Chapter 1 Unicode Version

14.1K 284 5
                                    

"ညနေမိုးချုပ်တော့မယ်။ အခုထိအန်တီစောကလည်းပြန်မလာသေးဘူး။ ဒီညအပြင်သွားဖို့ရှိပါတယ်ဆိုမှကွာ"
"နင်သွားစရာ ရှိရင်သွား‌ပေါ့ဟာ ဘာတွေစဉ်းစားနေတာလဲ"
"အာ ငါ့ကားကအန်တီစောကိုပေးလိုက်တာဟ သူမနက်ပန်းထိုးဖို့ပန်းဝယ်ဖို့အရေးကြီးတယ်ဆိုလို့"
‌‌ပြောရင်းနဲ့ခြံထဲကိုကားတစီးရောက်လာပြီးကောင်မလေးတယောက်ကကားကိုယူစီးသွားသည်။
တယောက်ကတော့ခြံထဲမှာစာဖတ်နေရာမှထလာသည်။
"ဘယ်လိုလဲ အန်တီ ပန်းတွေသေချာရခဲ့ရဲ့လား"
"ရခဲ့တယ် ပိုင်ပိုင် မနက်ကျရင်ကပ်ဖို့အားလုံးအဆင်သင့်ပဲ ဒါနဲ့ဟိုကလေးမကဘယ်ကိုသွားပြန်တာတုန်း"
"ထုံးစံအတိုင်း ညဘက်လျှောက်သွားတာပေါ့အန်တီစောရယ် သူချိန်ထားတာရှိတယ်လို့ကြားတယ်"
"အင်း ပိုင်၂တို့၂ယောက်လည်းနော် တယောက်ကမိန်းကလေးလိုနေပေမဲ့ အပျော်အပါးအပြင်သွားတာမက် တယောက်ကျမိန်းကလေးမဆန်ပေမဲ့ အပြင်မထွက်အိမ်ကပ်နဲ့ အင်းလောကကြီးတော့ပြောင်းလဲကုန်ပါပီအေ"
ပိုင်ပိုင်ဘုရားရှိခိုးဖို့ရေမိုးချိုးရန်အပေါ်တက်လာသည်။ ပိုင်ပိုင်အဝတ်စားလဲဖို့အန်တီစောကသေချာပြင်ထားပေး‌သည်။ ရေချိုးပြီးသောအခါအန်တီမိုးတက်လာသည်။
"ပိုင်ပိုင်ရေ မနက်ဖန်ပိုင်ပိုင့်ဖေဖေပြန်လာမယ်ပြောတယ် အာ့ဘယ်လိုလုပ်မယ်စိတ်ကူလဲ"
"ဘယ်လိုလုပ်ရမလဲအန်တီစောရယ် မီးစင်ကြည့်ကတာပေါ့"
ပိုင်ပိုင်အဖေကစီးပွားရေးမှာအောင်မြင်တဲ့သူဖြစ်သည်။ အလွန်ဘိုဆန်သလို ကောင်မလေးများကိုလည်းသကြားဖေဖေလုပ်တတ်လေသည်။ ၅၀နီးပါးရှိပြီဖြစ်သော်လည်းရုပ်နုဖက်ရှင်ကျသောကြောင့်ဝိုင်းဝိုင်းလည်နေတာမဆန်းပေ။ ပိုင်ပိုင်အမေကပိုင်ပိုင်အသက်၁၅နှစ်လောက်မှာဆုံးသွားခဲ့သည်။ ပိုင့်အဖေကပိုင့်အမေကိုအရမ်းချစ်ခဲ့သည်။ အခုလည်းစိတ်ပြေလက်ပျောက်လျှောက်တွဲနေမှန်းကိုပိုင်ပိုင်တို့သိသဖြင့်ဘာမှမပြောဖြစ်။
