Final

64.4K 3.1K 140
                                    

ဝမ်ရီပေါ်က သူယူလာခဲ့တဲ့ ပန်းစီးလှလှလေးကိုနမ်းကာ သူ့ရဲ့အခန်းထဲကို ဝင်သွားလိုက်တယ် ။ အခန်းထဲက မွေ့ယာထက်မှာတော့ ငြိမ်းချမ်းစွာအိပ်မောကျနေတဲ့ သူ့ရဲ့ယုန်လေး ။ ယုန်လေးရဲ့ဘေးတွင်ထိုင်ကာ ပါးအိအိလေးအား ပွန်းပဲ့သွားမှာဆိုးတဲ့အလား နူးနူးညံ့ညံ့လေး ကိုင်တွယ်နေတယ် ။

" ယုန်လေး မင်းလေးက တော်တော်ဆိုးတယ်ကွာ ။ ကိုယ့်ကိုတစ်ယောက်တည်း အချိန်အကြာကြီးပစ်ထားတယ် ''

"............''

" ကိုယ် ဒီသုံးနှစ်ထဲမှာ ဘယ်လိုရှင်သန်နေခဲ့ရလဲဆိုတာ မင်းသိလား? "

ဝမ်ရီပေါ်က ပြောရင်းပြောရင်းနဲ့ ဒေါ်သထွက်လာတာမို့ အနားမှာရှိသမျှ ပစ္စည်းအားလုံးကို ပေါက်ခွဲပစ်လိုက်တယ် ။ အား!! ယုန်လေးအခုလိုဖြစ်ရတာ အဲ့ဒီခွေးကောင်ကြောင့် ။ မကျေနပ်ဘူး! သူလုံးဝမကျေနပ်ဘူး ။ အဲ့ဒီခွေးကောင်ကို အခုထပ်ပိုပြီးနှိပ်စက်ရမယ် ။

ဝမ်သခင်ကြီးက သားဖြစ်သူရဲ့အခန်းထဲကနေ ထွက်လာတဲ့ ဝုန်းတိုင်းကျဲနေတဲ့ အသံတွေကြောင့် မျက်ရည်ကျမိတယ် ။ သားဖြစ်သူ ဒီလိုဖြစ်နေခဲ့သည်မှာ ဒီနှစ်နဲ့ဆိုရင် သုံးနှစ်တောင်ရှိသွားခဲ့ပြီ ။

ဝမ်ရီပေါ်က စိတ်တိုင်းကျဖျက်စီးပြီးတော့မှ စိတ်သက်သာယာရသွားတယ် ။

" ဆောရီး ယုန်လေး ကိုယ် ဒေါသသိပ်မထိန်းနိုင်ဘူးဖြစ်သွားတယ် ''

"..........''

" ကိုယ် ခဏနေပြန်လာခဲ့မယ်နော် ။ အခုတော့ လုပ်စရာရှိသေးလို့ သွားလိုက်အုံးမယ် ။ ကိုယ်ပြန်လာမဲ့အချိန်ကို လိမ်လိမ်မာမာနဲ့ အိပ်ပြီးစောင့်နေ ''

ပြန်ဖြေလာခြင်းမရှိတဲ့ ယုန်လေးကြောင့် နဖူးလေးကို မြတ်နိုးစွာနမ်းရှိုက်ကာ အခန်းပြင်ထွက်လာခဲ့တယ် ။ လီလွေ့ဟုန်ဆိုတဲ့ခွေးကောင်ကို ဒီနေ့အတွက် ဘာမှမနှိပ်စက်ရသေးဘူး ။

" သခင်လေး ''

အစောင့်တွေက ဝမ်ရီပေါ်ကိုမြင်တော့ ချက်ခြင်းအရိုအသေပေးကြတယ် ။ သူတို့သခင်လေးရဲ့စိတ်က ပုံမှန်မဟုတ်တော့ဘူး ။ သူတို့တောင်မှ အချုပ်ခန်းထဲကလူကိုကြည့်ပြီး သနားစိတ်ဝင်နေကြတာ ။

You Are Mine [ Completed ]Where stories live. Discover now