Chapter 11

2K 117 2
                                    

ဆေးရုံခန်းတခုလုံးငြိမ်သက်လျက်ရှိသည်။ နန္ဒါရောပိုင်ပါ၂ယောက်လုံးအားစေးမိထားသလိုငြိမ်နေမိသည်။
တိတ်ဆိတ်မှုကိုပိုင်ကပဲစဖြိုခွင်းလိုက်သည်။
ပိုင် - ငါနဲ့မနှင်းနဲ့အကြောင်းကဘာများလဲနန္ဒာ
နန္ဒါ - နင်မဖြူဖွေးကိုကြိုက်နေတာလား
ပိုင်ရုတ်တရက်လန့်သွားသည်။ ချက်ချင်းပဲ
ပိုင်- ဘာဖြစ်လို့အခုလိုပြောတာလဲနန္ဒာ မနှင်းကငါ့ရဲ့အမလေဟာ
နန္ဒါ - သူကမွေးစားထားတာလေ ပီးတော့အခုဆိုသူဒီအိမ်ရောက်တာတလပဲရှိသေးတယ် နင်အလုပ်ကိစ္စခရီးသွားရင်တောင်သူလိုက်နေရပီ သူကနင်နဲ့အတူငါ့အကြိုက်ဆုံးဆိုင်မှာတောင်သွားစားနေပြီ အာ့နင်နဲ့ငါ့ရဲ့အရာလေဟာ
ပိုင် - ငါရိုးသားတဲ့စိတ်နဲ့ပဲသူ့ကိုစောင့်ရှောက်ခဲ့တာပါ ပီးတော့ငါကနင်တို့ပြောသလိုဆိုမိန်းကလေးတယောက်ပဲလေ သူ့လိုသူမျိုးကငါ့ကိုကြိုက်ပါ့မလား သူ့လိုဆရာဝန်ယောင်္ကျားလေးတွေကိုပဲကြိုက်မှာပေါ့ မဟုတ်လား
*******************
ထိုစဉ်ဆေးရုံအောက်ကကော်ဖီဆိုင်မှာအန်တီစောနဲ့ဖြူဖွေးတို့စကားပြောနေကြသည်။
အန်တီစော - သမီးလေးပင်ပန်းနေပီလား ညကလည်းမအိပ်ဘဲစောင့်နေတာတညလုံး
ဖြူဖွေး - ရပါတယ် အန်တီစော သမီးအကျင့်လိုဖြစ်နေပါကီ
အန်တီစော - သမီးကိုအန်တီစောအရမ်းချစ်တာပဲ အရမ်းလည်းကြင်နာပေးတတ်သလို ပိုင်လေးကိုလည်းဂရုစိုက်ရှာတယ်
ဖြူဖွေး - အန်တီစော စိတ်မရှိရင်သမီးတခုလောက်မေးလို့ရမလား
အန်တီစော - မေးလေသမီး
ဖြူဖွေး - အန်တီစောဒီအိမ်ကိုဘယ်လိုရောက်လာတာလဲ နောက်ပီးတော့ပိုင်နဲ့နန္ဒာတို့ကရောဘယ်လိုလဲ အန်တီအဆင်ပြေမှပြောပါနော်
အန်တီစော- ရပါတယ် အန်တီပြောပြမှာပေါ့ အန်တီစောဒီအိမ်ကိုစရောက်တုန်းကအန်တီစောအသက်က၂၀ပဲရှိသေးတယ် ရွာကအန်တီစောအမေရိုက်လို့စိတ်ဆိုးပြီးအဖွားနဲ့လိုက်လာရာကနေရောက်လာတာပဲ အန်တီစောအဖွားကမမလေးအမေတို့အိမ်မှာအိမ်တော်ထိန်းလုပ်တာ။ မမလေးဆိုတာကပိုင့်ရဲ့မေမေပေါ့။ သိပ်ကိုကျက်သရေရှိပီးကြင်နာတတ်တဲ့သူပေါ့
