part. 25

29.5K 2.1K 37
                                    

လီလွေ့ဟုန်က ရှောင်ကျန့်ရဲ့နူးညံ့တဲ့ ပါးလေးတွေကို သူရဲ့လက်ချောင်းတွေနဲ့ ပွတ်သတ်နေခဲ့တယ် ။ ဒီလူသားလေးကို ပထမဆုံးမြင်လိုက်ကတည်းက သိပ်ကိုပိုင်ဆိုင်ချင်ခဲ့တာ ။ သူ့ရဲ့အပိုင်အဖြစ် သတ်မှတ်ထားခဲ့တာ။

မစ္စတာရှောင်နဲ့သူက စီးပွားဖက်တွေဖြစ်တာမို့ အိမ်ကိုအလည်သွားရင်း ဒီလူသားလေးနဲ့ တွေ့ခဲ့ရတယ် ။ ယုန်ရုပ်လေးတွေပါတဲ့ ဝတ်စုံကိုဝတ်ဆင်ထားပြီး ယုန်ရုပ်လေးကိုပိုက်ကာ ဆိုဖာခုံပေါ်မှာ ရေခဲမုန့်အားရပါးရစားနေတဲ့ ဒီလူသားလေးက သူလိုချင်တပ်မက်ခဲ့တဲ့အရာပဲ ။

ဒီလူသားလေးနဲရင်းနှီးဖို့ ဘာမှတောင်ခက်ခက်ခဲခဲတွေမလုပ်လိုက်ရ ။ သူလေးကြိုက်တဲ့မုန့်တွေ ၊ အရုပ်တွေ ဝယ်လာပေးရုံနဲ့တင် သူလေးက ကိုယ့်ကိုခင်တွယ်လာတယ် ။ သူလေးရဲ့အဖေကတော့ သူ့သားပေါ်ထားတဲ့ သူရဲ့တပ်မက်မှုတွေကိုမမြင်ခဲ့ ။ ဒါပေမဲ့ မွေးစားသားဖြစ်တဲ့ ရှောင်ရန်ချင်းကတော့ မြင်နေခဲ့တယ် ။

ရှောင်ရန်ချင်ကလည်း ဒီလူသားလေးအပေါ် တပ်မက်နေမှန်း သူရိပ်မိခဲ့တယ် ။ အဲ့ဒီလူက သူလာတဲ့အချိန်​တွေတိုင်း သူ့ကိုပဲ အမြဲလိုက်ကြည့်နေတာမို့ သိပ်တော့အဆင်မပြေခဲ့ချေ ။  နောက်ပိုင်း မစ္စတာရှောင်ကပါ သူကို တစ်ချက်တစ်ချက် သံသယမျက်လုံးတွေနဲ့ကြည့်လာခဲ့တယ် ။

တစ်နေ့တော့ အဲ့ဒီလူတွေ အိမ်မှာမရှိတုန်း သူလေးကို သူ့နဲ့အတူခေါ်ဆောင်လာခဲ့တယ် ။ ဖမ်းလာလို့ ဖမ်းလာမှန်းမသိတဲ့ သူလေးက သူ့စီမှာ ပျော်ရွှင်စွာနေခဲ့တယ် ။ ဒါပေမဲ့ ကလေးသဘာဝလို့ပဲပြောရမလား အချိန်တန်ရင်တော့ အိမ်ကိုလွမ်းပြီး ပြန်လိုက်ပို့ပေးဖို့ ငိုယိုကာ ပြောလာခဲ့တယ် ။ သူက ပြန်လိုက်ပို့စရာလား ။ လိုချင်လို့တောင် ခက်ခက်ခဲခဲ ယူလာခဲ့ပါတယ်ဆိုမှ ။

အခန်းထဲကနေထွက်မလာပဲ တစ်နေကုန် ငိုနေတဲ့သူလေးကြောင့် အခန်းထဲဝင်လာမိ​​တော့ ပြတင်းပေါက်ကနေ ခုန်ချဖို့ပြင်နေတာကို မြင်လိုက်ရတာကြောင့် လူကပူထူသွားခဲ့တယ် ။ ပြုတ်ကျလို့တစ်ခုခုဖြစ်သွားရင် ဒုက္ခ ။ အဲ့တာကြောင့်မို့ ခါးသေးသေးလေးကနေ ဆွဲကာယူလိုက်ပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက်တယ် ။ ဒါကိုတောင် သူ့ရဲ့လက်တွေကိုကိုက်ပြီး ထွက်ပြေးဖို့ပြင်နေသေးတာ ။

You Are Mine [ Completed ]Tahanan ng mga kuwento. Tumuklas ngayon