Unicode

47 5 0
                                    

မိုးသောက်မနက်ခင်းရောက်တာနဲ့ ပန်းဆိုင်ထဲက ပန်းတွေကိုရေဖြန်းတာ... မညှိုးခြောက်အောင်လုပ်တာဟာ ...... နေ့စဉ်နေ့တိုင်း changmin လုပ်နေကြ အလုပ် ...... ပြီးတော့ Daisy ပန်းပင်လေးတွေကို ရေလောင်းတိုင်း အချိန်ကြာမြင့်စွာ ငေးစိုက်ကြည့်မိတာဟာလည်း သူနေ့စဉ် လုပ်မိနေကြအလုပ် .........

မှန်အပြည့်နဲ့ ကာထားတဲ့ သူ့ပန်းဆိုင် နာမည်က
"Dear Daisy "
Shim changmin ဆိုသောသူ့ရဲ့ တစ်ခုတည်းသော အမြတ်တနိုးပိုင်ဆိုင်မှု သူသိပ်ချစ်တဲ့ အလုပ်နေရာ

မနက်ခင်းနေခြည်ပွင့်စမှာပဲ ပန်းပင်တွေရေလောင်းနေတဲ့ သူ့ဟန်ပန်က ပန်းချီကား တစ်ချပ်ဆို အဲ့ဒီပန်းချီကားရဲ့ အသက်ဝင်မှုက ပန်းပင်တွေကိုစိုက်ကြည့်တိုင်း ပြုံးတတ်တဲ့သူ့အပြုံးတွေပဲ ဖြစ်လိမ့်မယ် .........

ဆိုင်တံခါးဝက ဆည်းလည်းသံလေးက ဆိုင်အတွင်းပျံ့နှံ့သွားသည်
"ကြိုဆိုပါတယ် ခင်ဗျာ"
Shim Changmin တက်ကြွရွှင်လန်းစွာ နှုတ်ဆက်လိုက်သည်
ဒါက သူ့ဆိုင်ရဲ့ ပထမဆုံးဈေးဝယ်သူမဟုတ်လား ............

လာဝယ်တဲ့သူကို တစ်ခဏလေးငေးကြည့်လိုက်မိစဉ်မှာပဲ Changmin စိတ်ထဲမှာ လှိုင်းလေးတစ်ခုဖြတ်သွားခဲ့သည် .........
အဲ့ဒါကြောင့်ပဲ သူ့အပြုံးတွေက ပိုအသက်ဝင်သွားခဲ့သည်

"Daisy ပန်းပင်လေးဝယ်ချင်လို့ "

ပုံစံတိကျတဲ့နှုတ်ခမ်း ...... ပြီးတော့ နှုတ်ခမ်းထက်က မှဲ့လေး ...... သူအသေးစိတ်လိုက်မှတ်နေတာမဟုတ်ဘဲ အသေးစိတ်မှတ်မိနေသည် ......... အထူးခြားဆုံးက အဲ့ဒီလူရဲ့မျက်ဝန်းနက်တွေ.........သိပ်ကိုတောက်ပလွန်းတယ်လေ ......

"Daisy ပန်းပင်လေးတွေက ဒီဘက်မှာပါခင်ဗျ.........ဘယ်အပင်လေးကိုယူမလဲဟင် ......"

"ဘယ်အပင်ကို ယူသင့်လဲဟင် "

"အယ် မပြောတတ်တော့ဘူး ဘယ်အပင်ပဲဖြစ်ဖြစ် ဝယ်သင့်တာချည်းပဲ............ ကိုယ်တိုင်စိုက်မှာလား ......... လက်ဆောင်ပေးချင်တာလား ......"

"လက်ဆောင်ပေးချင်တာ ..."

ဘယ်သူ့ကိုပေးမှာလဲ ......... သူ့ကောင်မလေးအတွက်လား ......... သူ့ချစ်သူအတွက်လား ......လက်ထပ်လက်စွပ်တော့ သူ့လက်မှာမတွေ့တာမို့ သူ့မိန်းမအတွက်တော့မဟုတ်လောက်
အရေးမပါတဲ့အတွေးများစွာ changmin ခေါင်းထဲမှာ ဖြတ်ပြေးသွားသည် ......

Dear Daisy!!!Unde poveștirile trăiesc. Descoperă acum