ဒါပေမဲ့ပြသနာကဖေဖေပြင်ဦးလွင်မှာအချစ်သစ်ရနေသည့်ကိစ္စဖြစ်သည်။ ဖေဖေကပိုင်ပိုင်တို့ကိုသူ့အသိတူမလေးအိမ်မှာလာနေမည်ဟုလိမ်ထားသော်လည်းထိုကလေးမလေးမှာဖေဖေ့အချစ်သစ်နဲ့ပတ်သက်‌နိုင်သည့်အကြောင်းကိုပိုင်ပိုင်စုံစမ်းထားပြီဖြစ်သည်။
"ပိုင်ပိုင် ဒီကိစ္စကို နန္ဒါကိုရောပြောပြီးပြီလား"
"မပြောရသေးဘူးအန်တီစော သူသိရင်ကောင်မလေးကိုပြသနာရှာနေမှာ"
နန္ဒာဆိုတာပိုင်ပိုင်ရဲ့ငယ်သူငယ်ချင်းဖြစ်ပြီး အလွန်သံယောဇဉ်ရှိသူလည်းဖြစ်သည်။ သူ့အိမ်မှာတောင်မနေဘဲတ‌ခါတလေပိုင်ပိုင့်အိမ်မှာပဲအချိန်ကုန်တတ်သူ။ အလွန်ကလေးဆန်ပြီးဆိုးတတ်သူလည်းဖြစ်သည်။
အခုလည်းပိုင်ဘုရားရှိခိုးပြီးတာနဲ့နန္ဒာ့နောက်လိုက်ရမည်။ နန္ဒါကမူးပြီဆိုရင်ဘာမှမြင်တာမဟုတ်။ သူ့ကိုကြိုက်နေတဲ့ကောင်တွေကလည်း စိတ်ချရတာမဟုတ်။
နန္ဒါ့ဖေဖေကပိုင်ပိုင့်ကိုဖုန်းလှမ်းဆက်သည်။
"သမီးရေ ပိုင် နန္ဒါရှိလား"
"နန္ဒါ အပြင်သွားတယ်ဦး သမီးအခုသွားကြိုနေပြီ"
"ဦီး ဖုန်းခေါ်တာမရလို့"
"သူအားကုန်သွားတာဖြစ်မယ်ဦး သမီးကိုခုနကpower bank"ယူခဲ့ဖို့တောင်ပြောနေတာ"
"ဟုတ်ပြီသမီး သူဒီညသမီးဆီမှာပဲအိပ်မှာဟုတ်"
"ဟုတ်မယ်ဦး သူအခန်းထဲမှာပစ္စည်းတွေထားနေတာတွေ့တယ်"
"ဟုတ်ပီ သမီး ကျေးဇူးပါနော်"
နန္ဒါ့ဖေဖေကပိုင်ပိုင့်ဖေဖေနဲ့အလုပ်တူတူလုပ်ဖက်ဖြစ်သည်။ နန္ဒါ့အိမ်မှာမိန်းကလေးသိပ်မရှိတာကြောင့်ငယ်ငယ်ကတည်းကအန်တီစောနဲ့အဘွားရှိတဲ့ပိုင်တို့အိမ်မှာပဲထားသည်။ ပိုင်ကနန္ဒါတို့အိမ်သွားလည်ရတာပျော်သည်။ နန္ဒါ့အဖေကအားကစားလိုက်စားသူဖြစ်သည်။ ဒါကြောင့်သူတို့အိမ်မှာtennis court, basket courtရှိသည်။ သူ့အိမ်ကအကိုကြီးတွေ နန္ဒါ့အကိုဝမ်းကွဲတွေနဲ့Karate ဆော့ ဘောလုံးကန် ရတာကိုပိုင်၂ပျော်သည်။ ဒါကြောင့်လည်းကျောင်းမှာပိုင်သည်အားကစားတော်သည်။ Karate champion, စစ်တုရင်champion ။ သူ့ဖေဖေ နန္ဒါ့ဖေဖေတို့နဲ့golf ရိုက်လေ့ရှိသည်။
