part-5

377 29 0
                                    

Wang Yi Bo က Zheng Zhou(ကျင့်ကျိုး) ကနေ လန်ဒန်ကိုရောက်လာတဲ့ပြောင်းရွှေ့အလုပ်သမားတစ်ယောက်ဖြစ်ပီးအလုပ်ကြိုးစား၍ပျော်ပျော်နေတက်ကာလူချစ်လူခင်ပေါ သူဖြစ်သည်။ အပြုံးချိုချိုလေးနှင့်စကားပြောတက်ပီး သူနှင့်စကားပြောသူတိုင်းကိုရယ်မောအောင် စွမ်းဆောင်နိုင်သူလည်းဖြစ်သည်။Wang Yi Bo မှာ မိသားစုဝင်ဖြစ် မိခင် တစ်ယောက်သာရှိပီး Zheng Zhou မှာကျန်ရစ်ခဲ့သည်။စားဝတ်နေရေး ပြေလည်သော်လည်း မိခင်ဖြစ်သူက လန်ဒန်ကိုသွားစေသည်။ ကိုယ့်အားကိုယ်ကိုး နိုင်စေရန် ရည်ရွယ်ပြီး အခြားအကြောင်းရင်းတခုလည်းရှိသေးသည်။ Wang Yi Bo နှင့်အတူ Zheng Zhou ကသူငယ်ချင်းတစ်ယောက်လည်းပါသည်။ သူတို့နှစ်ဦးတန်ဖိုးနည်း တိုက်ခန်းတခုမှာအတူတကွငှားနေကြသည်။ Wang Yi Bo သူငယ်ချင်းက Da Bao လို့ခေါ်ပီးယခုချိန်ထိ အလုပ်ရှာနေဆဲဖြစ်သည်။

Wang Yi Bo တစ်ယောက်မနက်စာပြင်ဆင်ပီး ယခုချိန်ထိ အိပ်နေသော Da Bao ကိုနှိုးလိုက်သည်။

" ထတော့Da Bao မိုးလင်းနေပြီ ..လန်ဒန်က သူ့လက်မောင်းတွေဖွင့်ပြီး မင်းကိုကြိုနေတယ် ..လာ မြန်မြန်..ထ မြန်မြန်..ထ"

စောင်ကိုအတင်းလှုပ်ယမ်းရင်း နှိုးနေသော Wang Yi Bo ကြောင့် Da Bao ထရတော့သည်။

" လန်ဒန်က ငါ့ကိုဒေါသဖြစ်နေပီ သူငယ်ချင်း ငါ့ကိုနေ့ဝက်တောင် အလုပ်မပေးဘူး..သူငါ့အတွက်လက်ကမ်းကြိုနေမယ်ဆိုတာ မယုံနိုင်စရာပဲ အိုး...လန်ဒန် ကျွန်တော့်အတွက်တစ်ခုခုလုပ်ပေးပါ. "
အလုပ်သွားရန်ပြင်ဆင်နေသော Wang Yi Bo ကိုကြည့်ရင်း Da Bao ညည်းလိုက်သည်။Wang Yi Bo ကသူ့ကို ဂရုမစိုက် ပြင်ဆင်စရာရှိတာပြင်ဆင်ဆဲ...Da Bao ကဆက်၍

" ကြည့်ရတာငါ Zheng Zhou ကိုပြန်ရတော့မယ်ထင်တယ် အိမ်ရှင် ဦးလေးကြီးကလည်း အိမ်လခတောင်းနေတယ် ငါတို့ဒီနေ့ပြောင်းရမယ်လို့ပြောတယ် "

" စိတ်အေးအေးထားပြီး စားစရာရှိတာစားပါ အဲ့ဦးလေးကြီးကို ငါကြည့်ရှင်းလိုက်မယ် "

" တကယ်လား "

" အင်း "

" Ok မင်းကသိပ်ကောင်းတာပဲ ဘုရားသခင် စောင့်ရှောက်ပါစေ "

ထွက်သွားပြီဖြစ်သော Wang Yi Bo ကိုလှမ်းအော် ပြောပီး Da Bao မနက်စာစားဖို့ ထလာခဲ့သည်။ မနက်စာပန်းကန်ရဲ့အောက်မှာ ပိုက်ဆံတချို့ တွေ့လိုက်ရသည်။ Da Bao ပြုံးကာ
" ဒီကောင် တစ်ပတ်စာပိုက်ဆံတွေထားခဲ့ပြန်ပီ "

