အစွဲချွတ်ပွဲနှင့်ကိုယ်တွေ့ဖြစ်ရပ်

397 11 0
                                    

29.9.14နှစ်နှစ်နီးပါးရှိနေပါပြီကိုယ်တွေ့သရဲခြောက်ခံရတာပါ...တော်ရုံဆိုသရဲမကြောက်တက်ပါဘူး...အချိန်ကည9:10မိနစ်တိတိကျိုက်အင်းဘက်ကအသိအဖေအိမ်ကိုဘုရားကုန်းကနေစက်ဘီးနဲ့ပျားလိမ္မော်သွားပေးတာ...အဲ့အချိန်ကနေပြည်တော်အမြန်လမ်းမှာကားမှောက်လို့လူအများသေတာမှတ်မိကြသိကြမှာပါ...အဲ့နေ့နတ်စင်တစ်ရာဘုန်းကြီးကျောင်းမှာမကျွတ်မလွတ်သူတွေအစွဲချွတ်ပွဲကျင်းပနေတာနတ်ဒိုးသံတညံညံနဲ့ပေါ့...မီးတွေထွန်းထားလို့ထိန်လင်းနေတဲ့မီးရောင်အောက်ကျိုက်အင်းမြန်မြန်ရောက်ချင်လို့ဘုရားကုန်းကုန်းဆင်းကနေအသားကုန်နင်းတဲ့စက်ဘီးဦးပေါညောင်ပင်လ်မ်းအဝင်နားလဲရောက်ရောအပေါ်ဂျာကင်မီးခိုးရောင်အင်္ကျ ီအဖြူ လေးနဲ့အောက်ကထမီမီးခိုးရောင်လေးမြင်တာပေါ့မီးရောင်နဲ့ဆိုတော့သူမကဆံပင်အရှည်လေးခါးလည်လောက်ရှိတယ်ဆံပင်အရှည်ကမျက်နှာမမြင်ရဘူး...ကားလမ်းမပေါ်တက်ရပ်နေတာစက်ဘီးဘဲလ်ကိုနှိပ်လာတာစက်ဘီးကလဲအရှိန်နဲ့ဆိုတော့ရပ်လို့မရဘူးလေ...ဘရိတ်ညှစ်ရင်မှောက်မှာ...သူ့ကိုဝင်တိုက်လိုက်တာစက်ဘီးတော့ယိုင်သွားတယ်...ဥပမာပြောရရင်လေပြင်းတိုက်နေတဲ့ကြားထဲဝင်တိုးသလိုသိမ့်ကနဲဖြစ်သွားတာ...စက်ဘီးကလဲနတ်စင်တစ်ရာကုန်းတက်ရောက်မှရပ်သွားတယ်...သူဘာဖြစ်လဲနောက်လှည့်ကြည့်တော့မရှိတော့ဘူး...အရမ်းလန့်တာစက်ဘီးနဲ့တိုက်မိတာဆိုပြီးကတ္တရာလမ်းပေါ်ငါတိုက်လို့တစ်ခုခုဖြစ်ရင်ထောင်နန်းစံပြီပေါ့တစ်ခါတည်းတွေးပြီးသား...ဒါပေမဲ့လူမတိုက်မိလို့ပေါ့....ကြောက်ကြောက်နဲ့စက်ဘီးအသားကုန်နင်းတာကျိုက်အင်းကိုဘယ်လိုရောက်သွားလဲမသိဘူး...အသိအိမ်ဘက်ကလမ်းဆိုးလို့စက်ဘီးသတိထားနင်းနေရတာမင်းကုသတောင်ထိုင်ငိုရမလောက်အဲ့လောက်ထိလမ်းဆိုးတာ...အဲ့လမ်းလဲဘယ်လိုဖြတ်လာမိလဲနင်းလာမိလဲမသိ...အဲ့အိမ်လဲရောက်ရောစက်ဘီးပစ်ချပြီးဘုရားစင်ကသောက်တော်ရေတစ်ဝကြီးသောက်ပစ်လိုက်တယ်...ဘုရား...ဘုရား...နောက်နောင်ညဘက်မသွားတော့ပါဘူးအခုထိ...

စာဖတ်သူများဖြစ်ရပ်မှန်လေးလဲဖြစ်သလိုအခုမှစရေးတာမို့သည်းခံပေးပါနော်...စာဖတ်သူအပေါင်းကိုအစဉ်လေးစားလျက်...

skylark dream

ဖြစ်ရပ်မှန်သရဲဇာတ်လမ်းများWhere stories live. Discover now