ငယ်ငယ်ကတည်းကနန္ဒါ့အတွက်သူသည်အရာရာဖြစ်ခဲ့ရသည်။
အတိတ်အကြောင်းတွေကိုတွေးရင်းသူကားပါကင်ထိုးကာမြန်မာပလာဇာအပေါ်ထပ်ကိုတက်လာသည်။ ဒီညနန္ဒါeclipseမှာသောက်မည်ကိုသူသိသည်။ နန္ဒါ့ကိုသူဖုန်းခေါ်သည်။ ခေါ်လို့မရ။ သူစားပွဲဝိုင်းတွေကိုကြည့်ရင်းလှမ်းရှာသည်။
တွေ့ပါပြီ ကိုယ်တော်ချောမလေးကဘီယာတာဝါတိုင်ကိုရှေ့မှာချကာရှယ်သောက်ရန်ကြိုးပမ်းနေသည်။ ဘေးမှာကလည်းကျောင်းကကောင်တွေနဲ့။ နန္ဒါ့တို့ဝိုင်းကိုသူဝင်သွားပြီးနန္ဒါ့ဘေးမှာသူတမင်ဝင်ထိုင်လိုက်သည်။
"နန္ဒါအန်ကယ်ဖုန်းဆက်နေပြီ ငါတို့အိမ်ပြန်ရအောင်နော်"
"ငါသောက်လို့မဝသေးဘူးဟာ"
"ငါလမ်းမှာဝယ်တိုက်ပါ့မယ် နင်ကြိုက်တဲ့တုတ်ထိုးလည်းငါလိုက်ဝယ်ကျွေးမယ်လေနော်"
"တကယ်နော် အာ့ဆို ငါလိုက်ခဲ့မယ်"
နန္ဒါထိုင်ရာကနေထလာပြီးယိုင်နဲ့နဲ့နဲ့ နှုတ်ဆက်လိုက်သည်။
"အားလုံးပဲတာ့တာ"
နန္ဒါ့ကိုသူခေါ်လာရင်းဦးငြိမ်းကိုဖုန်းလှမ်းဆက်လိုက်သည်။
"ဦးငြိမ်းရောက်ပီလား အင်း၂ပိုင်တို့လည်းလာနေပြီ"
နန္ဒါ့အကြောင်းသိသဖြင့်အိမ်ကဦးငြိမ်းကိုသူကြိုခေါ်ထားခြင်းဖြစ်သည်။ ဦးငြိမ်းကိုနန္ဒါ့ကားပေးလိုက်ပြီးနန္ဒါ့ကိုသူခေါ်လာသည်။
နန္ဒါ့ကိုခေါ်ပြီးသူတို့ကားပတ်မောင်းလာသည်။ နန္ဒါကားမောင်းနေတဲ့သူလက်ကိုကိုင်ရင်းစကားပြောလသည်။
"ပိုင် နင်ငါ့ကိုဘာလို့အဲ့လောက်ဂရုစိုက်တာလဲဟင် ငါ့ကိုလေအတန်းထဲကတိုနီကကြိုက်တယ်တဲ့ ငါဘာလုပ်ရမလဲ ငါလေ နင်ကလွဲပြီးဘယ်သူ့ကိုမှမယုံဘူး"
"နန္ဒါ နင်အရမ်းမူးနေပြီအိပ်တော့နော်"
သူနန္ဒါ့အပေါ်ကိုမရိုးမသားတခါမှမတွေးခဲ့ဖူးဘူး။ ဒါပေမဲ့ သူ့ကိုယ်သူပုံမှန်မဟုတ်ဖူးလို့ခံစားနေရတယ်။ ဥပမာ ဘယ်ကောင်လေးကိုမှသူမကြိုက်တာမျိုး။ နန္ဒါ့အနားမှာနေနေရရင်ပျော်နေတာမျိုး။