Wang Yi Bo တစ်ယောက် ဂစ်တာ တစ်လုံးလွယ်ကာ လန်ဒန်မြို့ရဲ့လမ်းတွေပေါ်မှာ သီဆိုဖျော်ဖြေလေ့ရှိသည်။
ဒါကလည်း သူ့အတွက်အလုပ်တစ်ခုပေ လမ်းသွားလမ်းလာများက သဘောကျသည့်အခါ guitar box ထဲသို့ အကြွေစေ့များ ငွေများပစ်ထည့်သွားလေ့ရှိသည်။ နေ့လည်ဖက်တွင် ပေါင်မုန့်တစ်ချို့စားကာဗိုက်ဖြည့်ပီး ကျန်အချိန်များတွင် ကားရေဆေးခြင်း ဈေးထဲတွင် ပင်လယ်စာပို့ခြင်း စသည့်အလုပ်များ လုပ်သည်။ Wang Yi Bo သီဆိုဖျော်ဖြေ တာကို အမြဲသတိထားမိနေသည့် ကောင်လေးတစ်ယောက်လည်းရှိသည်။ထိုကောင်လေးမှာ Wang Yi Bo အားအကြွေစေ့များငွေများပေးတက်သေးသည်။Wang Yi Bo ကတော့သတိမထားမိပေ။

တစ်နေ့တော့ Wang Yi Bo သီဆိုဖျော်ဖြေရာနားသို့ ထိုကောင်လေးဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကာ အကြွေစေ့ တစေ့လာပစ်ထည့်သည်။ Wang Yi Bo သီချင်းပီးသွား၍ မျက်လုံးများဖွင့်ကြည့်ချိန်တွင် သူ့ရှေ့မှာ တွေ့လိုက်ရတာ ဟိုနေ့က Church ကျောင်းရှေ့က ဖြတ်ပြေးသွားသော နတ်သားလေးဖြစ်နေသည်။

Wang Yi Bo ထိုကောင်လေးအား ကြောင်ကာငေးကြည့်နေတုန်း ထိုကောင်လေးမှာ စကားမခွန်းမဆို သူ့အားပြုံးပြကာ ထွက်သွားလေသည်။ထိုကောင်လေးအားမျက်စိ တဆုံးလိုက်ကြည့်နေမိသည်။မြင်ကွင်းထဲကပျောက်သွားတော့မှ အသိဝင်ကာ ရှက်ရှက်နှင့် ခုန်ပေါက်ကာ ထိုနေရာမှလှည့်ထွက်ခဲ့တော့သည်။

" ဒီမှာ ကျားပုစွန်တစ်ကီလို ကင်းမွန် ၆ ကောင် ရေဘဝဲ တစ်ကောင် "

Wang Yi Bo တစ်ယောက်ဈေးထဲတွင်းပင်လယ်စာများပို့ခြင်းအလုပ် လုပ်နေသည်။

" တော်တယ် Yi Bo "

ဆိုင်ရှင်လူကြီးကပြောသည်။

" ပြီးတော့ နေဦး တခုရှိသေးတယ်...အထူးနော် ကြည့် "

Wang Yi Bo ကပြောပြီး အိတ်ထဲကာ တခုခုထုတ်ကာ ဆိုင်ရှင်အားပြလိုက်သည်။

" Wow  Yi Bo ငါ့အတွက် ဖွိုင်းကရပ်စ် ရှာပေးထားတာလား"

" ခင်ဗျားရဲ့ ဖိုးဒီဂရပ်စ် ခင်ဗျားတောင်းတယ် ကျွန်တော်ကရှာတယ် "

" ကျေးဇူး Yi Bo မင်းငါ့ကို အမြဲရအောင်လုပ်ပေးတယ် တကယ်လို့ မင်းဒီအလုပ်ကို ငြီးငွေ့လာခဲ့ရင် ငါ့စားသောက်ဆိုင်တစ်ခုမှာ မင်းအတွက်အလုပ်ရှိတယ် " ပြောရင်း ဆိုင်ရှင်လူကြီးက card တစ်ခုထုတ်ပေးလာသည်။

" ကျေးဇူး ဆရာ "

card ကိုယူကာအပြုံးလေးနှင့်ကျေးဇူးတင်စကားဆိုလိုက်သည်။

As Long As I Live Where stories live. Discover now