**********************
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ခန့်က ရန်ကုန်မြို့ကရဝိတ်ဖောင်တော်ကြီးပေါ်မှာမင်္ဂလာဆောင်ကြီးတခုကျင်းပနေလေသည်။
ထိုမင်္ဂလာဆောင်ကိုထိုခေတ်အခါကလူသိများတဲ့သူဌေးအသိုင်းအဝိုင်းတွေလာကြသည်။
ပိုင့်ရဲ့ဒယ်ဒီနဲ့အမေတို့ဆောင်တဲ့မင်္ဂလာဆောင်ဖြစ်သည်။
လင်ခရူဆာနဲ့ပါကျဲရိုးကိုပင်မြင်ရခဲလှသောရန်ကုန်မြို့တွင်မကမြန်မာနိုင်ငံမှာပါတွေ့ရခဲ့တဲ့ Mercedes ကားများကိုပင်မြင်တွေ့နိုင်သည်။ သတို့သားဘက်ကတရုတ်အနည်းငယ်စပ်တဲ့လူချမ်းသာ မိသားစုကတဦးတည်းသောသားဖြစ်ပီး ဆောက်လုပ်ရေး နဲ့ သွင်းကုန်ထုတ်ကုန် စက်ရုံလုပ်ငန်းများကိုစတင်ကြိုးစားလုပ်ဆောင်နေသူဖြစ်သည်။ သတို့သမီးမိဘများကမျိုးရိုးစဉ်ဆက်ချမ်းသာသူများဖြစ်ကြပြီး ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ကိုင်ကြသူများဖြစ်ကြသည်။ သူတို့ရဲ့တဦးတည်းသောသမီးချောလေးကိုမင်းသမီးဖြစ်စေချင်သော်လည်းသူတို့ရဲ့သမီးကဆရာဝန်ဖြစ်ရန်ရွေးချယ်လိုက်လေသည်။
ထိုသူဌေးသားလေးနဲ့ ဆရာဝန်မလေးရဲ့ခြိမ့်ခြိမ့်သဲမင်္ဂလာပွဲကို
ဘုံကျောင်းမှာကန်တော့ပွဲတပွဲ၊ Sedona မှာ လက်မှတ်ထိုးပွဲ ၊ Trader (ယခု shangrila)မှာ စေ့စပ်ပွဲ ၊ အင်လျားlakeမှာdinnerတပွဲစသဖြင့်ထိုအခါကနာမည်ကြီးhotelမှန်သမျှမှာကျင်းပခဲ့သည်။
သူတို့လက်ထပ်ပီးအိမ်ခွဲနေတဲ့အခါမှာတော့ စောစောဆိုတဲ့ကလေးမလေးကိုလူယုံအဖြစ်တခါတည်းလက်ဖွဲ့လိုက်လေသည်။
သူတို့ရဲ့အိမ်ကလေးမှာအလွန်သာယာနေခဲ့ပြီး ပျော်ရွှင်စရာကောင်းလေသည်။ စီးပွါးရေးကလည်းအလွန်ကောင်းပြီး ပို၍ပင်ချမ်းသာလာသည်။ ခရိုနီစာရင်းဝင်ပင်ဖြစ်လာလေသည်။ သို့သော်သူတို့ဘဝကမပြည့်စုံခဲ့။ ကလေးရရန်ခက်ခဲနေခဲ့သည်။ နောက်ဆုံးဆေးခန်းပြဆေးသောက်ရင်းနဲ့ကြိုးကြိုးစားစားကလေးတယောက်ရခဲ့သည်။
မိန်းမ - မောင် ဘာလေးလိုချင်လဲဟင်
ယောင်္ကျား - ဘာလေးပဲဖြစ်ဖြစ်ချစ်မှာပါ ဒါပေမဲ့ယောင်္ကျားလေးလိုချင်တယ်
မိန်းမ - ဘာလို့လဲ မောင်ရဲ့
ယောင်္ကျား - မောင်ကယောင်္ကျားလေးဆိုတော့မိန်းကလေးတယောက်ဆိုဘယ်လိုသွန်သင်ရမလဲမသိလို့လေ
မိန်းမ - ကဲပါ ဟုတ်ပါပီ
.....................
