part-4

459 30 0
                                    

* ကျွန်တော့နာမည်က Wang Yi Bo ပြောရမယ်ဆိုရင်ကျွန်တော့်အသက် ၂၂ နှစ်ထိအသက်ရှင်ခဲြ့ပီးပါပြီ... ဒါပေမယ့် ကျွန်တော့်ဘဝကတော့အဲ့ဒီနေ့ကမှတကယ်စခဲ့တယ်...
ကျွန်တော့ဇာတ်လမ်းရဲ့ပထမဆုံးနေ့... နှင်းတွေကျတာကို ကျွန်တော်ပထမဆုံးမြင်ရချိန် ......နတ်သားလေးတစ်ပါးနှင်းတွေကြားကိုဖြတ်သွားတာကျွန်တော်ပထမဆုံးမြင်ခဲ့ရတယ် *

လန်ဒန်မြို့ရဲ့ကြီးမားတဲ့ Church ကျောင်းတစ်ခုရှေ့မှာ Wang Yi Bo ဟာနှင်းတွေရှင်းလင်းနေခဲ့သည်။ ထိုအချိန်မှာပဲ သားမွေးအင်္ကျ ီအနီရောင်နဲ့ ကောင်လေးတစ်ယောက် Church ကျောင်းထဲကိုအပြေးအလွှားဝင်သွားခဲ့သည်။ ထိုကောင်လေးက Church ကျောင်းထဲဝင်ဝင်ချင်းစိတ်ပျက်လက်ပျက်နှင့်သခင်ယေရှုအားပြောလိုက်သည်။

"သခင် အခုမှနှင်းကျအောင်လုပ်ရလား ဆယ်မိနစ်လောက်တော့ စောင့်တာမဟုတ်ဘူး.ဒီဝတ်စုံကဈေးကြီးတယ် အခုစိုကုန်ပြီ "

ပြောပြောဆိုဆိုနဲ့ အင်္ကျ ီကနှင်းများကိုခါထုတ်နေသည်။

" ဒါနဲ့ ကျွန်တော် အောင်စာရင်းထွက်ပီ ကျွန်တော်တက္ကသိုလ်မှာအမှတ်အများဆုံးရတယ် အဖေအရမ်းပျော်နေတယ် ကျေးဇူးပါ ပြီးတော့ အင်း...ကျွန်တော်ကတိပေးပါတယ် ဒီနေ့ကစပြီး ချောကလက်မစားတော့ဘူး ဘယ်တော့မှ..ကတိပေးတယ်..အိုကေ အခုသေချာနားထာင် ဒီနေ့ကျွန်တော်တို့အလုပ်က အရေးကြီးတယ် "

ပြောရင်း ထိုကောင်လေးကသခင်ယေရှုရှေ့ ဆုတောင်းစင်ပေါ်တွင်ဖယောင်းတိုင်များထွန်းလိုက်သည်။

" Zhang အဒေါ် ဆီမှာ ဂီတပွဲရှိတယ် Mrs Sangar က ကျွန်တော့်ကို သူရဲ့ ဝေါထရီ ဘဏ်လုပ်ငန်းရှင်သမီးနဲ့ ချိတ်ပေးချင်နေတယ် please please ကျွန်တော့်ကို သူမ မကြိုက်အောင်လုပ်ပေးပါ ကျွန်တော့ဘက်ကလည်း အတက်နိုင်ဆုံးကြိုးစားမှာပါ ဒါပေမယ့် လန်ဒန်က ကောင်မလေးတွေ ကျွန်တော်နဲ့တွေ့ရင်ဘယ်လို ရူးကြောင်ကြောင်နိုင်လည်းဆိုတာ သခင်သိတာပဲ ပြီးတော့...ဘယ်နေရာမဆိုပါ ကျွန်တော် အင်္ဂလန်သူကို လက်မထပ်ဘူး ကျွန်တော်အဲ့လိုပြောတာကိုမှတ်မိတယ်နော် "

သူငယ်ငယ်တုန်းကလည်း ထိုကဲ့သို့ဆုတောင်းခဲ့ဖူးသည်။

#" ကျေးဇူးပြုပီး အင်္ဂလန်သူတွေကိုမယူပါရစေနဲ့ သူတို့က သိပ်ကိုပွင့်လင်းလွန်းတယ် ကျွန်တော့်ကို ဖြူစင်ပီးရိုးသားတဲ့ ကောင်မလေးမျိုးပဲ ရှာပေးပါ please "# ငယ်စဉ်အချိန်က ဆုတောင်းခဲ့ဖူးတာကို သတိရမိလိုက်သည်။

