမှာနေတာကြာပြီသူတို့ကျသရဲခြာက်တယ်ဆိုတာအသံသာကြားဖူးပြီးဘာလို့တခါမှအခြောက်မခံရဖူးပဲခုမှပြောင်းလာတဲ့ဆရာမလေးမြတ်နိုးုမှရွေးပြီးဘာလို့အသကုန်ဖြဲခြောက်လိုက်တာလဲ ဆရာမလေးနဲ့အဲသရဲတွေနဲ့ဘယ်လိုအက်စပ်မူ့ရှိနေတာလဲဆိုတာစိတ်ဝင်စားစရာမကောင်းဘူးလားဒီလိုထူးဆန်းဆန်းကြယ်ပြီးစိတ်ဝင်စားဖို့လဲကောင်းသနားဖို့လဲကောင်းကြောက်ဖို့လဲအင်မတန်ကောင်းတဲ့( နဝဒေး)အဆောင်နဲ့အထက်တန်းကျောင်းဝင်းကြီးထဲကကံကြမ္မာဆိုးနဲ့ဖြစ်ရပ်ဆိုးခုထိဘာေြာကင့်ဖြစ်နေလဲဆိုတာကိုစာဖတ်သူမိတ်ဆွေများသိချင်ကျတယ်ဆို ဖြစ်ရပ်မှန်အစဆုံးရေးပြချင်ပါသေးသည်ကျွန်တေ်ာဒီဝတ္ထုကိုအဓိကထားရေးတာ ဆရာမလေးမြတ်နိုးအခြောက်ခံရတဲ့ဖြစ်ရပ်ကိုပါဗျ အ့ာကြောင့်(စ/ဆုံး)ပြီးပြီပြောတာပါဗျဘယ်လိုကနေဘယ်လိုသရဲဖြစ်တယ် ဘာကြောင့်ခုထိမကျွတ်သေးလဲဆိုတာနဲ့တခြးာအပေါကပြောခဲ့သလိုစိတ်ဝင်စားစရာဖြစ်ရပ်ဆန်းကြယ်များကိုစာဖတ်သူတို့ဖတ်ချင်သေးတယ်ဆို၉တန်းကျောင်းသားလေးနဲ့၉တန်းကျောင်းသူလေးတု့ိရဲ့ဇာတ်လမ်းအစကနေရေးရမှာမို့နားလည်ပေးစေချင်ပါတယ်နောက်အပိုင်းအဆက်နဲ့ဘယ်ဆရာမဘယ်ကျောင်းသားကျောင်းသူတွေကိုစခြောက်ပြီး ဘာကြောင့်ပိတ်ပြစ်လိုက်ရတာလဲဆိုတာကို ဖတ်ချင်တဲ့သူတွေရှိရင်တော့ရေးပြပါမည်ကျွန်တော်ွှသည်တခြားစာရေးသူတွေလိုကွန်ပျုတာလက်တော့ဖြင့်ရေးတာမဟုတ်ပါ ကျွန်တော်မှာကွန်ပျုတာမရှိလို့ ဖုန်းလေးနဲ့ခက်ရာခက်စစ်စာရေးနေရတဲ့အတွက်ကြောင့်နားလည်ပေးကျပါလိ့ုမေတ္တာရပ်ခံပါရစေစာရေးဆရာအဆင့်မဟုတ်ပဲ ဝါသနာပါလို့ရေးသားနေသူတစ်ယောက်ပါအမှားပါလိုအပ်သည်များရှိသေ်ာသည်းခံခွင့်လွတ်ဖတ်ပေးကျပါလို့တောင်းဆိုပြရစေ.."( စာရေးသူ-ထက်ပိုင်)

ဖြစ်ရပ်မှန်သရဲဇာတ်လမ်းများWhere stories live. Discover now