Chapter 7 Unicode

2K 127 0
                                    

"အန်တီစော သူဘယ်မှာလဲ"
"ပိုင် နင်ဘယ်မှာလဲ နင်ဒါဘာအချိုးချိုးတာလဲ"
ညနေပိုင်းတခုရဲ့ငြိမ်သက်မှုကိုနန္ဒါ့ရဲ့အသံကိုဖြိုခွင့်လိုက်သည်။
အိမ်အကူမလေး- မမလေး မမလေးပိုင်ပိုင်ကဘုရားရှိခိုးနေပါတယ် အန်တီစောကအနောက်ဖက်ကမီးဖိုဆောင်ထဲမှာဟင်းချက်နေတယ်
မီးဖိုချောင်ထဲကိုဝင်သွားတဲ့နန္ဒါ့ကိုကောင်မလေးကအမြန်နောက်ကလိုက်ရင်း
အိမ်အကူ - မမလေး ဒီမီးဖိုချောင်မဟုတ်ပါဘူး အမ ချက်ရမှာများလို့နောက်ဖေးကမီးဖိုဆောင်ထဲမှာ ညဘက်ကိုမမလေးပိုင်ပိုင်က လိုက်လှူမလို့တဲ့
ချက်ချင်းပင်နန္ဒါဒေါသတကြီးနဲ့အပေါ်ထပ်တက်သွားသည်။ အပေါ်ထပ်ကိုအန်တီစောမပါဘဲမတက်ရဟူသည့်အမိန်ကြောင့် လိုက်ဆွဲတဲ့ကောင်မလေးလည်းလှေကားရင်းမှာပင်နေခဲ့ရသည်။
ဆူဆူညံညံအသံကြောင့်စာဖတ်ရာကနေအခန်းအပြင်ထွက်လာသည့်ဖြူဖွေးတယောက်အပေါ်တက်လာသည်နန္ဒါနဲ့တည့်တည့်တိုးသည်။
ဘုရားခန်းတံခါးကိုဆွဲဖွင့်ရန်ပြင်နေသည့်နန္ဒါ့ကိုဖြူဖွေးကိုတားလိုက်သည်။
ဖြူဖွေး - နန္ဒါ ပိုင်ဘုရားရှိခိုးနေတယ်
နန္ဒါ မျက်စောင်းလှမ်းထိုးလိုက်သည်။
နန္ဒါ - ရှင်နဲ့ဘာဆိုင်လို့လဲ
ပြောရင်းတံခါးကိုတွန်းဖွင့်လိုက်သည်။ လော့ခ်ချထားတာကေ့ာင့်တံခါးကပွင့်မလာ။ ဒေါသတကြီးနဲ့တံခါးကိုထုသည်။
ဖြူဖွေး - နန္ဒါ ညီမလေး ခနစောင့်လိုက်ပါလားဟင် မမ အအေးဖျော်ပေးမယ်လေ
နန္ဒါ - မလိုပါဘူး
တံခါးကိုဆက်ပီးထုသည်။
နန္ဒါ - ပိုင် နင်ထွက်မလာဘူးလား
ဖြူဖွေး - ညီမလေး ဘုရားခန်းကအသံလုံခန်းဆိုတော့ သူမကြားလောက်ဘူး လာပါညီမလေးရယ်စိတ်လျှော့ပါနော်
နန္ဒါသူ့လက်ကိုလာထိသည့်ဖြူဖွေးကိုပြန်ရုန်းလိုက်သည်။
နန္ဒါ - ဒီမှာမဖြူဖွေး ဝင်မပါပါနဲ့။ ဧည့်သည်ကဧည့်သည်လိုပဲနေပါ။ ပီးတော့မဖြူဖွေးဘောင်ကျော်တာတွေအရမ်းများနေပြီ။
ဖြူဖွေး - မမဘာလုပ်မိလို့လဲ
နန္ဒါ - တော်စမ်းပါမဖြူဖွေးရာ လူကိုကြည့်တော့ ရိုးသလိုလို အေးသလိုလိုနဲ့ အရူးကွက်တွေနင်းပီးအပိုင်ချုပ်နေတာလား အကွက်တွေလှတယ်နော် အမဆိုပြီးတော့သာကြည့်နေတာ ဘာလို့ကိစ္စအားလုံးဝင်ပါနေတာလဲ
ဖြူဖွေးကြောင်ပြီးနန္ဒါ့ကိုကြည့်နေမိသည်။ အန်တီစောလည်းကောင်မလေးလာပြောသောကြောင့်အပြေးလွှားအပေါ်တက်လာသည်။
အန်တီစော - ဘာဖြစ်နေကြတာလဲ နန္ဒါသမီးဘာကိစ္စရှိလို့လဲ
ဘုရားခန်းထဲမှပိုင်လည်းထွက်လာသည်။
နန္ဒါ - နင် ဘာအချိုချိုးတာလဲ
ပိုင် - နန္ဒါ ဘာဖြစ်လာတာလဲ
နန္ဒါ - ငါ အခုပဲကျောင်းကပြန်လာတာ ငါတို့ရေချယ်တို့ပြောလိုက်တယ် နင်ဒီမှာပဲကျောင်းတက်တော့မှာဆို အာ့ဘာအထာလဲ ပြောလေ
ဖြူဖွေးရော အန်တီစောပါ ပိုင့်ကိုအံ့ဩတကြီးကြည့်နေသည်။
