Ep-1

834 53 19
                                    

ကြည်လင်နေသော ကောင်းကင်ကြီးအောက်၌ ကျိုးချန်တစ်ယောက် ခြံထဲကထိုင်ခုံပေါ်မှာ Laptopတစ်လုံးနဲ့ ကျောင်းကပေးလိုက်သော Assignmentတွေလုပ်အပြီး
ဦးနှောက်ဆေးဖို့အတွက် ခြံထဲဆင်းပြီး ပန်းပင်လေးတွေကို ပေါင်းသင်ရေလောင်းနေတုန်း
အလှူအိမ်တွေမှာ ဘိသိက်မြှောက်တဲ့အခါ တီးတဲ့ဆိုင်းသံအလား အိမ်ထဲကနေ ထွက်လာသော အင်မတန်ကျယ်လောင်လှသောအသံကို ကြားလိုက်ကတည်းက ခေါင်းပြန်လှည့်ကြည့်စရာမလိုလောက်အောင် နားထဲမှာ သေလောက်အောင် စွဲနေတဲ့
သူ့ရဲ့နှစ်ယောက်မရှိတဲ့ ညီသူငယ်ချင်း   ဝမ်ပင်းဟယ်

ပင်းဟယ်: ကျိုးချန် ကျိုးချန် ကျိုးချန် ကျိုးချန်ရေ………

ဟူသော နောက်ကကျားလိုက်လို့ပြေးသလားလို့
အောက်မေ့ရအောင် သေမလို အော်ခေါ်နေသောကြောင့် ကျိုးချန် စိတ်မရှည်စွာ ပြန်ထူးလိုက်လေသည်

ကျိုးချန်: ဘာလဲကွာ အသံးလေးဘာလေး နည်းနည်းပါးပါးလေး လျှော့ခေါ်လို့မရဘူးလား
ပြီးတော့ မင်းနောက် ဘာအကောင်မှလိုက်မလာပါဘူး
ဘာတွေများ အရေးကြီးလို့ အမောတကောနဲ့ပြေးလာရတာလဲ

ပင်းဟယ်: မင်းရဲ့……. မင်းရဲ့…….

ကျိုးချန် ပင်းဟယ်ကို တကယ်စိတ်မရှည်တော့ဘူး

ကျိုးချန်: ငါရဲ့ ဘာလဲကွာာာာာာာာာာ

ပင်းဟယ်: မင်းရဲ့အချစ်ဦး
First Love One and Only ချစ်ရသူကြီး
ဟိုင်ခွမ်းကော ပြန်လာပြီ

ဟိုင်ခွမ်းကော ကျွန်တော်ရဲ့ကော ကျွန်တော့ကို အကြာကြီးပစ်ထားပြီး LIU Groupက လျှိုပါးပါးရဲ့နေရာမှာ ဆက်ခံဖို့အတွက် Englandမှာ Businessအကြောင်းကို အကျယ်တပြန့် 4နှစ်တာသွားလေ့လာတာ
ကျွန်တော်အထက်တန်း နောက်ဆုံးနှစ်ကတည်းကဆိုတော့ အခုဆိုကျွန်တော်တောင် Finalရောက်နေပြီဆိုတော့
အင်းပေါ့ အချိန်တွေတောင် အဲ့လောက်တောင်ကြာသွားပြီကိုး…..

ကျိုးချန်: မင်းတကယ်ပြောတာလား
မင်းကိုဘယ်သူပြောတာလဲ
ငါ့ကိုမနောက်ပါနဲ့
ငါမျှော်နေမှန်းသိလို့ မင်းငါ့ကိုစနေတာမလား

ပင်းဟယ်: ဘယ်တော့မှ သူ့အပေါ်ဘယ်တော့မှ အကောင်းမမြင်တဲ့ သူ့အစ်ကိုသူငယ်ချင်းခေါင်းကို ဂွက်ခနဲ ခေါက်လိုက်တယ်

You are My EveryThing(Zawgyi Version)Where stories live. Discover now