ပိုင်ဆိုတဲ့သမိီးလေးမွေးပီးတဲ့နောက်မှာ နှလုံးရောဂါခနခနပြန်ဖောက်သည်။ အိမ်နီးချင်းညီမလေးတဦးလည်း ဆုံးပါးခါစမို့စိတ်တွေပိုပူနေမိသည်။ နန္ဒာလေးကိုစောင့်ရှောက်ပါနော်ဆိုတဲ့မဆုံးခင်မှာသွားတဲ့စကားကလည်း ပိုင်လေးကိုပိုစိတ်ပူစေမိသည်။ သူသိပ်ချစ်ရတဲ့သမီးလေးပိုင်ကိုမခွဲနိုင်။
ကံတရားကိုဘယ်သူမှမတားနိုင်ဘဲအမေမဲ့တဲ့ရေနည်းငါးလေးဖြစ်ခဲ့ရတယ်။
နန္ဒါ - နင်သိပ်ဝမ်းနည်းနေလားဟင် ငါလည်းမာမီဆုံးတုန်းကသိပ်ဝမ်းနည်းတယ် အခုမေမေဆုံးသွားတော့လည်းငါငိုချင်တယ်
ငိုနေတဲ့နန္ဒါလေးကိုကြည့်ပီး။
ပိုင် - ဘယ်မှာငိုလို့လဲ မငိုပါဘူးဟ မေမေကကောင်းကင်ဘုံကိုသွားတာဟ နင်လည်းမငိုရဘူးနော် ငိုရင်မေမေကကောင်းကင်ဘုံမှာမပျော်ဘဲနေမယ်
အမြဲတမ်းရင့်ကျက်သူဖြစ်ပေးခဲ့ပီးနန္ဒါ့ကိုမျက်နှာအညှိုးမခံခဲ့ပါ။ နန္ဒါကတော့ပိုပီးခင်တွယ်သလိုပိုပီးလည်းဆိုး။
တရက်သူနန္ဒါ့အကိုဝမ်းကွဲတွေနဲ့လက်ဝှေ့ထိုးသင်နေတုန်း။
နန္ဒါ - ပိုင် ငါ့ကိုလက်သည်းညှပ်ပေးပါ
ပိုင် - ခနနေညှပ်ပေးမယ်နော်
နန္ဒါ - အာ မရပါဘူးခုဆိုခုပဲ
ပိုင်ဘာမှပြန်မဖြေတော့
နန္ဒါ - အေး နင်မညှပ်ပေးဘူးနော် ရတယ်
အရွှဲ့တိုက်ဘုရင်မနန္ဒါတယောက်လက်သည်းတွေကိုကတ်ကြေးနဲ့ညှပ်ပစ်သည်။ လက်ထိမိပီးသွေးထွက်လာသည်။
ပိုင်လည်းနန္ဒါ့အော်သံကြောင့်အလန်တကြားနဲ့အော်ပီးပြေးလာသည်။ ဆေးထည့်ပေးရင်း
ပိုင် - ဘာလို့အဲ့လိုလုပ်တာလဲနောက်မလုပ်နဲ့နော်
နန္ဒါ - နင်မှငါ့စကားကိုနားမထောင်တာ
ပိုင် - နောက်တခါအဲ့လိုမလုပ်ပါနဲ့နော် ငါစိတ်ညစ်ရတယ် ငါနင့်ကိုလည်းအလိုလိုက်ပါ့မယ်
နန္ဒါ - တကယ်နော် နင်ငါ့ကိုချစ်ရင်အလိုလိုက်ရမှာ
ပိုင် - အန်တီလည်းမှာခဲ့တာပဲဟာ ပီးတော့ငါ့မှာသူငယ်ချင်းအရင်းနင်ပဲရှိတာ
နန္ဒါ - မရဘူးဟာ နင်ကိုယ်တိုင်ချစ်လို့အလိုလိုက်ရမှာ
ပိုင် - ချစ်တာကချစ်ပါတယ် ဒါပေမဲ့
နန္ဒါ - ဘာလဲမချစ်လည်းရတယ်နော် သွား ငါနဲ့ဝေး၂နေ
ပိုင် - ကဲပါဟာ ငါကသေချာအောင်စဉ်းစားနေတာပါ ချစ်တယ် ဟုတ်ပီလားနော်
...............
အန်တီစော- အဲ့ဒါပါပဲသမီးရယ်
ဖြူဖွေး - အင်း ဒါဆိုသူတို့၂ယောက်သံယောဇဉ်ကတော်၂ခိုင်မြဲမှာပဲနော် ကဲအန်တီစော သမီးတို့အပေါ်ပြန်တက်ရအောင်
အန်တီစော - အေးသမီး အန်တီစောအိမ်သာခနသွားပီးလိုက်ခဲ့မယ်
ဖြူဖွေး ဆေးရုံခန်းတံခါးဖွင့်ပီးဧည့်ခန်းထဲရောက်တော့ကုတင်ဘက်ကနေကြားလိုက်တဲ့အသံက
ပိုင် - ငါမနှင်းကိုလုံးဝဘာစိတ်မှမရှိဘူး သူကငါ့အစ်မပဲ ငါ့မှာသူ့ကိုစောင့်ရှောက်ဖို့တာဝန်ရှိတယ် ငါသူ့ကိုလုံဝမချစ်ဘူး
ဖြူဖွေးဒေါသတွေထွက်ပီးရှက်မိသွားသည်။
နောက်ရက်တွေဖြူဖွေးဆေးရုံမလာတော့။

Unpredictable FortuneWhere stories live. Discover now