ပိုင်ကဘာမှပြန်မပြောဘဲ နန္ဒါ့လက်ကိုဆွဲကာအခန်းထဲခေါ်သွားသည်။
တကယ့်International school ကပီးတဲ့ကျောင်းသားတွေဟာမြန်မာနိုင်ငံမှာတဆင့်ပြန်တက်ရတဲ့ နိုင်ငံခြားdiplomaတွေ တဝက်ဆီတနေရာစီခွဲတက်ရတဲ့ဘွဲ့တွေ မယူဘဲ နိုင်ငံခြားမှာပဲတိုက်ရိုက်သွားတက်ကြတာချည်းပဲမို့ ဒီကိစ္စဟာအားလုံးအတွက်အံ့ဩစရာဖြစ်နေသည်။ အထူးသဖြင့် သူ့လိုထိပ်တန်းကျောင်းသားမျိုးအတွက်အဆင်မပြေစရာမရှိ။ သူတို့ကျောင်းကလူတော်တော်များ၂မှာAustralia သွားကြပြီး ပိုပြီးချမ်းသာတဲ့အုပ်စုကUS သွားတက်ကြသည်။ တချို့ကတော့UKဘက်သွားတက်ကြသည်။
အခုတော့အားလုံးshockရကုန်သည့်အဖြစ်။
သူ့ကိုကျောင်းကဆရာမတွေခေါ်ပီးကျောင်းကိစ္စconsultလုပ်ကြရာမှ အခုလိုဆုံးဖြတ်ချက်ချလိုက်ခြင်းကိုရေချယ်ကတဆင့်အားလုံးသိသွားသည်။ အဲ့ကျောင်းမှာသူတို့သားသမီးတွေစတက်ကတည်းကshareဝင်ထားတဲ့ နန္ဒါ့ဒယ်ဒီနဲ့ ပိုင်ပိုင့်ဒယ်ဒီလည်းမကြာခင်သိနေလောက်ပီဖြစ်သည်။ မြန်မာနိုင်ငံမှာနိုင်ငံခြားသားပိုင်ကုမ္မဏီဖြစ်လျှင်အလုပ်ရှုပ်သည့်အလျောက် share ရာခိုင်နှုန်း49 51နှုန်းဖြင့်ပြည်တွင်းကုမ္မဏီအနေဖြင့်လုပ်ကိုင်နေသည့်ကျောင်းဖြစ်သည်။ သူတို့အဖေ၂ယောက်ရဲ့shareပိုင်ဆိုင်မှုမှာကျောင်းရဲ့တဝက်ကျော်သည်။ ထိုမျှသားသမီးကိုသည်း၂လှုပ်သည့်အကျင့်ကို မကြိုက်သော်လည်း ပုံစံကွဲပြားနေသည့်သမီးငယ်ပိုင်ပိုင်ကို စိတ်ရောလူပါလုံခြုံမှုရစေရန် ငွေနဲ့ပေါက်ပြီးဖန်ဆင်းထားသည်ကို ပိုင်ပိုင့်အမေကိုယ်တိုင်ကလက်ခံထားသည်။
အခုလိုအလွန်ချမ်းသာတဲ့သူဌေးတယောက်ရဲ့တဦးတည်းသောသမီးကအခုလိုတက်မည်ဆိုသည့်သတင်းကဟိုးလေးတကြော်ဖြစ်ကုန်သည်။
အခန်းထဲမှာတော့တိုက်ပွဲဆင်နွဲကြကုန်သည်။
နန္ဒါ - နင်ရူးနေပြီလားပိုင်ပိုင် U crazy?? ဟင်
ပိုင် - ငါစာတွေဆက်မလုပ်ချင်တော့လို့ပါဟာ ပြီးတော့ငါစီးပွါးရေးလုပ်ဖို့အတွက်အဲ့ကျောင်းတွေတက်ဖို့မလိုပါဘူး ဒီအတိုင်းလေ့လာလို့ရတာပဲ
နန္ဒါ - နင်ရူးသွားပီလား နင်အရင်တုန်းကပိုင်ပိုင်မှဟုတ်သေးရဲ့လား ငါ့ကိုကျောင်းတူတူတက်ဖို့ပြောထားတဲ့နင့်စကားတွေဘယ်ရောက်သွားလဲ နင်ကလူညာပဲ
ပိုင်မဲ့ပြုံးတချက်ပြုံးလိုက်သည်။
ပိုင် - နင်ငါ့ကိုတကယ်ရောစဉ်းစားလို့လားနန္ဒါ
နန္ဒါ - ငါဘာပဲလုပ်လုပ်နင်လိုက်လုပ်ရမှာ နင်ဘာကိုစဉ်းစားခိုင်းနေတာလဲ
ပိုင် - ကောင်းပီ နင်နဲ့တော်မီငါခရီးသွားနေတုန်းမှာတွေ့ကြတယ်မဟုတ်လား
နန္ဒါ - အေးလေ ၂ယောက်တည်းမှမဟုတ်တာ တွေ့တော့လဲဘာဖြစ်လဲ ငါတို့ကသူငယ်ချင်းတွေလေ
ပိုင် - ကောင်းပြီနန္ဒါ ငါနင့်ကိုသေချာရှင်းပြမယ်
.......
လွန်ခဲ့သော၂ပတ်ခန့် ပိုင်ခရီးသွားနေစဉ်

Unpredictable FortuneWhere stories live. Discover now