နန္ဒါဘာကြောင့်ဒီရက်ပိုင်းမကြည်မလင်ဖြစ်နေသလဲ သူလည်းမသိပါ။ သေချာတာကတော့အရင်ကထက်ပိုသောက်လာသည်။ အတိအကျပြောရရင်၁၈နှစ်ပြည့်မွေးနေ့ပြီးကတည်းက။ တကယ်ဆိုသူတို့ကျောင်းသွားတက်ရတော့မည်ဖြစ်သည်။ နန္ဒါစာကိုပိုကြိုးစားသင့်သည်ဟုသူထင်သည်။ ပိုပြီးလူကြီးဆန်သင့်ပါပြီ။ နန္ဒါ့ကိုသူ့ခံစားချက်တွေကိုဟိုမရောက်ခင်ပြောပြချင်သည်။ သို့သော်ထုတ်မပြောဖြစ်။ နန္ဒါ့ရဲ့ပေါ့ပျက်ပျက်အကျင့်ကိုသူမကြိုက်။ နန္ဒါ့ကိုတုတ်ထိုးဆိုင်ရောက်လို့နှိုးမည်ပြင်လိုက်ရာဓယ်ဒီ့ဆီကဖုန်းဝင်လာသည်။
"သမီးရေ လေဆိပ်မှာဒယ်ဒီ့အရေးကြီးဧည့်သည်ရောက်နေတယ် သူအိမ်မှာနေလိမ့်မယ် သမီးသွားကြိုပေးပါအခု"
"ဦးငြိမ်းတို့ကိုခိုင်းလိုက်ပါလားဒယ်ဒီ"
"သမီးကိုယ်တိုင်သွားမှရမှာမို့သမီး ဒယ်ဒီပြောတာနားထောင်ပါ"
သူအထွန့်တက်မနေတော့ဘဲကားကိုအမြန်မောင်းပြီးသွားကြိုလိုက်သည်။ ဆရာစံလမ်းကနေလေဆိပ်ကိုသူ၁၅မိနစ်ပဲမောင်းလိုက်ရသည်။ လမ်းကလည်းရှင်းနေသည်။
လေဆိပ်ကိုရောက်တာနဲ့သိပ်မကြာလိုက်။ ဖေဖေရှာခိုင်းတဲ့ကောင်မလေးကိုသူ့လက်ကိုလာထိသည်။
"ဟို ပိုင်ပိုင်လားမသိဘူး"
"အော် ဟုတ်ပါတယ် ညီမက...."
ဖေဖေပို့ထားတဲ့messageကိုပြန်ရှာဖတ်ရသည်။
"ညီမက ဖြူဖွေးဟုတ်ပါတယ်နော်"
ဒီလိုနဲ့ပဲကလေးမလေးကိုလေဆိပ်ကကြိုလာသည်။
ကားပေါ်မှာတလမ်းလုံးဘာစကားမှမပြောငိုပြီးလိုက်လာသည်။ သူလည်းဘာလုပ်ပေးရမှန်းမသိသဖြင့် သီချင်းလေးဖွင့်ပေးကာ ကလေးမလေးကိုတစ်ရှူးပေးလိုက်သည်။ အန်တီစောကိုလည်းဖုန်းကြိုဆက်ထားလိုက်သည်။ အိမ်ရောက်တော့သိုသိုသိပ်သိပ်တခြားသူတွေမသိအောင် သူ့သူငယ်ချင်းလိုလိုဘာလိုလိုနဲ့အန်တီစောနဲ့ပဲအသာလေးအခန်းပေးလိုက်သည်။ ဒယ်ဒီကတခြားသူတွေကိုသိစေချင်ပုံမပေါ်သောကြောင့်ဖြစ်သည်။ နန္ဒါ့ကိုတော့သူ့အခန်းထဲခေါ်သွားပြီးအန်တီစောကိုအကျီလဲခိုင်းလိုက်သည်။
ဟူး အိမ်မှာအခြေနေတွေရှုပ်တော့မှာပဲ

Unpredictable FortuneWhere stories live. Discover now