" ဒါပေမယ့်ကျွန်တော့်အဖေ အဲ့ဒီဘဏ်လုပ်ငန်းရှင်သမီးကို သဘောမကျအောင်လည်းလုပ်ပေးပါ သခင်သိတယ်နော် ကျွန်တော့်အဖေနဲ့ ဘယ်တော့မှရန်ဖြစ်လို့မရဘူးဆိုတာ ဒီတော့ အဲ့ဒါကိုမဖြစ်ပါစေနဲ့ ကျွန်တော်ကတိပေးတယ် " ပြောရင်းဝတ်ထားတဲ့သားမွေးအင်္ကျ ီကိုကြည့်ကာ

" ကျွန်တော်အခုကစပြီး ဘယ်တော့မှ သားမွေးအင်္ကျ ီတွေမဝတ်တော့ဘူး ကျွန်တော်သားမွေးဘယ်လောက်ကြိုက်လည်း သခင်သိတယ်နော် အိုကေ? သဘောတူပီလား? အဲ့ဒါကိုသာ ရအောင်လုပ်ပေးပါ .. Thank you "

ပြောချင်တာများပြောပီးသည်နှင့်ထိုကောင်လေးမှာ Church ကျောင်းအပြင်ဘက်သို့ပြန်လည်ပြေးထွက်သွားသည်။ သူ့ကိုတစ်စုံတစ်ယောက်က ကြည့်နေသည်ကို သတိပင်မထားမိ။ ခဏအကြာ တိုင်လုံးနောက်ကွယ်မှ Wang Yi Bo ထွက်လာပြီးအံ့သြဟန်ဖြင့်သခင်ယေရှုဘက်လှည့်ကာ

" ဆရာယေရှု ခင်များ ဘယ်လိုလူစားမျိုးကို သည်းခံလိုက်ရတာလဲ အတော်ခက်ခဲမယ့်အလုပ်ပဲ god bless you " ရွှတ်နောက်နောက်နှင့်ပြောပြီး အပြင်ကိုပြန်လည်ပြေးထွက်လာခဲ့သည်။

သားမွေးအင်္ကျ ီအနီနှင့် ကောင်လေးကတော့ driver အသင့်ဖွင့်ပေးထားသောကားထဲသို့ဝင်ကာ ပြန်သွားလေပြီ။Wang Yi Bo ထိုကောင်လေးကိုငေးနေရင်းမှ

"  Hey Yi Bo ဘာလုပ်နေတာလဲ မင်းနေ့လည်စာထမင်းစားချိန်ဆိုပြီးရမှာလေ " ဂျက်စ်ဆိုသောလူကြီးကအော်ကာ Wang Yi Bo အားသတိလှမ်းပေးလိုက်သည်။

" မစိုးရိမ်ပါနဲ့ Mr ဂျက်စ် ကျွန်တော်မိနစ်နှစ်ဆယ်ဆိုရင် လုံးဝသန့်ရှင်းသွားအောင်လုပ်ပေးပါ့မယ် "

Wang Yi Bo ကပြောလိုက်သည်။

" ငါ နာရီဝက်အတွင်းလာခေါ်မယ် ပီးအောင်လုပ်ထား "

" ပြီးမယ် ပြီးမယ် အိုကေ ဘိုင် ဘိုင် "

ဂျက်စ် ဆိုသူလူကြီးအား လက်ပြနှုတ်ဆက်ကာ တူရွင်းပြားကိုင်ပီးနှင်းများရှင်းလင်းရေးစတင်လုပ်ဆောင်တော့သည်။ပါးစပ်မှလည်းအငြိမ်မနေ အော်ဟစ်ကာသီချင်းဆိုနေသေးသည်။

" ဒီတိုင်းပြည်က မြေကြီးထဲက နှင်းတွေပေါက်တာ ဖြူဖွေးနေတဲ့နှင်းတွေ ~~~🎶🎶"

As Long As I Live Donde viven las historias. Descúbrelo ahora